စင်္ကာပူ ဆင်ခြေဖုံးဒေသရှိ ရုံးခန်းအဆောက်အအုံ စီမံကိန်းတစ်ခုကို ကန်ဒေါ်လာ သန်း ၃၀၀ နီးပါးဖြင့် အရောင်းအဝယ်ဖြစ်

စင်္ကာပူ ဆင်ခြေဖုံးဒေသရှိ ရုံးခန်းအဆောက်အအုံ စီမံကိန်းတစ်ခုကို ကန်ဒေါ်လာ သန်း ၃၀၀ နီးပါးဖြင့် အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
24 Apr 2019 12:38 pm တွင် တင်ခဲ့သည်
850 ကြိမ် ကြည့်ရှု့ပြီး

City Developments Ltd (CDL) နှင့် Alpha Investment Partners တို့သည် စင်္ကာပူ ဆင်ခြေဖုံးအရပ်ရှိ ရုံးခန်းအဆောက်အအုံ စီမံကိန်းတစ်ခုကို စင်္ကာပူဒေါ်လာ ၃၉၅ သန်း (ကန်ဒေါ်လာ ၂၉၁ ဒသမ ၅ သန်း) ဖြင့် ရောင်းချရန် သဘောတူခဲ့ကြကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

CDL နှင့် Alpha တို့ ပူးပေါင်းထားသည့် ဖက်စပ်ကုမ္ပဏီသည် စင်္ကာပူအရှေ့ပိုင်းရှိ ၈ ထပ်ရုံးအဆောက်အအုံ ဘလောက်များဖြစ်သော Tampines Grande ၇ နှင့် ၉ တို့ကို အိမ်ခြံမြေ developer များဖြစ်သော Metro Holdings နှင့် Evia Real Estate ပူးပေါင်းကုမ္ပဏီထံ ရောင်းချမည် ဖြစ်ကြောင်း စင်္ကာပူ စတော့အိတ်ချိန်းသို့ Metro က တင်ပြခဲ့သည့် ကြေညာချက်တွင် ဖော်ပြသည်။

CDL နှင့် Alpha တို့သည် စင်္ကာပူမှ Bras Basah လမ်းပေါ်တွင် တည်ရှိသော Manulife Centre ကို စင်္ကာပူဒေါ်လာ ၅၅၅ ဒသမ ၅ သန်းဖြင့် ရောင်းချခဲ့ပြီး ၄ လအကြာတွင် ယခုကဲ့သို့ ထပ်မံရောင်းချမှု ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

Tampines အဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံရခြင်းမှာ ဆင်ခြေဖုံးဒေသများ၏ ရုံးခန်းအလားအလာအပေါ် အကောင်းမြင်ထားမှုနှင့် ပိုင်ဆိုင်ထားမှုများကို on a strata title basis …ဖြင့် ရောင်းချနိုင်မည့် အခွင့်အလမ်းရှိခြင်းများကြောင့်ဖြစ်ကြောင်း Metro က ထုတ်ပြန်သည်။

Metro သည် ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို စင်္ကာပူဒေါ်လာ ၄၅ ဒသမ ၆ သန်းဖြင့် ဝယ်ယူရန် စီစဉ်နေပြီး ရုံးခန်းနေရာ၏ အကျယ်အဝန်းမှာ စတုရန်းပေ ၃၆၁၆၆၀ ( စတုရန်းမီတာ ၃၃၅၉၉) ဖြစ်သည်။

အဆိုပါစီမံကိန်းတွင် ဈေးဆိုင်များ၊ စားသောက်ဆိုင်ခန်းများနှင့် အဖျော်ယမကာဆိုင်များ မြေညီထပ်တွင် ပါဝင်မည် ဖြစ်သည်။

အဆောက်အအုံ၏ အသားတင်တန်ဖိုးမှာ စင်္ကာပူဒေါ်လာ ၃၉၅ သန်းရှိမည်ဖြစ်ပြီး ၉၉ နှစ် leasehold ပိုင်ဆိုင်မှုရှိသော စီမံကိန်း ဖြစ်သည်။

ယခုအရောင်းအဝယ်ဈေးနှုန်းအရဆိုလျှင် ၁ စတုရန်းပေလျှင် စင်္ကာပူဒေါ်လာ ၁၀၉၂ ခန့်သာ ကျသင့်မည်လည်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service