ပြည်တွင်းနိုင်ငံသားများ အမည်ခံစေကာ နိုင်ငံခြားသား မြေယာဝယ်ယူမှုများကို ဗီယက်နမ်အစိုးရ အရေးယူမည်ဖြစ်ကြောင်း လက်ထောက်ဝန်ကြီးချုပ်ပြောကြား

ပြည်တွင်းနိုင်ငံသားများ အမည်ခံစေကာ နိုင်ငံခြားသား မြေယာဝယ်ယူမှုများကို ဗီယက်နမ်အစိုးရ အရေးယူမည်ဖြစ်ကြောင်း လက်ထောက်ဝန်ကြီးချုပ်ပြောကြား - Property News in Myanmar from iMyanmarHouse.com
4 Jun 2019 10:11 am တွင် တင်ခဲ့သည်
966 ကြိမ် ကြည့်ရှု့ပြီး

ဗီယက်နမ်နိုင်ငံတွင် ပြည်တွင်းနိုင်ငံသားများကို အမည်ခံစေကာ နိုင်ငံခြားသားများက မြေယာဝယ်ယူမှုများ ပြုလုပ်နေခြင်းကို အရေးယူသွားတော့မည်ဖြစ်ကြောင်း ဗီယက်နမ်လက်ထောက်ဝန်ကြီးချုပ် ထရင်းဒင်ဒေါင် (ဗီယက်နမ် အသံထွက်- ချင့်ဒင်ဇုန်) က ပြောကြားလိုက်သည်။

ဗီယက်နမ်နိုင်ငံသားများက ၎င်းတို့၏ အမည်ဖြင့် နိုင်ငံခြားသားများအတွက် အိမ်ခြံမြေများ ဝယ်ယူပေးနေခြင်းအပေါ် ရတက်မအေးဖြစ် ရလျက်ရှိကြောင်း အမျိုးသားလွှတ်တော်တွင် ဆွေးနွေးခဲ့ကြပြီးနောက် လက်ထောက်ဝန်ကြီးချုပ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဗီယက်နမ်တွင် နိုင်ငံခြားသားများသည် လူနေခန်းများ ဝယ်ယူခွင့်ရှိသော်လည်း မြေယာများ၊ လုံးချင်းအိမ်များ ဝယ်ယူခွင့်တားမြစ်ထားသည်။

ဟိုချီမင်းမြို့ တော် အိမ်ခြံမြေအသင်းဥက္ကဌ လီဟောင်ချူးက ပြောကြားရာတွင် ဟိုချီမင်းမြို့ တော် အိမ်ခြံမြေဈေးကွက်တွင် တရုတ်ဝယ်လက်တို့၏ ဝယ်လိုအားမြင့်တက်လျက်ရှိနေကြောင်း ပြောကြားသည်။

လီဟောင်ချုးက ဆက်လက်ပြောကြားရာတွင် ဗီယက်နမ်နိုင်ငံသားများကို ကိုယ်စားဝယ်ယူခိုင်းခြင်းမှာ အကြီးမားဆုံးပြဿနာဖြစ်နေပြီး တန်ဖိုးအလွန်ကြီးမားသည့် အိမ်ခြံမြေများပင် ပါဝင်နေကြောင်း ပြောကြားသည်။

အဆိုပါ လမ်းကြောင်းမျိုးကို ရပ်တန့်သွားစေရန် လွှတ်တော်အမတ်တို့က တောင်းဆိုကြသည်။

“နိုင်ငံခြားသားတွေအတွက် အမည်ခံပြီး ဝယ်ယူပေးနေတဲ့ ဗီယက်နမ်နိုင်ငံသားတွေကို ပိတ်ပင်သင့်ပါတယ်”ဟု လွှတ်တော်က အစိုးရသို့ တောင်းဆိုချက်တွင် ဖော်ပြသည်။

ဗီယက်နမ်အစိုးရသည် ၂၀၁၅ ခုနှစ်အတွင်း အိမ်ခြံမြေဥပဒေကို ပြင်ဆင်ကာ ဗီယက်နမ်တွင် နိုင်ငံခြားသားများ အိမ်ခြံမြေ ဝယ်ယူခွင့် ပိုမိုပေးအပ်ခဲ့သည်။

သို့ရာတွင် ကြိုးနီစနစ်များရှိနေသေးခြင်းကြောင့် ၎င်းတို့အပေါ်ဖြေလျှော့ပေးလာသည့် အခွင့်အရေးများ ရယူရာတွင် အခက်အခဲများစွာ ရှိနေဆဲပင် ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service