ဗီယက်နမ်ဒုတိယသမ္မတက ဒူဘိုင်း ထိပ်တန်း အိမ်ခြံမြေ developer ဖြစ်သော Nakheel ဥက္ကဌနှင့် တွေ့ဆုံကာ ဗီယက်နမ် အိမ်ခြံမြေလောကတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရေးကိစ္စရပ်များ ဆွေးနွေး

ဗီယက်နမ်ဒုတိယသမ္မတက ဒူဘိုင်း ထိပ်တန်း အိမ်ခြံမြေ developer ဖြစ်သော Nakheel ဥက္ကဌနှင့် တွေ့ဆုံကာ ဗီယက်နမ် အိမ်ခြံမြေလောကတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရေးကိစ္စရပ်များ ဆွေးနွေး - Property News in Myanmar from iMyanmarHouse.com
24 Jun 2019 11:47 am တွင် တင်ခဲ့သည်
713 ကြိမ် ကြည့်ရှု့ပြီး

ဒူဘိုင်းသို့ အလည်အပတ်ရောက်ရှိနေသော ဗီယက်နမ်ဒုတိယသမ္မတ မဒမ် ဒါန်းသီငို့သင်သည် ဒူဘိုင်းမှ Nakheel ၏ ဥက္ကဌအား တွေ့ဆုံကာ အိမ်ခြံမြေကဏ္ဍဖွံ့ဖြိုးရေး အတွက် ရေရှည်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဒူဘိုင်း ထိပ်တန်း အိမ်ခြံမြေ developer ဖြစ်သော Nakheel သည် ဗီယက်နမ်တွင် အိမ်ခြံမြေစီမံကိန်းများ အကောင်အထည်ဖော်ရန် အတွက် ထိပ်တန်းခေါင်းဆောင်ပုဂ္ဂိုလ်များနှင့်လည်း ဆွေးနွေးခွင့်ရရှိခဲ့သည်ဟု ဆိုသည်။

ဗီယက်နမ်ဒုတိယသမ္မတခေါင်းဆောင်သော အဖွဲ့သည် ဒူဘိုင်းရှိ Nakheel ၏ ရုံးချုပ်တွင် Nakheel ဥက္ကဌ အလီ ရာရှစ် လူးတာနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကမ္ဘာကျော် Palm Jumeirah ကို လှေဖြင့် လှည့်လည်ကြည့်ရှုခဲ့သေးသည်။

Nakheel ၏ မိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်သော Liimitless သည် ဗီယက်နမ်တွင် အာရပ်ငွေ ၂ ဘီလီယံတန်ကြေးရှိ ဘက်စုံသုံး စီမံကိန်းကြီးဖြစ်သည့် Halong Star ကို အကောင်အထည်ဖော်နေခဲ့ပြီးလည်း ဖြစ်သည်။

Halong Star စီမံကိန်းသည် မြေအကျယ်အဝန်း ၁၂၆ ဟက်တာပေါ်တွင် အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး ကမ္ဘာလှည့် ခရီးသည် များကို ဦးတည်ထားကာ ဗီယက်နမ်မိတ်ဖက်တစ်ဦးနှင့် လက်တွဲအကောင်အထည်ဖော်ခြင်း ဖြစ်သည်။

ဗီယက်နမ်နိုင်ငံ အရှေ့ မြောက်ဘက်ကမ်းရိုးတန်းတွင် တည်ရှိကာ ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်း ယဉ်ကျေးမှုနေရာကို စီးမိုးတွေ့မြင်နေရသည့် Halong Star စီမံကိန်းတွင် လူနေ၊ လက်လီနှင့် အပန်းဖြေနေရာများ ပါဝင်သည်။

လက်ရှိတွင် မြေပြင်ဆင်ခြင်းနှင့် အခြေခံအဆောက်အအုံလုပ်ငန်းများ အကောင်အထည်ဖော်လျက်ရှိနေသည်။

Halong Bay ဒေသသည် လာမည့် ၂၀၂၀ ပြည့်နှစ်တွင် လာရောက်လည်ပတ်သူပေါင်း ၁၅ သန်းရှိမည်ဟု ခန့်မှန်းထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

The Ellen Show ပဲ့ကိုင်ရှင် Ellen Degeneres တစ်ချိန်က ချစ်သူကောင်မလေးနှင့်အတူပိုင်ဆိုင်ခဲ့သော ဒေါ်လာ (၄၅) သန်းတန်ကြေးရှိ Santa Barbara Villa...

အမေရိကန်ပြည်တွင် အဘိုးအိုတစ်ဦးက သူ၏နေအိမ်ကို နှစ်ရှည်ပြန်ငှားပေးမည်ဟု ကတိပြုသည့် ကုမ္ပဏီ တစ်ခုထံ ရောင်းချလိုက်ပြီးနောက် ထိုကုမ္ပဏီက အိမ်လခ ဆက်တိုက်တိုးမြှင့်‌တောင်းခံကာ အိမ်လခ မပေးနိုင်ချိန်တွင် နှင်ထုတ်လိုက်သောကြောင့် အဘိုးအိုမှာ အ...

အမေရိကန်ပြည် လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့တဲများ တိုက်ဖျက်ရေးဥပဒေအရ ဒေါ်လာ ၃ သန်း သုံးစွဲ အကောင်အထည်ဖော်ခဲ့သည်မှာ ၃ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း အိမ်ရာမဲ့ ၂ ဦးတည်းသာ အမြဲနေထိုင်မည့် နေရာ ရရှိသေး...

အိမ်ခြံမြေဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအပေါ် အရေးပါသည့် သက်ရောက်မှု ရှိလာနိုင်ကြောင်း လေ့လာချက်တစ်ရပ်တွင် တွေ့ရှိ...

ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ကျဆင်းသွား...

ပိုးဟပ်တို့၏ နိဗ္ဗာန်ဘုံ (သို့မဟုတ်) အမေရိကန်မှာ ဘယ်မြို့က အညစ်ပတ်ဆုံးလဲ

နာမည်ကြီးမော်ဒယ် ကေတီပရိုက်စ် အခွန် ပေါင် ၇၆၀,၀၀၀ ကျော် မပေးဆောင်နိုင်ကာ ဒုတိယအကြိမ် ဒေဝါလီ ခံခဲ့ရ၊ ပေါင် ၂ သန်းတန်အိမ်မှ ဆင်းပေးရန် တရားရုံးအမိန့် ထုတ်ခံရပြီးနောက် ဆပ်ဆက်ခရိုင်ရှိ အိပ်ခန်း ၄ ခန်းပါအိမ်သို့ ပြောင်းရွှေ့...

အမေရိကန်ပြည်၊ မိုင်အမ်မီတွင် ပြစ်မှုဖြင့် ထောင်ဒဏ်ကျခံရဖူးသည့်နောက်ကြောင်းကို ဖုံးကွယ်ထားကာ Penthouse ခန်း ငှားရမ်းနေထိုင်သောအမျိုးသား အရေးယူခံရ...

အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် အိမ်ခြံမြေအခွန်များ အလွန်မြင့်တက်မှုကြောင့် အသက် ၆၈ နှစ် အရွယ်အထိ အိမ်ခွန်ဆောင်ရန် သက်သက်အတွက် အလုပ်လုပ်နေရသော အမျိုးသားကြီး...

မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofino တစ်ခုလုံးကို ငှားရမ်းလိုက်ပြီး ပလာဇာကြီးတစ်ခုလုံးကို ပိတ်လိုက်ကာ အခမ်းအနားကျင်းပ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ

နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်မှ ကောလိပ်တစ်ခု၏ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၀၀ ကျော်အား ဘီလျံနာသူဌေးက

၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ

နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ

အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ

ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff

ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?

ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ

ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

shwe-wutthmone
myat-ingyin

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service