သီပေါမင်း လက်ထက် အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ၏ စံအိမ်ကြီး ကန်ဒေါ်လာ ၁၃ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ

သီပေါမင်း လက်ထက် အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ၏ စံအိမ်ကြီး ကန်ဒေါ်လာ ၁၃ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
22 Feb 2019 11:47 am တွင် တင်ခဲ့သည်
1347 ကြိမ် ကြည့်ရှု့ပြီး

ချက်စ်တာ အလန် အာသာ (၁၈၂၉-၁၈၈၆) သည် အမေရိကန်ပြည်ထောင်စု၏ ၂၁ ဆက်မြောက် သမ္မတအဖြစ် ၁၈၈၁ ခုနှစ်မှ ၁၈၈၅ ခုနှစ်အထိ (မြန်မာနိုင်ငံတွင် သီပေါမင်းလက်ထက်) တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ထို့အပြင် သမ္မတ ဂျိမ်းစ် ဂါးရ်ဖီးလ်ဒ်လက်ထက်တွင် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၈၈၁ ခုနှစ်၊ စက်တင်ဘာလအတွင်း ဂျိမ်းစ်ဂါးရ်ဖီးလ်ဒ်လုပ်ကြံခံရသောအချိန်တွင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသည်။

စံအိမ်တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဆပ်ဖ်ဖော့ခ်ခရိုင်၊ ဆက်ဂ် ဟာဘာကျေးရွာကလေးတွင် တည်ရှိသည်။

အိမ်ဖြူတော်အပြင် အခြားဒေသတစ်ခုတွင် သမ္မတ၏ စံအိမ်ထားရှိခြင်းကို ဒေါ်နယ်ထရမ့်က ဖလော်ရီဒါပြည်နယ်၊ ပမ်ဘိခ်ျရှိ မာရာလာဂို စံအိမ်ကြီးအား ဆောင်းရာသီစံအိမ်အဖြစ် မသတ်မှတ်မီကတည်းက ချက်စ်တာ အေ- အာသာက ဆက်ဂ် ဟာဘာရှိစံအိမ်ကို နွေရာသီ အိမ်ဖြူတော်အဖြစ် သတ်မှတ်ခဲ့ဖူးခြင်း ဖြစ်သည်။

၁၇၉၆ ခုနှစ် (မြန်မာနိုင်ငံတွင် ကုန်းဘောင်ခေတ်၊ ဗဒုံမင်းလက်ထက်ဖြစ်ပြီး အမေရိကန်ပြည်တွင် ဂျော့ခ်ျဝါရှင်တန် ရာထူးမှ နှုတ်ထွက်ချိန်လည်းဖြစ်ကာ တရုတ်ပြည်တွင်မူ မန်ချူးမင်းဆက်မှ ချမ့်လုံဧကရာဇ် အုပ်ချုပ်မင်းလုပ်နေချိန်ဖြစ်သည်။) တွင် တည်ဆောက်ခဲ့သော ဆက်ဂ် ဟာဘာ စံအိမ်ကြီးကို ယခုအခါ ကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။

ချက်စ်တာ အာသာက အဆိုပါစံအိမ်ကြီးနှင့် ဝါရှင်တန်ဒီစီတို့တွင် တစ်လှည့်စီ နေထိုင်ခဲ့သည်။

ဂရိ ရီဗိုက်ဗယ်လ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော ၃ ထပ်အဆောက်အအုံကြီးသည် စားသောက်ဆိုင်များနှင့် နီးစပ်စွာ တည်ရှိသည့်အပြင် ပင်လယ်ရေပြင်နှင့်လည်း နီးစပ်သည်။ ဗိသုကာပညာရှင် စတီဗင် ဂမ်ဘရဲလ်က အလုံးစုံပြုပြင်မွမ်းမံမှုများ ပြန်လည်ပြုလုပ်ပေးထားသည်ဟု ဆိုသည်။

နောက်ဆုံး လက်ပြောင်းလက်လွှဲဖြစ်ခဲ့သည်မှာ ၂၀၁၄ ခုနှစ်တွင်ဖြစ်ပြီး ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်ကာ အန်ကီ ဘက်ခ် ဖရိုင်းဒရစ်ခ်ျနှင့် ဖက်ရှင်သူဌေးကြီး ဂျာဂန် ဖရိုင်းဒရစ်ခ်ျတို့က ပိုင်ဆိုင်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ကန်ဒေါ်လာ ၁၄ ဒသမ ၂ သန်းဖြင့် ဈေးကွက်တင်ခဲ့ဖူးပြီး ယင်းနောက်ပိုင်းတွင် ဈေးနှုန်းများ လျှော့ချကာ ဈေးကွက်တင်မှုများ ပြုလုပ်ခဲ့သည်။

“ဒီစံအိမ်ကြီးကို ကျွန်တော်ချက်ချင်းပဲ သဘောကျမိတယ်။ အန်ကီနဲ့ ဂျာဂန်တို့ မဝယ်ခင်က ကမ္ဘာကျော်မိသားစုကြီးဖြစ်တဲ့ Guinness မိသားစုက လေဒီ ကာရိုလင်း ဘလက်ခ်ဝုဒ်က ပိုင်ဆိုင်ခဲ့ပါတယ်”ဟု အရောင်းဈေးကွက်တင်ခဲ့သည့် Douglas Elliman ကုမ္ပဏီမှ အကျိုးဆောင် ရီမာ မာဒိုယန် စမစ်က ပြောကြားသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service