တန်ဖိုးမြင့် အိမ်အငှားဈေးနှုန်းများ ဒေါ်လာတစ်ထောင်ဝန်းကျင် ဈေးကျဆင်း

တန်ဖိုးမြင့် အိမ်အငှားဈေးနှုန်းများ ဒေါ်လာတစ်ထောင်ဝန်းကျင် ဈေးကျဆင်း - Property News in Myanmar from iMyanmarHouse.com
1 Mar 2019 11:11 am တွင် တင်ခဲ့သည်
1032 ကြိမ် ကြည့်ရှု့ပြီး

တန်ဖိုးမြင့် အိမ်အငှားဈေးကွက်အတွင်းရှိ အိမ်အငှားဈေးနှုန်းများသည် ဒေါ်လာတစ်ထောင်ဝန်းကျင် ဈေးကျဆင်းလျက်ရှိကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းများထံမှ စုံစမ်းသိရှိရသည်။

လက်ရှိအချိန်တွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများ၏ အဆင့်မြင့်အိမ်ရာစီမံကိန်း အများအပြား ပြီးစီးလာခြင်းနှင့် တန်ဖိုးမြင့်အိမ်ငှားလိုသူများ လျော့နည်းလာခြင်းကြောင့် ယခင်က အိမ်ငှားခတစ်လလျှင် ဒေါ်လာ ၄၀၀၀ ဝန်းကျင်ရှိ အခန်းများသည် ယခုတွင် ဒေါ်လာ ၂၈၀၀ သို့ ဈေးကျဆင်းလျက်ရှိကြောင်း Estate Myanmar အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဟိန်းမိုးမြင့်လွင်က ပြောကြားသည်။

“အရင်ကတော့ အိမ်ရှင်တွေက စင်ပေါ်ကပဲလေ။ အခုက Supply များပြီး Demand က နည်းနေတယ်”ဟု ၎င်းကပြောဆိုသည်။

လတ်တလောတွင် ပြည်တွင်းဘဏ်များ၏ နှစ်ရှည် အရစ်ကျအိမ်ရာချေးငွေ ဝန်ဆောင်မှုများ အပြိုင်အဆိုင် လုပ်ဆောင်လာသော်လည်း ကနဦး ပေးသွင်းများပြားနေခြင်းနှင့် အတိုးနှုန်းကြီးမြင့်နေမှုကြောင့် အိမ်အငှားဈေးကွက်အပေါ် အနည်းငယ်သာ သက်ရောက်မှုရှိနိုင်ကြောင်း ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် မြို့တွင်းမြို့နယ်များနှင့် ဆင်ခြေဖုံးမြို့နယ်အချို့ရှိ ကျပ်တစ်သိန်းဝန်းကျင်မှ ကျပ် ၁၀ သိန်းဝန်းကျင်ရှိ အိမ်အငှားဈေးကွက်သည် ပုံမှန်အတိုင်းရှိနေပြီး လျော့နည်းခြင်းမရှိသလို တိုးတက်လာခြင်းလည်း မရှိကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ သိရသည်။

“အခုနှစ်ပိုင်းမှာက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုနဲ့ နိုင်ငံခြားသား ဝင်ရောက်မှု နည်းသွားတဲ့အတွက် ကျွန်တော်တို့ ဇိမ်ခံကွန်ဒိုလို့ခေါ်တဲ့ တန်းဖိုးမြင့်အိမ်ခန်းတွေကတော့ ဈေးကျလာတယ်”ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမင်းသူက ပြောကြားသည်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ တန်ဖိုးနည်းနှင့် တန်းဖိုးသင့် အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်မှုသည် နည်းပါးနေသေးပြီး နောက်ပိုင်းတွင် ဘဏ်များ၏ နှစ်ရှည်အိမ်ရာချေးငွေဝန်ဆောင်မှုများ ဖွံ့ဖြိုးလာမည်ဖြစ်ခြင်းကြောင့် အိမ်အငှားနေရသူများသည် အိမ်ရာပိုင်ဆိုင်ခွင့် အခွင့်အရေးများ ပိုမိုများပြားနိုင်ကြောင်း ၎င်းကဆိုသည်။

“ဘဏ်အိမ်ရာချေးငွေ ဝန်ဆောင်မှုတွေကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကနဦးပေးသွင်းငွေနဲ့ အိမ်ဝယ်ရင်ပေးရမယ့် အခွန်ဖိုး မရှိသေးသရွှေ့တော့ အိမ်ပဲငှားနေရဦးမှာပဲ”ဟု သင်္ယန်းကျွန်းမြို့နယ်တွင် အိမ်ငှားနေထိုင်သော ကုမ္ပဏီဝန်ထမ်း ဒေါ်သန်းသန်းမော်က ပြောကြားသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service