ဒူဘိုင်းတွင် လက်ကျန် အိမ်ခြံမြေများ ရောင်းထွက်ရန်အတွက် developer တို့က မက်လုံးများ၊ ဆန်းသစ်တီထွင်ထားသည့် ငွေပေးချေမှု ပုံစံများ၊ လက်ဆောင်များပေးကာ ဆွဲဆောင်လာရ

ဒူဘိုင်းတွင် လက်ကျန် အိမ်ခြံမြေများ ရောင်းထွက်ရန်အတွက် developer တို့က မက်လုံးများ၊ ဆန်းသစ်တီထွင်ထားသည့် ငွေပေးချေမှု ပုံစံများ၊ လက်ဆောင်များပေးကာ ဆွဲဆောင်လာရ - Property News in Myanmar from iMyanmarHouse.com
29 May 2019 12:20 pm တွင် တင်ခဲ့သည်
889 ကြိမ် ကြည့်ရှု့ပြီး

ယခုနှစ်အတွင်း ဒူဘိုင်းအိမ်ခြံမြေဈေးကွက်သို့ နေအိမ်၊ နေအိမ်ခန်းသစ်ပေါင်း ၅၀၀၀၀ ကျော် ထပ်မံဝင်ရောက်လာမည့် အခြေအနေ ရှိနေရာ developer တို့က ရောင်းမထွက်ဘဲရှိနေသော လက်ကျန်လူနေအိမ်များကို အလျင်အမြန်ရောင်းထွက်ရန်အတွက် အကျိုးအမြတ်များသည့် မက်လုံးများ၊ ဆန်းသစ်တီထွင်ထားသည့် ငွေပေးချေမှု ပုံစံများ၊ လက်ဆောင်များပေးကာ ရင်းနှီးမြှုပ်နှံသူများနှင့် နေထိုင်မည့်သူများကို ဆွဲဆောင်လာနေသည်။

ငွေပေးချေမှုကာလကိုလည်း ၃ နှစ်သာ ပေးခဲ့ရာမှ ယခုအခါ ၁၅ နှစ်မှ နှစ်ပေါင်း ၂၀ အထိ ခွင့်ပြုလာခြင်း၊ ငှား-ဝယ်စနစ် အစီအစဉ်များ၊ အငှားချထားခြင်းမှ ပြန်လည်ငွေရှာခြင်းကို ခွင့်ပြုထားခြင်းတို့ဖြင့် အခြားသော ရင်းနှီးမြှုပ်နှံမှု ဈေးကွက်များကို ယှဉ်ပြိုင်နိုင်ရန် developer တို့က ကြိုးပမ်းလာကြသည်။

ကျွမ်းကျင်ပညာရှင်များနှင့် သုတေသီတို့၏ ပြောကြားချက်အရ ယခုအခြေအနေမှာ developer များနှင့် ဝယ်လက် နှစ်ဘက်လုံးအတွက် win-win အနေအထားဖြစ်ကြောင်း၊ ဒူဘိုင်းအိမ်ခြံမြေဈေးကွက်သည် ၂၀၁၄ ခု နှစ်လယ်ပိုင်းတွင် အထွတ်အထိပ်ရောက်ပြီးနောက် ၂၇ ရာခိုင်နှုန်းအထိ ဈေးနှုန်းကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ရာမှ ယခုအခါ တည်ငြိမ်သည့် အခြေအနေသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။

Property Finder မှ သုတေသနနှင့် အချက်အလက်ဆိုင်ရာ ဒါရိုက်တာ လင်းနက်ထ် အဘက်ဒ်က ပြောကြားရာတွင် အိမ်ခြံမြေ developer တို့သည် မကြာသေးမီနှစ်များအတွင်း ၎င်းတို့၏ အိမ်ခြံမြေများကို ရောင်းထုတ်ရာတွင် တီထွင်ဆန်းသစ်သည့် နည်းလမ်း များစွာ ဖော်ထုတ်အသုံးပြုလာပြီး ဆောက်လုပ်ဆဲနှင့် ဆောက်လုပ်ပြီးကဏ္ဍနှစ်ရပ်လုံးတွင် အသုံးပြုလာကြောင်း ပြောကြားသည်။

အဆိုပါနည်းလမ်းများအနက် ငွေပေးချေမှု အစီအစဉ်များနှင့် ငှား-ဝယ်စနစ်တို့မှာ လူကြိုက်အများဆုံးဖြစ်ပြီး Emaar နှင့် DMCC ကုမ္ပဏီ တို့ အသုံးပြုလေ့ရှိကြောင်း သူမက ဆက်လက်ပြောကြားသည်။

“developer တွေဟာ တခြားရင်းနှီးမြှုပ်နှံမှု ဈေးကွက်တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဆွဲဆောင်နိုင်ဖို့အတွက် ဈေးကွက်တင်ပုံ နည်းလမ်းသစ်တွေ ဂရုတစိုက် ဆန်းသစ်ဖန်တီးလာကြပါတယ်”Developer တို့သည် ကြိုပွိုင့်နှင့် ဆောက်လုပ်ပြီး အိမ်ခြံမြေ ၂ မျိုးလုံးတွင် ဝယ်လိုအားလှုံ့ဆော်ပေးနိုင်ရန်အတွက် တီထွင်ဆန်းသစ် သည့် ငွေပေးချေမှုပုံစံများ ဖော်ဆောင်ကာ ဘဏ်များ၏ အခန်းကဏ္ဍကို ဆောင်ရွက်နေခြင်းဖြစ်သည်။

ယင်းသို့ဆောင်ရွက်ပေးရခြင်း၏ အကြောင်းရင်းမှာ အာရပ်စော်ဘွားများပြည်ထောင်စု၏ လက်ရှိ ဘဏ်စည်းမျဉ်းများအရ ဝယ်လက် အများစုအနေဖြင့် ချေးငွေရနိုင်ရန် ခက်ခဲသောကြောင့် ဖြစ်သည်။

“အိမ်ခြံမြေဈေးကွက် ရင့်ကျက်ခိုင်မာလာတာနဲ့အမျှ developer တွေအနေနဲ့ ဝယ်လက်တွေဆွဲဆောင်နိုင်ဖို့ တီထွင်ဆန်းသစ်တဲ့ အစီအစဉ်တွေ လုပ်ပေးနိုင်ဖို့ လိုလာပါတယ်။ ဝယ်- ငှား စနစ်နဲ့ နှစ်ရှည်အရစ်ကျပေးချေမှုစနစ်တွေဟာ နေအိမ်ဝယ်လက်တွေ ဆွဲဆောင် နိုင်ဖို့အတွက် အရေးပါပါတယ်”ဟု Danube Group ဥက္ကဌဖြစ်သူ ရစ်ဇ်ဝမ် ဆာဂျန်က ပြောကြားသည်။

အာရပ်စော်ဘွားများပြည်ထောင်စုတွင် ပြည်ပမှ လာရောက်အခြေချနေထိုင်သူ ၈၀ ရာခိုင်နှုန်းကျော်မှာ အိမ်ငှားအဖြစ်သာ နေထိုင်လျက် ရှိနေကြပြီး ၎င်းတို့အနက် အများစုမှာ နေအိမ်ပိုင်ဆိုင်လိုသည့် ဆန္ဒရှိကြကြောင်းလည်း ဆာဂျန်က ဆက်လက် ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service