အာရှ-ပစိဖိတ်ဒေသကြီးတွင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ ၄၅ ဘီလီယံအထိ ရှိခဲ့ရာ သမိုင်းတစ်လျှောက် အမြင့်မားဆုံးပမာဏဖြစ်

အာရှ-ပစိဖိတ်ဒေသကြီးတွင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ ၄၅ ဘီလီယံအထိ ရှိခဲ့ရာ သမိုင်းတစ်လျှောက် အမြင့်မားဆုံးပမာဏဖြစ် - Property News in Myanmar from iMyanmarHouse.com
4 Jun 2019 10:50 am တွင် တင်ခဲ့သည်
697 ကြိမ် ကြည့်ရှု့ပြီး

အာရှ-ပစိဖိတ်ဒေသကြီးတွင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလမှ မတ်လအကြား ပထမ ၃ လပတ် ကာလအတွင်း ကန်ဒေါ်လာ ၄၅ ဘီလီယံအထိ ရှိခဲ့ရာ သမိုင်းတစ်လျှောက် အမြင့်မားဆုံးပမာဏ ဖြစ်ကြောင်း အိမ်ခြံမြေအတိုင်ပင်ခံ ကုမ္ပဏီကြီး JLL ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါပမာဏမှာ ပြီးခဲ့သော ၂၀၁၈ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၁၄ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

အာရှ-ပစိဖိတ်ဒေသကြီး ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာခြင်းမှာ အဓိကအားဖြင့် တရုတ်ပြည်တွင်း အရောင်းအဝယ်ပမာဏ မြင့်တက်လာခြင်းကြောင့်ဖြစ်ပြီး တရုတ်ဈေးကွက် အရောင်းအဝယ်ဖြစ်မှု ပမာဏသည် အာရှ-ပစိဖိတ်ဒေသတစ်ခုလုံး၏ ၄၀ ရာခိုင်နှုန်း ရှိနေသည်။

အာရှ-ပစိဖိတ်၏ အဆိုပါအခြေအနေမှာ လက်ရှိကမ္ဘာ့အခြေအနေများနှင့် ချိန်ထိုးသုံးသပ်လျှင် အံ့အားသင့်ဖွယ် ဖြစ်နေသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာကြည့်မည်ဆိုလျှင် ၂၀၁၉ ခုနှစ်၊ ပထမ ၃ လပတ်အတွင်း အိမ်ခြံမြေကဏ္ဍရင်းနှီးမြှုပ်နှံမှု ပမာဏ ၈ ရာခိုင်နှုန်း ကျဆင်းသွားပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၅၆ ဘီလီယံဖိုးသာ ရှိခဲ့သည်။

JLL ၏ ခန့်မှန်းချက်အရ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှာ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားဖွယ်ရှိပြီး အကြမ်းဖျင်းအားဖြင့် ကန်ဒေါ်လာ ၆၉၀ ဘီလီယံဖိုးခန့်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

အာရှ-ပစိဖိတ်၏ ကျဆင်းမှုသည် အမေရိကန်နှင့် EMEA region ဒေသကြီးတို့အပေါ်တွင်လည်း သက်ရောက်မှုများ ရှိလာနိုင်ပြီး အထူးသဖြင့် လက်လီနှင့် ရုံးခန်းကဏ္ဍများတွင် ဖြစ်သည်ဟု ဆိုသည်။

တရုတ်ပြည်အခြေအနေကို ကြည့်လျှင်မူ ယခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း စုစုပေါင်း အိမ်ခြံမြေအရောင်းအဝယ်ဖြစ်မှု ပမာဏ ကန်ဒေါ်လာ ၁၇ ဘီလီယံဖိုးရှိပြီး ၂၀၁၈ ခုနှစ် ပထမ ၃ လပတ်နှင့် နှိုင်းယှဉ်လျှင် ၂ ဆ မြင့်တက်လာသည်ကို တွေ့နေရသည်။

တရုတ်ပြည်တွင် ပြီးခဲ့သော ၂၀၁၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံတန်ကြေးရှိသည့် ကြီးမားသော အရောင်းအဝယ်ကြီး များ ပေါ်ပေါက်ခဲ့သည့်နည်းတူ အွန်လိုင်းလက်လီအရောင်းဝက်ဘ်ဆိုက် JD.com နှင့် စင်္ကာပူ အစိုးရ၏ GIC တို့အကြား အငှားချထားမှု စာချုပ်ချုပ်ဆိုခြင်းများလည်း ပေါ်ပေါက်ခဲ့သည်။

ထို့အပြင် Dinghao ပလာဇာကို ဥရောပ ကုမ္ပဏီကြီး Partners Group က ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖြင့် ဝယ်ယူမှုလည်း ဖြစ်ပေါ်ခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service