နိုင်ငံခြောက်ခုမှ ခရီးသွားများ ဆိုက်ရောက်ဗီဇာဖြင့် ရက် (၃၀) နေခွင့်ပြုမည်

နိုင်ငံခြောက်ခုမှ ခရီးသွားများ ဆိုက်ရောက်ဗီဇာဖြင့် ရက် (၃၀) နေခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
3 Jun 2019 10:19 am တွင် တင်ခဲ့သည်
1452 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံ အတွင်း နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုတိုးတက်ရန် အီတလီ၊ စပိန်၊ ဩစတြေးလျ၊ ဆွစ်ဇာလန်၊ ဂျာမနီနှင့် ရုရှားနိုင်ငံတို့မှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ဆိုက်ရောက်ဗီဇာ ခွင့်ပြုမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါနိုင်ငံများ၏ သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများကို ယခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်ကာ ဆိုက်ရောက်ဗီဇာ ခွင့်ပြုမှာဖြစ်ပြီး စမ်းသပ်ကာလ တစ်နှစ် သတ်မှတ်ဆောင်ရွက်မည်ဖြစ်သည်။

ယင်းနိုင်ငံခြားသားများအနေနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှ ဝင်ရောက်နိုင်မည်ဖြစ်ပြီး ဆိုက်ရောက်ဗီဇာကြေးကို အမေရိကန်ဒေါ်လာ ၅၀ သတ်မှတ်ထားသည်။

အဆိုပါ ဗီဇာရရှိသူများသည် မြန်မာနိုင်ငံ၏ ကန့်သတ်နယ်မြေများမှအပ ကျန်နယ်မြေများကို လွတ်လပ်စွာ သွားလာခွင့်ပြုမည်ဖြစ်ပြီး လုံခြုံရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ခွင့်ပြုသည့်ခရီးသွားများကိုသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဆိုက်ရောက်ဗီဇာကို ကမ္ဘာလှည့် ဗီဇာ (တိုးရစ်ဗီဇာ) တစ်မျိုးတည်းဖြင့် အလည်အပတ် ဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ ဂျပန်နိုင်ငံ၊ တောင်ကိုးရီယားနိုင်ငံ၊ မကာအိုနှင့် ဟောင်ကောင်တို့မှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများကို ဆိုက်ရောက်ဗီဇာခွင့်ပြုလျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service