မြေတန်ဖိုး မပါဘဲတည်ဆောက်နိုင်တော့မည့် အိမ်ရာများ

မြေတန်ဖိုး မပါဘဲတည်ဆောက်နိုင်တော့မည့် အိမ်ရာများ - Property News in Myanmar from iMyanmarHouse.com
27 Jun 2019 10:40 am တွင် တင်ခဲ့သည်
5380 ကြိမ် ကြည့်ရှု့ပြီး

အိမ်ရာဆောက်ပြီးရင်းနှီးမြှုပ်နှံလိုသူတွေအနေနှင့် မြေတန်ဖိုးရင်းနှီးမြှုပ်နှံမှုမပါဝင်ဘဲ အိမ်ရာတည်ဆောက်နိုင်ဖို့ အခွင့်အရေးရလာတော့မည် ဖြစ်သည်။

ရန်ကုန်တိုင်း  သည် ရွေ့ပြောင်းအလုပ်သမားများနှစ်စဉ် ဝင်ရောက်မှုများပြားလာမှုကြောင့် အိမ်ရာမဲ့နှင့် ကျူးကျော်များ များပြားလာပြီး နှစ်စဉ် နေစရာတစ်သိန်းကျော်လိုအပ်နေမှုကို ဖြေရှင်းရန်အတွက် လက်ရှိအစိုးရ အနေနှင့်အစိုးရတာဝန်စယူကတည်းကစပြီးတန်ဖိုးနည်းအိမ်ရာများဖော်ဆောင်ဖို့ကြိုးစားနေခဲ့သည်။သို့သော်လည်း မြေဈေးကြီးမြင့်လှသော မဟာရန်ကုန်မြို့ကြီးအနေနှင့်ကြံတိုင်းမဖြစ်သည့် အခြေအနေတွင်ရှိနေခဲ့သည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရင်းနှီးမြှုပ်နှံလိုသူများအတွက် အစီအစဉ်ကောင်းတစ်ခုပြင်ဆင်လုပ်ဆောင်နေကြောင်းပြောထားသည်။

ရန်ကုန်တိုင်းအတွင်း တန်ဖိုးနည်းအိမ်ရာများလိုအပ်နေသေးကြောင်း၊ အိမ်ရာဆောက်ဖို့ လာရောက်ရင်းနှီးမြှုပ်နှံသူများကို ဆောက်လုပ်မယ့်နေရာရှိ မြေဧရိယာအတွက် မြေတန်ဖိုးမယူဘဲတည်ဆောက်နိုင်ဖို့ကိုပြင်ဆင်နေပြီဖြစ်ကြောင်း၊တန်ဖိုးနည်းအိမ်ရာ၏တန်ဖိုးထဲတွင် မြေတန်ဖိုးပါထည့်ပေါင်းကြရမည်ဆိုလျှင် အခြေခံပြည်သူများအတွက် တန်ဖိုးနည်းမဖြစ်ဘဲ ပိုတန်ဖိုးကြီးသွားနိုင်ကြောင်း၊၎င်းအတွက်ပြင်ဆင်မှုတွေလုပ်နေကြောင်း၊ ယခုကဏ္ဍအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုပါ ဖိတ်ခေါ်သွားဖို့ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောထားကြောင်းသိရပါသည်။

တန်ဖိုးနည်းအိမ်ရာလျှောက်ထားသူများအနေနှင့်အရစ်ကျပေးချေမှုကို အနှိမ့်ဆုံးလစာ ၃ သိန်းမှ ၅ သိန်းကျပ် လစဉ်ဝင်ငွေရှိရမည်ဖြစ်ကြောင်း၊ကုမ္ပဏီဝန်ထမ်းအတွက် ၂၅ ရာခိုင်နှုန်း၊အစိုးရဝန်ထမ်းအတွက် ၁၅ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း၊တန်ဖိုးနည်းအိမ်ရာလိုအပ်ချက် အတွက်ကို ၁၅ နှစ်မှ အနှစ်၂၀ထိ ရင်းနှီးမြှုပ်နှံနိုင်သည့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံလိုသူများကိုလည်းဖိတ်ခေါ်ထားပြီး၊ရင်းနှီးမြှုပ်နှံမှုရှိပါကလည်း တိုင်းအစိုးရမှ စနစ်တကျ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြေတန်ဖိုးမပါဘဲ တန်ဖိုးနည်းအိမ်ရာများဖော်ဆောင်မှုကို မြန်မြန်နှင့်များများဖော်ဆောင်လာနိုင်မည် ဆိုပါက ရန်ကုန်မြို့ကြီးတွင် ဖြစ်ပေါ်နေသောကျူးကျော်နေထိုင်မှုတိုးပွားခြင်းနှင့်အိမ်ရာမဲ့ များပြားနေမှုကိုဖြေ ရှင်းလာနိုင်မည်ဖြစ်ပြီး လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းလည်းသိရသည်။

မိုးယံလင်းထင်  မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service