နယူးယောက်မြို့၏ အထင်ကရဖြစ်သော Chrysler အဆောက်အအုံကြီး ကန်ဒေါ်လာ သန်း ၁၅၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ကာ ဟိုတယ်တစ်လုံးအဖြစ် ပြောင်းလဲသွားမည်ဟုဆို

နယူးယောက်မြို့၏ အထင်ကရဖြစ်သော Chrysler အဆောက်အအုံကြီး ကန်ဒေါ်လာ သန်း ၁၅၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ကာ ဟိုတယ်တစ်လုံးအဖြစ် ပြောင်းလဲသွားမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
18 Mar 2019 11:53 am တွင် တင်ခဲ့သည်
1257 ကြိမ် ကြည့်ရှု့ပြီး

နာမည်ကျော် အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးကြီး အေဘီ ရိုဆန်သည် နယူးယောက်မြို့၏ အထင်ကရဖြစ်သော Chrysler အဆောက်အအုံကြီး ကန်ဒေါ်လာ သန်း ၁၅၀ ခန့်ဖြင့်ဝယ်ယူလိုက်ပြီး ဟိုတယ်တစ်လုံးအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း ဘလွန်းဘာ့ဂ်ျသတင်းဌာနသို့ ထုတ်ဖော်ပြောကြားလိုက်သည်။

ရိုဆန်၏ RFR Holding LLC ကုမ္ပဏီသည် Seagram Building အဆောက်အအုံနှင့် Lever House အဆောက်အအုံကြီးများကိုလည်း ပိုင်ဆိုင်ထိန်းချုပ်ထားသည်။

ဝေါစထရိဂျာနယ်၏ ဖော်ပြချက်အရ ရိုဆန်သည် ခရိုင်စလာ အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၁၅၁ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခုအရောင်းအဝယ်သည် ပိုင်ရှင်ဖြစ်သူ အဘူဒါဘီ ရင်းနှီမြှုပ်နှံမှုကောင်စီ (ADIC) အတွက်မူ များစွာအရှုံးပေါ်ခဲ့သည့် အရောင်းအဝယ် တစ်ခု ဖြစ်ခဲ့သည်။

ADIC သည် အာ့ထ်ဒက်ကို ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ၇၇ ထပ်မြင့်မားသော ခရိုင်စလာ အဆောက်အအုံကြီး၏ ရှယ်ယာ ၉၀ ရာခိုင်နှုန်းကို ၂၀၀၈ ခုနှစ်အတွင်း ကန်ဒေါ်လာ သန်း ၈၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ယခုအရောင်းအဝယ်တွင် ကန်ဒေါ်လာ ၆၄၉ သန်း အရှုံးပေါ်ခဲ့သည်။

ခရိုင်စလာ မိုးမျှော်တိုက်ကြီးသည် ယခုနှစ် ဇန်နဝါရီလတွင် အရောင်းဈေးကွက်သို့ ပထမဆုံးစတင်ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ခရိုင်စလာ၏ ရှယ်ယာ ၁၀ ရာခိုင်နှုန်းပိုင်ဆိုင်သည့် Tishman Speyer Properties နှင့် ၉၀ ရာခိုင်နှုန်း ပိုင်ဆိုင်သော ADIC တို့က CBRE Group အိမ်ခြံမြေကုမ္ပဏီမှတဆင့် ဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကြီးမတိုင်မီ စစ်ကြိုခေတ်ကတည်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်သောကြောင့် နှစ်ပေါင်း ၉၀ သက်တမ်းရှိပြီဖြစ်ရာ အကြီးစား အဆင့်မြှင့်မွမ်းမံမှုများ လိုအပ်မည်ဖြစ်သည်။

သို့ရာတွင် ၁၉၃၀ ဝန်းကျင်က ဆောက်လုပ်ခဲ့သည့် မည်သည့်အဆောက်အအုံမဆို မြို့ပြအထင်ကရအဆောက်အအုံ ဥပဒေများဖြင့် အကာအကွယ်ပေးထားရာ ပြုပြင်မှုများ ပြုလုပ်ရန်အတွက် စိန်ခေါ်မှုများစွာရှိသည်။

အိမ်ခြံမြေကျွမ်းကျင်ပညာရှင်များက ပြောကြားရာတွင် ခရိုင်စလာ အဆောက်အအုံကြီး၏ လစ်လပ်နေသော စတုရန်းပေ ၄၀၀၀၀၀ နေရာအတွက် ငှားရမ်းမည့်သူများကို ဆွဲဆောင်လိုသည်ဆိုပါက ကန်ဒေါ်လာ သန်း ၂၀၀ ခန့် ရင်းနှီးမြှုပ်နှံကာ မွမ်းမံမှုများ ပြုလုပ်သွား ရန် လိုအပ်မည်ဖြစ်ကြောင်း သုံးသပ်ကြသည်။

အဆောက်အအုံကြီးတည်ရှိရာ မြေအတွက် ငှားရမ်းခမှာလည်း ကြီးမားစွာ မြင့်တက်လာနေသည်။

အဆိုပါမြေနေရာကို Cooper Union စာသင်ကျောင်းက ပိုင်ဆိုင်ထားပြီး ခရိုင်စလာအဆောက်အအုံ ပိုင်ရှင်တို့က ၂၀၁၇ ခုနှစ်အတွင်း မြေငှားခ ကန်ဒေါ်လာ ၇ ဒသမ ၇၅ သန်း ပေးခဲ့ရသည်။

၂၀၁၈ ခုနှစ်တွင်မူ မြေငှားခမှာ ကန်ဒေါ်လာ ၃၂ ဒသမ ၅ သန်းအထိ မြင့်တက်သွားခဲ့ပြီး ၂၀၂၈ ခုနှစ်သို့ရောက်လျှင် ကန်ဒေါ်လာ ၄၁ သန်းအထိ ပေးရဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
အမေရိကန်အဆိုတော် ရုပ်ရှင်မင်းသမီး ဂျက်ဆီကာ ဆင်ပဆင်၏ မကြာသေးမီက အပန်းဖြေခဲ့သော မက္ကဆီကို ရှိ အပန်းဖြေစံအိမ်တွင် ကမ္ဘာ့အဆင့် စားဖိုမှူး ၃ ဦး၊ snow room တို့ ပါဝင်ပြီး ကန်ဒေါ်လာ ၄၀၀၀၀ ဖြင့် ငှားရမ်းတည်းခိုနိုင်...

အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ponnami
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service