မန်းမြို့မြောက်ဘက်အစွန်း အကွက်ရိုက်မြေအချို့ အရောင်းအဝယ်ပြန်ဖြစ်နေ

မန်းမြို့မြောက်ဘက်အစွန်း အကွက်ရိုက်မြေအချို့ အရောင်းအဝယ်ပြန်ဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
5 Mar 2019 11:35 am တွင် တင်ခဲ့သည်
975 ကြိမ် ကြည့်ရှု့ပြီး

တစ်နှစ်ဆိုင်း အရစ်ကျစနစ်နဲ့ ရောင်းချပေးနေတဲ့ မန္တလေးမြို့ မြောက်ဘက်အစွန်းဘက် ပတ်ဝန်းကျင်က အကွက်ရိုက်မြေအချို့ သည်ရက်ပိုင်း အရောင်းအဝယ်ပြန်ဖြစ်နေတယ်လို့ နယ်ခံအကျိုးဆောင်အချို့ဆီက စုံစမ်းသိရပါတယ်။

မန္တလေး ပုသိမ်ကြီးမြို့နယ် ရှိ လယ်ယာမြေကို တရားမဝင်ကွက်သစ်ရိုက် လုပ်ဆောင်နေမှုတွေအပေါ် အာဏာပိုင်တွေဘက်က တားဆီးမှုတွေပြုလုပ်နေပြီးနောက် အဆိုပါဒေသတွေရှိ မြေအရောင်းအဝယ်ဈေးကွက် ရပ်တန့်သွားခဲ့ပါတယ်။ ဒါ့အပြင် အကွက်ရိုက်မြေဝယ်ယူပြီး ခွင့်ပြုချက်မဲ့ အဆောက်အအုံဆောက်လုပ်မှုတွေကြောင့် ဥပဒေအရ တရားစွဲဆိုခံရမှုတွေပါ ဖြစ်ပေါ်ခဲ့ပါတယ်။

သို့ပေမဲ့ လူနေအကွက်အကွင်း ကောင်းမွန်လာတာ၊ မြေဈေးနှုန်း အဆမတန် နိမ့်ကျနေတာ၊ ဝန်ထမ်းနဲ့ အခြေခံ လူတန်းစားတွေ တတ်နိုင်တဲ့ပမာဏ အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်တာစတာတွေကြောင့် မန္တလေးပုသိမ်ကြီးမြို့နယ်အတွင်းက မြေယာတွေကို ဝယ်လက်တွေ စိတ်ဝင်စားတာဖြစ်ပြီး အဆိုပါနေရာတွေမှာ ယခုရက်ပိုင်း အရောင်းအဝယ် ပြန်ဖြစ်နေတယ်လို့ နယ်ခံအကျိုးဆောင်အချို့က ဆိုပါတယ်။

နယ်ခံအကျိုးဆောင် ကိုတိုးက ‘ ခုဟာက လူက တဖြည်းဖြည်းနဲ့ စည်လာနေပြီ၊ ဘာပဲပြောပြော ကိုယ်တတ်နိုင်တာလေးနဲ့ ကိုယ်ပိုင်အိမ်လေးနဲ့ နေချင်တဲ့သူကျတော့ အဆင်ပြေတာပေါ့ ‘ လို့ ပြောပါတယ်။

အဆိုပါနေရာရှိ မြေကွက်တွေရဲ့ဈေးနှုန်းဟာ မန္တလေးမြို့ရှိ အခြားနေရာတွေက မြေဈေးနဲ့ယှဉ်ရင် လက်ရှိအချိန်မှာ အဆမတန် လျော့နည်းနေတယ်။ သည်နေ့ မတ်လ (၃)ရက် နံနက်ပိုင်းမှာ ယင်းပတ်ဝန်းကျင်မှာ မေးမြန်းခဲ့မှုတွေအရ မျက်နှာစာတစ်ပေ ကျပ် (၂)သိန်းမှ (၄)သိန်းခွဲ ပတ်ချာလည် မြေကွက်အချို့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်း ပြည်တွင်းအခြေစိုက် တရုတ်စီးပွားရေးသမားအချို့ အိမ်ခြံမြေဈေးကွက်ထဲ စုပြုံဝင်ရောက် ရင်းနှီးလာရာကစလို့ မန္တလေးအိမ်ခြံမြေဈေးကွက် ဈေးအဆမတန် ပြောင်းလဲမြင့်တက်လာပါတယ်။

မြို့တွင်းအိမ်ခြံမြေဈေး အဆမတန် မြင့်တက်လာခဲ့ပြီး သည်မြင့်မားတဲ့ဈေးနှုန်းတွေကြောင့် ကိုယ်ပိုင်အိမ်ရာမရှိတဲ့ အခြေခံလူတန်းစားဝန်ထမ်းအများအပြားအတွက် မန္တလေးမြို့မှာ နေထိုင်စရာ ကိုယ်ပိုင် အိမ်ခြံဝိုင်းလေး ပိုင်ဆိုင်ရေးဆိုတဲ့ မျှော်လင့်ချက်ဟာ အလှမ်းဝေးတဲ့ အိမ်မက်တစ်ခုလို ဖြစ်ခဲ့ပါတယ်။ မြင့်မားတဲ့ ဈေးနှုန်းကြောင့် မန္တလေးမြို့မှာ နေထိုင်စရာ ကိုယ်ပိုင်အိမ်ခြံဝိုင်းလေးပိုင်ဆိုင်ရေးဆိုတဲ့ မျှော်လင့်ချက် အိမ်မက်မက်နေသူတွေအတွက် အဆိုပါအကွက်ရိုက်မြေဈေးကွက်က လက်ရှိအချိန်အထိ ဆွဲဆောင်နိုင်ဆဲဖြစ်တာ တွေ့ရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း

ဂရိနိုင်ငံတွင် “လေမှုတ်စောင်း”များ တပ်ဆင်နေ၊ လေပြေအသွေးတွင် ဂီတသံများ ပျံ့လွင့်စေမည့်အပြင် လမ်းမီးတိုင်များအတွက် လျှပ်စစ်ဓာတ်အားလည်း ထုတ်လုပ်ပေးနိုင်...

ငှက်ပျောသီးအစိမ်းများတွင်ရှိသော ကစီဓာတ်က အချို့သော မျိုးရိုးလိုက် ကင်ဆာအမျိုးအစားများကို ၆၀ ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်ကြောင်း ဗြိတိန်သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ...

မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...

ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...

မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...

မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...

လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...

အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...

ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ

တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို

အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ

ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ

တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ

တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ

ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး

တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်

Jade Palace Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service