မြန်မာနိုင်ငံတွင် လူသိများသည့် ကမ္ဘာကျော်တေးဂီတအဖွဲ့ကြီး Simon & Garfunkel ကို တည်ထောင်သူ ပေါလ်ဆိုင်မွန်၏ ကျေးလက် စံအိမ်ကြီးကို လွန်ခဲ့သော ၁၇ နှစ်က ဝယ်ခဲ့သည့်ဈေးအောက် ဈေးလျှော့ရောင်းချ

မြန်မာနိုင်ငံတွင် လူသိများသည့် ကမ္ဘာကျော်တေးဂီတအဖွဲ့ကြီး Simon & Garfunkel ကို တည်ထောင်သူ ပေါလ်ဆိုင်မွန်၏ ကျေးလက် စံအိမ်ကြီးကို လွန်ခဲ့သော ၁၇ နှစ်က ဝယ်ခဲ့သည့်ဈေးအောက် ဈေးလျှော့ရောင်းချ - Property News in Myanmar from iMyanmarHouse.com
10 Jun 2019 12:52 pm တွင် တင်ခဲ့သည်
915 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံတွင် Simon & Garfunkel ကျေးလက်တေးဂီတအဖွဲ့ကြီးကို လူသိများသည်။

ယခုအခါ Simon & Garfunkel ကို တည်ထောင်သူ ပေါလ် ဆိုင်မွန်က အမေရိကန်ပြည်ထောင်စု၊ ကွန်နက်တီကပ်ပြည်နယ်ရှိ ကျေးလက်စံအိမ်ကြီးကို လွန်ခဲ့သော ၁၇ နှစ်က ဝယ်ခဲ့သည့်ဈေးအောက် ဈေးလျှော့ကာ အရောင်းဈေးကွက်တင်လာသည်။

နေအိမ်တည်နေရာမှာ ကွန်နက်တီကပ်ပြည်နယ်၊ နယူးကာနန် (New Canaan, Conn.,) မြို့ ကလေးတွင် တည်ရှိပြီး ကိုယ်ပိုင် အသံဖမ်း စတူဒီယိုတစ်ခု ပါဝင်သည်။

ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၃ ဒသမ ၉ သန်းဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင် ဝယ်ယူခဲ့စဉ်က ပေးခဲ့ရသည့်ဈေးအောက် ၁၆ ရာခိုင်နှုန်း နည်းပါးသည့် ဈေးနှုန်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါဒေသတွင်း၏ အိမ်ခြံမြေဈေးကွက် အားပျော့နေပုံကို ယခုဈေးနှုန်းက ပြသနေကြောင်း အရောင်းဈေးကွက်တင်ပေးသည့် Sotheby’s International Realty မှ အကျိုးဆောင် လက်စ်လီ ရာဇုခ်က ပြောကြားသည်။

နေအိမ်တည်ရှိရာ ခြံဝန်းမှာ ၃၂ ဧကခန့်ကျယ်ဝန်းပြီး ခြံဝန်းကြီးအတွင်း စမ်းချောင်းတစ်ခု၊ မြက်ခင်းပြင်များ၊ သစ်တောမြေများ၊ ရေကန်တစ်ကန်နှင့် ရေတံခွန်များ ပါဝင်သည်။

ထို့အပြင် စည်းခတ်ထားသော ပန်းဥယျာဉ်များနှင့် အိမ်နောက်ဘက် ကွက်လပ်တစ်ခုလည်း ပါဝင်သေးသည်။

“မန်ဟက်တန်ကနေ ဒီကို ကျွန်တော်တို့ ပြောင်းလာချိန် ပထမဆုံး တွေးလိုက်မိတာက….အိုး..ငါတို့တော့ ကိုယ်ပိုင်ပန်းဥယျာဉ်ကြီး ရှိပြီ..ဆိုတဲ့ အတွေးပေါ်ခဲ့ပါတယ်။ ခြံဝန်းကို ခွေးတွေနဲ့အတူ တစ်ပတ်ပတ်ကြည့်တာ နာရီဝက်လောက် ပတ်ယူရတယ်”ဟု မစ္စတာ ဆိုင်မွန်က ပြောကြားသည်။

ယခုစံအိမ်ကြီးရှိ အသံဖမ်းစတူဒီယိုတွင် ဆိုင်မွန်က သူ၏ နောက်ဆုံးအယ်လ်ဘမ်ဖြစ်သော "peaceful space"ကို အသံဖမ်းယူခဲ့သည်။

နောက်ဘက်ကွက်လပ်ရှိ ဘေ့စ်ဘောကွင်းတွင် မိသားစုနှင့်အတူ ဖြတ်သန်းခဲ့သည့် ကာလများကို လွမ်းဆွတ်နေမည်ဖြစ်ကြောင်းလည်း မစ္စတာဆိုင်မွန်က ပြောကြားသည်။

မစ္စတာ ဆိုင်မွန်နှင့် ဇနီးဖြစ်သူ တေးရေး-တေးဆို အက်ဒီ ဘရစ်ကဲလ်တို့သည် ရင်သွေး ၃ ဦးကို ယခုခြံဝန်းကြီးထဲတွင် ကြီးပြင်းစေခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကလေးများမှာ အရွယ်ရောက်ကြပြီဖြစ်ပြီး မိဘအုပ်ထိန်းမှုအောက်မှ ထွက်ခွာသွားကြပြီ ဖြစ်သည်။

ပင်မနေအိမ်မှာ အကျယ်အဝန်း စတုရန်းပေ ၈၅၀၀ ခန့်ရှိပြီး ကိုလိုနီဗိသုကာဟန် အုတ်ထမ်းစံအိမ်ကြီးဖြစ်ပြီး ၁၉၃၀ ပြည့်လွန်ကာလ များက ဆောက်လုပ်ခဲ့သည့် လက်ရာဖြစ်ကြောင်း မစ္စတာ ရာဇုခ်က ပြောကြားသည်။

စာကြည့်ခန်း နေရာများစွာ ပါဝင်ပြီး အိပ်ခန်းမှာ ၆ ခန်းအထိ ပါဝင်သည်။

အသံဖမ်းစတူဒီယိုခန်းမှာမူ သီးခြားနေအိမ်တစ်လုံးတွင် တည်ရှိပြီး အဆိုပါနေအိမ်တွင် အိပ်ခန်း ၂ ခန်းလည်း ပါဝင်သေးသည်။

ထို့အပြင် ခြံဝန်းအတွင်း ကား ၃ စင်းဆန့် ကားဂိုဒေါင်တစ်ခုလည်း ပါဝင်ကြောင်း ဈေးကွက်တင်သည့် အကျိုးဆောင်တို့က ပြောကြားသည်။

ယခုအခါ အသက် ၇၇ နှစ်ရှိပြီဖြစ်သော ဆိုင်မွန်သည် Simon & Garfunkel ကို တည်ထောင်ပြီးနောက် Bridge Over Troubled Water ကဲ့သို့ သီချင်းမျိုးဖြင့် အောင်မြင်မှု ရရှိလာခဲ့သည်။

Bridge Over Troubled Water သည် ဂီတ၏ အကယ်ဒမီဆုဖြစ်သော ဂရမ်မီဆုရရှိခဲ့ပြီး ၁၉၇၁ ခုနှစ်အတွက် Song of the Year ဆု ရရှိခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service