စကော့တလန်တွင် လူသူမနေထိုင်ဖူးသေးသော ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ

စကော့တလန်တွင် လူသူမနေထိုင်ဖူးသေးသော ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
29 Apr 2019 12:47 pm တွင် တင်ခဲ့သည်
924 ကြိမ် ကြည့်ရှု့ပြီး

စကော့တလန်နိုင်ငံ၊ loch lomond တွင် လူသူနေထိုင်ဖူးခြင်းမရှိသေးသော ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာသည်။

စကော့တလန်နိုင်ငံ၊ အနောက် ဒန်ဘာတန်ရှိုင်းယားအရပ်တွင် စကော့တလန်၏ အကြီးမားဆုံး ရေကန်ကြီးများတွင် တစ်ခုအပါအဝင်ဖြစ်သော လို့ခ်ျ လိုမန်ရေကန်ကြီးတည်ရှိသည်။ အဆိုပါရေကန်ကြီးအတွင်းတွင် ကျွန်းပေါင်း ၂၀ ကျော်အထိ ရှိသည်ဟု ဆိုသည်။

ယင်းကျွန်းများအနက် ရေကန်ကြီး၏ တောင်ဘက်ပိုင်းတွင် တည်ရှိသော torrinch အမည်ရှိ ကျွန်း အရောင်းဈေးကွက်ဝင်လာခြင်း ဖြစ်သည်။

ကျွန်းအကျယ်အဝန်းမှာ ၁၈ ဧကရှိပြီး လူသူနေထိုင်ဖူးခြင်း လုံးဝမရှိသေးသော ကျွန်းတစ်ကျွန်းဖြစ်သည်။

ခေါ်ဈေးမှာ ကန်ဒေါ်လာ ၂၅၀၀၀၀ ဖြစ်ပြီး သတိပြုရမည့်အချက်ကား အဆိုပါကျွန်းပေါ်တွင် မည်သည့်အဆောက်အအုံမျှ ဆောက်လုပ်ခွင့် မရှိခြင်းပင်။

စကော့တလန် အမျိုးသားသဘာဝထိန်းသိမ်းရေး၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး စကော့တလန်သဘာဝ အမွေအနှစ်အဖွဲ့က ၂၀၀၄ ခုနှစ်၊ စကော့တလန် သဘာဝထိန်းသိမ်းရေးအက်ဥပဒေအရ သိပံပညာ….ဆိုင်ရာ အကျိုးစီးပွားအထူးဇုန်အဖြစ် သတ်မှတ်ခြင်းခံထားရသည့် နေရာတစ်ခုလည်း ဖြစ်သည်။

စကော့တလန် သဘာဝအမွေအနှစ်အဖွဲ့က တော်ရင့်ခ်ျကျွန်း၏ မွမ်းမံမှုကို တာဝန်ယူထားပြီး ကျွန်းတစ်ခုလုံး သန့်ရှင်းနေရန် တာဝန်ယူပေးထားသည်ဟု ဆိုသည်။

တော်ရင့်ခ်ျကျွန်းတွင် ပေါ့ပလာပင်၊ ဘုဇပတ်မျိုးဝင် ဆောင်းရွက်ကြွေပင်၊ ဝက်သစ်ချပင်၊ ထင်းရှူးပင်များ ဖုံးလွှမ်းနေပြီး ကမ်းခြေငယ်တစ်ခုလည်း ပါဝင်သည်။ သို့ရာတွင် လှေဆိပ်ကား မပါဝင်ချေ။ ထို့ကြောင့် လာရောက်မည့်သူအနေဖြင့် လှေငယ်ကလေးများဖြင့်သာ လာရောက်နိုင်မည် ဖြစ်သည်။

အနီးဆုံးရှိကျွန်းများမှာ creinch နှင့် inchcailloch ကျွန်းများ ဖြစ်ကြသည်။

ဟယ်လင်စ်ဘာ့ဂ်ျနှင့် အလက်ဇန်းဒြီးယားမြို့ များမှာ ၂၅ မိုင်အကွာတွင် တည်ရှိပြီး အီဒင်ဘာ့ဂ်ျမှာ ၆၅ မိုင်ဝေးကွာကာ ဂလပ်စကိုမှာ ၂၁ မိုင်အကွာအဝေးတွင် တည်ရှိသည်။ ဂလပ်စကိုလေဆိပ်မှာမူ တစ်နာရီခရီးသာ ဝေးကွာသည်။

ယခုကျွန်းသည် လှေလှော်ခြင်း ဆယ်လ်မွန်ငါး၊ ထရောက်ငါးများ မျှားနိုင်သည်။

ငါးကို ကွန်ဆွဲခြင်း၊ ငါးမျှားခြင်း နှစ်မျိုးလုံးခွင့်ပြုထားသည်ဟု ဆိုသည်။

တောလည်ထွက်ခြင်း၊ ကျောက်တောင်တက်ခြင်း၊ ငှက်ကြည့်ခြင်း၊ စက်ဘီးစီးခြင်းများကို ကိုယ်ပိုင်ကျွန်းပေါ်တွင် တစ်ကိုယ်ရည် လုံခြုံမှုရှိစွာဖြင့် အေးချမ်းစွာပြုလုပ်နိုင်မည့် အခွင့်အရေးဖြစ်သည်။

နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သည်မှာ ၂၀၀၁ ခုနှစ်အတွင်းဖြစ်ပြီး ဆာ ဂျော့ခ်ျ လိုက်သ် ဘုချနန်၏ ဇနီးမုဆိုးမဖြစ်သူ လေဒီ ဘာဘရာ လိုက်သ် ဘုချနန် အသက် ၉၅ နှစ်အရွယ်တွင် နေအိမ်တစ်လုံးမီးသင့်လောင်စဉ် ကွယ်လွန်သွားခဲ့ပြီးနောက်ပိုင်း ယခုကျွန်း အရောင်းအဝယ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service