ကမ္ဘာတစ်ဝန်းတွင် ဘီလျံနာများက ၎င်းတို့၏ဥစ္စာဓနများကို အိမ်ခြံမြေတွင် မြှုပ်နှံကြဆဲ

ကမ္ဘာတစ်ဝန်းတွင် ဘီလျံနာများက ၎င်းတို့၏ဥစ္စာဓနများကို အိမ်ခြံမြေတွင် မြှုပ်နှံကြဆဲ - Property News in Myanmar from iMyanmarHouse.com
20 May 2019 9:33 am တွင် တင်ခဲ့သည်
631 ကြိမ် ကြည့်ရှု့ပြီး

၂၀၁၈ ခုနှစ်၌ အိမ်ခြံမြေနှင့် ဇိမ်ခံအသုံးအဆောင်ပစ္စည်းများတွင်ထားရှိထားကြသည့် ဘီလျံနာများ၏ ပိုင်ဆိုင်မှုအချိုးသည် ၂၀၁၇ ခုနှစ်နှင့်တူလုနီးပါးဖြစ်ဆဲဖြစ်ကြောင်း Wealth-X အတိုင်ပင်ခံလုပ်ငန်း၏ ဘီလျံနာစာရင်းသစ်အရ သိရသည်။

ဘီလျံနာများသည် ယမန်နှစ်အတွင်း အိမ်ခြံမြေနှင့် ဇိမ်ခံအသုံးအဆောင်ပစ္စည်းများတွင် သူတို့ပိုင်ဆိုင်မှုများ၏ ၂ ဒသမ ၂ ရာခိုင်နှုန်း ထားရှိခဲ့ကြသည်။ ယင်းသည် ၂၀၁၇ ခုနှစ်အချိုး ၂ ဒသမ ၃ ရာခိုင်နှုန်းအောက် အနည်းငယ်ကျဆင်းခဲ့ခြင်းဖြစ်သည်။ ဇိမ်ခံအသုံးအဆောင်ပစ္စည်းများဆိုသည်မှာ ရွက်လှေ၊ လေယာဉ်၊ မော်တော်ယာဉ်၊လက်ဝတ်ရတနာနှင့် ပန်းချီကားကဲ့သို့သေ ပိုင်ဆိုင်မှုများကို ဆိုလိုသည်။

ထို ၂ ဒသမ ၂ ရာခိုင်နှုန်းဆိုသည်မှာပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၇၁ သန်းခန့်နှင့်ညီမျှသည်။

အိမ်ခြံမြေ၊ အစားအစာနင့် အဖျော်ယမကာ နှင့် ကုန်ထုတ်လုပ်မှုတို့က အဓိကထိပ်တန်းနယ်ပယ်ငါးခုတွင် ပါဝင်ဆဲဖြစ်ကာ ထိုနယ်ပယ်သုံးခုသို့ရင်းနှီးမြှုပ်နှံသူဦးရေမှာ ဘီလျံနာအားလုံး၏ ၂၀ ရာခိုင်နှုန်းရှိကြောင်း Wealth-X သုတေသီများက ဖော်ပြခဲ့ကြသည်။

ယင်းသည် ရေရှည်ကမ္ဘာ့လူဦးရေဖွံ့ဖြိုးတိုးတက်မှု၊ မြို့ပြဖော်ဆောင်မှု၊ ပေါ်ထွန်းစဈေးကွက်အများအပြားတွင် လူလတ်တန်းစာလျင်မြန်စွာတိုးပွားမှုနှင့် ပိုမိုသက်သာချောင်ချိစေရေးဦးတည်သော စားသုံးသူဝယ်လိုအားပြောင်းလဲမှုသာမက ကမ္ဘာတစ်ဝန်းဒီဂျစ်တယ်ပြုမှုတိုးတက်လာမှုတို့ကြောင့် ဖြစ်ကြောင်းလည်း သုတေသီများက ဆိုသည်။

တရုတ်ရှိ ဘီလျံနာများ၏ ၁၄ ဒသမ ၅ ရာခိုင်နှုန်းဝန်းကျင်က အိမ်ခြံမြေတွင် အဓိကမြှုပ်နှံခဲ့ကြသည်။ အိမ်ခြံမြေသည် ကမ္ဘာတစ်ဝန်းရှိ ဘီလျံနာများ၏ ၇ ဒသမ ၆ ရာခိုင်နှုန်း၏ ရင်းနှီးမြှုပ်နှံရာနယ်ပယ်ဖြစ်ခဲ့ပြီး ကမ္ဘာ့ဘီလျံနာတတိယအများဆုံးရင်းနှီးမြှုပ်နှံရာနယ်ပယ်ဖြစ်ခဲ့သည်။ ဒုတိယအများဆုံးအဖြစ် စက်မှုလုပ်ငန်းကြီးများသို့ ၁၃ ဒသမ ၁ ရာခိုင်နှုန်းက ရင်းနှီးမြှုပ်နှံခဲ့ကြပြီး ပထမအများဆုံးအဖြစ် ဘဏ်လုပ်ငန်းနှင့်ငွေကြေးဆိုင်ရာလုပ်ငန်းနယ်ပယ်သို့ ၂၀ ဒသမ ၇ ရာခိုင်နှုန်းက ရင်းနှီးမြှုပ်နှံခဲ့ကြသည်။

အိမ်ခြံမြေ၊ စက်မှုလုပ်ငန်းကြီးများနှင့် ကုန်ထုတ်လုပ်ငန်းတို့က ဘီလျံနာများ၏ ထိပ်တန်းလုပ်ငန်းများဖြစ်ပြီး နည်းပညာကလည်း အဓိကအရေးပါသောလုပ်ငန်းနယ်ပယ်တစ်ခုဖြစ်လာကြောင်း Wealth-X က ထုတ်ပြန်ခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service