မန္တလေးမြို့ရဲ့ အလွန်အသုံးဝင်မယ့် လမ်းဖြစ်လာမယ့် (၅၈)လမ်းကို (၂၀၁၉) အပြီးဆောက်လုပ်သွားမည်

မန္တလေးမြို့ရဲ့ အလွန်အသုံးဝင်မယ့် လမ်းဖြစ်လာမယ့် (၅၈)လမ်းကို (၂၀၁၉) အပြီးဆောက်လုပ်သွားမည် - Property News in Myanmar from iMyanmarHouse.com
7 May 2019 12:10 pm တွင် တင်ခဲ့သည်
3367 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးမြို့ ရဲ့ မြောက်ဘက်နဲ့ တောင်ဘက်မြို့သစ်အကြားဆက်သွယ်နိုင်မယ့် ဒုတိယမြောက် မဟာဗျူဟာ မြောက်လမ်းဖြစ်တဲ့ (၅၈)လမ်းကို သည်နှစ်ဘတ်ဂျက်နှစ်အတွင်း အပြီးဆောက်ရွက်မယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါသည်။

မန္တလေးမြို့ရဲ့ အဓိကလမ်းတွေထဲမှာ တစ်ခုဖြစ်လာမယ်၊ အရင်တုန်းကဆိုရင် အဲဒီလမ်းမပေါ်မှာ မြို့သစ်နေရာချထားခဲ့တုန်းက သိပ်မစဉ်းစားခဲ့မိတော့ အိမ်တွေ ပိတ်နေတာတွေရှိတယ်၊ ဘုန်းကြီးကျောင်းတွေပိတ်နေတာတွေရှိတယ် ‘ လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။

မန္တလေးမြို့ရဲ့ တချို့လမ်းပိုင်းတွေမှာ ထုတ်ချင်းပေါက်လမ်းတွေမဖြစ်တဲ့အတွက် ယာဉ်ကြောပိတ်ဆို့တဲ့ အခက်အခဲတွေရှိတာကြောင့် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းအောင် လမ်းဖောက်လုပ်ပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သည်လို လမ်းဖောက်လုပ်ရာမှာ ဘုန်းကြီးကျောင်းမြေတွေ ပါဝင်နေတဲ့အတွက် အခက်အခဲဖြစ်ပြီး ကျောင်းနေရာ(၃)ခုကို ရွှေ့ပြောင်းထားတာတွေ လုပ်ရတယ်လို့ သိရပါတယ်။

‘ ဘုန်းကြီးကျောင်းဆိုတော့လဲ ပွင့်ပွင့်လင်းလင်းပြောရရင် နည်းနည်းခက်ခဲတယ်၊ ဒါကို ဖော်ထုတ်ဖို့ဆိုတာ ဒါပေမဲ့ အဲဒီသံဃနာယက ဆရာတော်တော်တွေအပါအဝင် ဆရာတော်တွေက သဘောထားကြီးကြီးနဲ့ သူတို့က ဖောက်ပါ၊ လမ်းသွားတဲ့လူတွေ သွားရေးလာရေး ကောင်းသွားမယ်ဆိုရင် ဝမ်းသာတာပေါ့ ဆိုပြီးတော့ ဆရာတော်တွေက စွန့်ပေးတဲ့အတွက်ကြောင့် ကျွန်တော်တို့ ကျောင်းသူံးကျောင်းနေရာ ရွှေ့တာလုပ်ရပါတယ် ‘ လို့ ဦးကျော်ဆန်းမြင့်က ပြောပါတယ်။

ဘုန်းကြီးကျောင်းတိုက်တွေ အနေနဲ့ အုတ်တံတိုင်းတွေ ဖျက်ပေးတဲ့အပြင် ကျောင်းဆောင်တွေကို နေရာရွှေ့ပေးတာနဲ့ ကုဋီနေရာတွေကိုပါ ရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

လမ်းဖောက်ပေးနိုင်ခဲ့

အရင်ခေတ်အဆက်ဆက် လမ်းဖောက်လုပ်ဖို့ ညှိနှိုင်းနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ယခုအခါ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ညှိနှိုင်းချက်အရ ဇောတိကကျောင်း၊ သရက်တောကျောင်းနဲ့ ငြိမ်းချမ်းရေးစာသင်တိုက်တို့က လမ်းမြေစွန့်လွှတ်ပေးခဲ့တာကြောင့် လမ်းဖောက်လုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ချိုင့်ကြီးတွေ၊ ရေတွေဝပ်နေတဲ့ နေရာတွေမှာ မြေဖို့တာတွေ ပြုလုပ်နေရပြီး လောလောဆယ်မှာ တယ်လီဖုန်းတာဝါတိုင်ကြီးတစ်ခု မရွှေ့ရသေးတာကို ရွှေ့ဖို့လုပ်နေတာဖြစ်ပြီး သိပ်မကြာခင်မှာ ပြီးသွားမှာဖြစ်တဲ့အတွက် နိုင်လွန်ကတ္တရာခင်း၊ မီးတိုင်တွေကိုလည်း ထပ်စိုက်ပြီး တကယ့်ကို မန္တလေးမြို့ရဲ့ အလွန်အသုံးတည့်တဲ့လမ်းပိုင်းတစ်ခုဖြစ်လာအောင် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

သည်လမ်းကို လမ်းကြောရှင်းလင်းပြီးပါက Stabilized Soil ခင်းပြီးတာနဲ့ ပေ (၆၀)အကျယ် နိုင်လွန်လမ်းခင်းပေးသွားမှာဖြစ်ပြီး လမ်းပြီးစီးပြီဆိုရင် (၁၉)လမ်းကနေ ပြည်ကြီးတံခွန်မြို့နယ်အဆုံး အမှတ်(၆) ရေးဆိုးပစ်မြောင်းအထိ လမ်းပေါက်မှာဖြစ်တဲ့အတွက် (၆၂)လမ်းပေါ်မှာ ယာဉ်ကြောကျပ်တာ အထိုက်အလျောက် လျော့သွားမယ်လို့ သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service