တရုတ်ထိပ်တန်းကုမ္ပဏီကြီး Anbang ပိုင် ဟိုတယ် ၁၅ လုံးကို ကန်ဒေါ်လာ ၆ ဘီလီယံနီးပါးဖြင့် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးများ ယှဉ်ပြိုင်လေလံဆွဲလျက်ရှိ

တရုတ်ထိပ်တန်းကုမ္ပဏီကြီး Anbang ပိုင် ဟိုတယ် ၁၅ လုံးကို ကန်ဒေါ်လာ ၆ ဘီလီယံနီးပါးဖြင့် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးများ ယှဉ်ပြိုင်လေလံဆွဲလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
24 May 2019 11:20 am တွင် တင်ခဲ့သည်
1226 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ထိပ်တန်းကုမ္ပဏီကြီး Anbang ပိုင် ဟိုတယ် ၁၅ လုံးကို ကန်ဒေါ်လာ ၆ ဘီလီယံနီးပါးဖြင့် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးများ ယှဉ်ပြိုင်လေလံဆွဲလျက်ရှိပြီး စင်္ကာပူအစိုးရပိုင် GIC နှင့် အမေရိကန်ကုမ္ပဏီကြီး Blackstone Group တို့လည်း ပါဝင်ကြောင်း စထရိတ်တိုင်းမ်သတင်းတစ်ရပ်တွင် ဖော်ပြသည်။

Anbang သည် လက်ရှိအားဖြင့် တရုတ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေပြီး အဆိုပါ ဟိုတယ် ၁၅ လုံးအတွက် ကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံခန့်အထိ ကမ်းလှမ်းမှုများ ရရှိထားသည်ဟု ဆိုသည်။

လေလံနောက်ဆုံးအဆင့်သို့ ရောက်ရှိရန် အလားအလာရှိသည့် အခြားဝယ်လက်များမှာ ကနေဒါမှ Brookfield Asset Management ၊ တောင်ကိုရီးယားမှ Mirae Asset Management နှင့် ဂျပန်ရှိ SoftBank Group ပိုင် ကုမ္ပဏီတစ်ခုဖြစ်သော Fortress Investment Group တို့ ပါဝင်နေသည်။

Anbang သည် အဆိုပါဟိုတယ်များကို ရောင်းချရန် အမေရိကန်ပြည်တွင် ဒုတိယအကြီးမားဆုံးဘဏ်ကြီးဖြစ်သော Bank of America ကို ငှားရမ်းထားသည်ဟု ဆိုသည်။

ရောင်းချမည့်ဟိုတယ်များတွင် ဆန်ဖရန်စစ္စကိုမှ ဝက်စ်တင် စိန့်ဖရန့်စစ်ဟိုတယ် ၊ ဆန်တာမိုနီကာမှ Loews Santa Monica Beach ဟိုတယ်၊ ချီကာဂိုမှ Fairmont ဟိုတယ်၊ နယူးယောက်မှ JW Marriott Essex House တို့ ပါဝင်သည်ဟု ဆိုသည်။

Anbang သည် Blackstone ထံမှ Strategic Hotels အုပ်စုကို ၂၀၁၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံဖြင့် ဝယ်ယူရန် သဘောတူခဲ့သည်။

အမေရိကန်အစိုးရက ရေတပ်အခြေစိုက်စခန်းနှင့် နီးကပ်စွာတည်ရှိသော Hotel del Coronado (ဆန်ဒီဂိုမြို့) အရောင်းအဝယ်အား ခွင့်မပြုသောကြောင့် ကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံဖိုးသာ နောက်ဆုံးတွင် အရောင်းအဝယ်ဖြစ်ခဲ့သည်။

Anbang ၏ ဥက္ကဌဟောင်းမှာ လိမ်လည်မှုဖြင့် ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

ယခုအခါ Anbang သည် ၎င်း၏ ပိုင်ဆိုင်မှုများကို အရှိန်ဟုန်မြှင့် ရောင်းထုတ်လျက်ရှိရာ တရုတ်ပြည်မှ Hexie Health Insurance နှင့် ဘယ်လ်ဂျီယံရှိ Fidea တို့လည်း ပါဝင်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...

အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...

သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း

လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း

“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...

ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ

ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်

ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ

မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...

စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service