ပြောင်းလဲလာသော နည်းပညာကဏ္ဍရပ်နဲ့ မြန်မာနိုင်ငံ

ပြောင်းလဲလာသော နည်းပညာကဏ္ဍရပ်နဲ့ မြန်မာနိုင်ငံ - Property News in Myanmar from iMyanmarHouse.com
26 Jun 2019 11:57 am တွင် တင်ခဲ့သည်
902 ကြိမ် ကြည့်ရှု့ပြီး

စက်မှုတော်လှန်ရေး ၄.၀ ဆိုပြီး ပညာရှင်တွေ အတော် များများပြောဆိုလာကြတဲ့ ယနေ့ခေတ် အချိန်မှာ နည်းပညာ နဲ့ကွဲထွက်ပြီး ဘယ်လိုလူမျိုးမှ မနေနိုင်ကြတော့ပါဘူး။ တစ်ဖက်မှာလည်း နည်းပညာထွန်းကားလာမှု အပေါ်မှာ လူသားအရင်း အမြစ်အကြား စိန်ခေါ်မှုတွေဖြစ်ပေါ်လာတာကိုလည်း စိတ်ဝင်တစားရှိနေကြပါတယ်။ ဂျပန်နိုင်ငံက ရထားဘူတာတွေမှာ စက်ရုပ်လမ်းညွှန်တွေဟာ ယခင်က လူသားတွေလုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်နေရာတွေမှာ ၀င်ရောက် လာပြီဖြစ်ပါတယ်။ ဒါ့အပြင် ဟိုတယ်ဧည့်ကြိုကောင်တာတွေမှာလည်း စက်ရုပ်တွေက အစားထိုးဝင်ရောက်လာပြီ ဖြစ်ပါတယ်။

နည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက် အနောက်နိုင်ငံက နည်းပညာကုမ္ပဏီတွေဟာ တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေအဖြစ် Apple, Amazon, IBM, Microsoft ဆိုတာတွေဟာ ၀င်ရောက်ခဲ့ကြပါတယ်။ အခုလို နည်းပညာကုမ်္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏာကို အတိအကျမထုတ်ပြန်နိုင်ခဲ့ပေမယ့် Pitch- Book က အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၃ ဘီလီယံနီးပါး ၂၀၁၇ ခုနှစ်မှာ သုံးစွဲခဲ့တယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

ယခုနှစ်ပိုင်းတွေမှာတော့ နည်းပညာကုမ္ပဏီတွေဟာ စက်ပစ္စည်းတွေအလိုအလျောက်နားလည်နိုင်မယ့် နည်းပညာ တိုးတက်လာရေးကို ပိုမိုအာရုံစိုက်လာကြတာကို တွေ့ရမှာဖြစ်ပါ တယ်။ လက်ရှိမှာတော့ ညဏ်ရည်တုနည်းပညာက အဆင့်မြင့်လာပြီဖြစ်ပြီး တော်တော်များများကို မှတ်သားထားနိုင်ပြီဖြစ်ပါတယ်။

တရုတ်နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Baidu နဲ့ Ali- baba တို့ဟာ ဈေးကွက်ချဲ့ထွင်မှုတွေပြုလုပ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဆိုပါကုမ္ပဏီနှစ်ခုဟာ

ပြည်တွင်းဈေးကွက်တင်မကဘဲ အနောက်နိုင်ငံတွေအထိ ခြေဆန့်ထားနိုင်ပြီဖြစ်ပါတယ်။ Baidu ကုမ္ပဏီဟာ မောင်းသူမဲ့ကားကဏ္ဍမှာလည်း အင်တိုက်အားတိုက် ရင်းနှီးမြှုပ်နှံနေပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိအွန်လိုင်းသုံးစွဲသူတွေ အကြားမှာ Online Shopping လုပ်သူတွေပါ ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ ဒီလို တစ်နိုင်တစ်ပိုင်လေးတွေ ပေါ်ထွက်လာတယ်ဆိုပေမယ့် တရားဥပဒေအရ ထိန်းချုပ်ပေးထားတာတွေ မရှိသေးတဲ့အတွက် လိမ်လည်မှုတွေက ဖြစ်ပျက်နေဆဲပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ နည်းပညာကဏ္ဍရပ်အတွက် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေတာ အမှန်ဖြစ်သလို တိကျခိုင်မာတဲ့ဥပဒေတွေကလည်း လိုအပ်နေတာပါပဲ။ ပြီးခဲ့တဲ့ ရက် သတ္တပတ်အတွင်းမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံကို One Belt and One Road ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ သွားရောက်ခဲ့ပါတယ်။

အဆိုပါအစည်းအဝေးမတိုင်ခင်မှာ တရုတ်သမ္မတရှီကျင့်ဖျင်က မြန်မာနိုင်ငံကို နည်းပညာအကူအညီပေးရေးကိစ္စရပ်ကို ဆွေးနွေးခဲ့ပါတယ်။ ယနေ့ကမ္ဘာမှာ Huawei လို တရုတ် နိုင်ငံထုတ်စမတ်ဖုန်းကို အသုံးမပြုကြဖို့ အမေရိကန်နိုင်ငံက နိုင်ငံရေးအဖွဲ့အစည်းတွေကြားမှာ တိုက်တွန်းမှုတွေ ပေါ်ထွက် လာတာကို ထောက်ခံခြင်းအားဖြင့် တရုတ်နိုင်ငံရဲ့ နည်းပညာအဆင့်အတန်း မြင့်မားလာမှုကိုထင်ဟပ်စေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် တရုတ်နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံက ခေါင်းဆောင်အပါအ၀င် ပြောရေးဆိုခွင့်ရှိသူတွေဟာ နည်းပညာကဏ္ဍာရပ်လာရောက်ရင်းနှီးမြှုပ်နှံနိုင်ဖို့ကို စကားလမ်း ကြောင်းခင်းနိုင်မယ်ဆိုခဲ့ရင် မြန်မာနိုင်ငံရဲ့ နည်းပညာကဏ္ဍရပ်ဟာလည်း တိုးတက်လာမှာဖြစ်ပါတယ်။

ယနေ့ကမ္ဘာကြီးပြောနေတဲ့ ၄.၀ ဆိုသော အဆင့်ကို မရောက်နိုင်လျှင်တောင် ၂.၀ ဆိုသော်ငြားလည်း ပြည်တွင်းရှိ လူငယ်တွေရဲ့ လမ်းစဖွင့်မှုအပိုင်းမှာသာရှိနေပြီး အစိုးရကအား ပေးမယ့်နယ်ပယ်တစ်ခုဖြစ်မလာသေးပါဘူး။ အစိုးရပင်လျှင် e-governance မဖြစ်နိုင်သေးသည်က သာဓကပင်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အွန်လိုင်းရှော့သုံးစွဲသူဟာ အရေအ တွက်နည်းပါးတဲ့အခြေအနေမှာ ရှိနေသေးပြီး မြို့ကြီးအဆင့်လောက်မှာသာ သုံးစွဲနေကြတာဖြစ်ပါတယ်။ နည်းပညာကဏ္ဍ ရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ အခြေခံအဆောက်အအုံကောင်း တွေကို အစိုးရကဖြည့်ဆည်းပေးပြီး ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နိုင်ခဲ့မယ်ဆိုခဲ့ရင် မြန်မာနိုင်ငံဟာလည်း စင်ကာပူလျှောက် လှမ်းနေတဲ့ Innovation Hub ကို ခြေစတာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံဟာ အာရှတိုက်ရဲ့ နောက်ဆုံးဈေးကွက်ဖြစ်နေသလို ပထ၀ီအနေအထားအရလည်း အားသာချက်ရှိနေတာကြောင့် မြန်မာတွေရဲ့ ခြေလှမ်းတွေ နောက် မကျသင့်ပါဘူး။ ထိုင်းနိုင်ငံဟာ အဖြစ်သင့်ဆုံးနည်းလမ်းတွေ ကို တွေးတောပြီး ရှေ့ကိုခြေလှမ်းနေတာကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးနယ်ပယ်တွေမှာ မြေကွက်လပ်တွေ များ စွာကျန်နေသေးပြီး အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုနဲ့ အကောင်းဆုံးအမြတ်ရရှိအောင် စွမ်းဆောင်ဖို့ကတော့ တာဝန်ရှိသူတွေ ရဲ့ လုပ်ငန်းစဉ်ဖြစ်ပါကြောင်း။

မောင်လေးလှိုင် မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service