ဖိလစ်ပိုင်လူနေအိမ်ခြံမြေ ၂၀၁၉ တွင် ဖွံ့ဖြိုးမည်

ဖိလစ်ပိုင်လူနေအိမ်ခြံမြေ ၂၀၁၉ တွင် ဖွံ့ဖြိုးမည် - Property News in Myanmar from iMyanmarHouse.com
19 Feb 2019 12:18 pm တွင် တင်ခဲ့သည်
772 ကြိမ် ကြည့်ရှု့ပြီး

ဖိလစ်ပိုင်လူနေအိမ်ခြံမြေကဏ္ဍသည် ပြည်တွင်းပြည်ပအိမ်ခြံမြေရှာဖွေသူများ၏ အဆင့်မြင့်အလယ်အလတ်တန်းမှသည် ဇိမ်ခံအိမ်များအထိ လူနေအိမ်ခြံမြေများအား ဝယ်လိုအားကောင်းမှုကြောင့် ၂၀၁၉ ခုနှစ်တွင် ဖွံ့ဖြိုးမည်ဟု ခန့်မှန်းရကြောင်း JLL Philippines အိမ်ခြံမြေအတိုင်ပင်ခံလုပ်ငန်းက Inquirer.net မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

လူနေအိမ်ခြံမြေဖွံ့ဖြိုးမှု၏ ၈၀ ရာခိုင်နှုန်းအထက်မှာ ကြိုပွိုင့်အိမ်ခန်းများဖြစ်ကြောင်း လည်း JLL Phillipines က ထုတ်ပြန်ခဲ့သည်။

ယမန်နှစ်က ဖိလစ်ပိုင်တွင် ကွန်ဒိုရောင်းလိုအား ၃၅,၀၀၀ ခန့် ရှိခဲ့သည်။ ရောင်းလိုအားအများဆုံးမှာ Quezon မြို့မှဖြစ်ပြီး Makati နှင့် Taguig မြို့တို့က ဒုတိယနှင့် တတိယအများဆုံးဖြစ်သည်။ Makati နှင့် Bonifacio Global City (BGC) ရှိ အဆင့်မြင့်အလယ်အလတ်တန်းမှသည် ဇိမ်ခံအိမ်ဈေးကွက်ရှိ အသစ်တည်ဆောက်ပြီးစီးသောနေအိမ်များနှင့် ဖော်ဆောင်ဆဲအိမ်များက ရောင်းလိုအားအထူးကောင်းမွန်ခဲ့သည်။

ပြည်တွင်းဝယ်လိုအားနှင့် နိုင်ငံခြားသူဌေးအရေအတွက်မြင့်မားမှုတို့ကလည်း လူနေအိမ်ခြံမြေဝယ်လိုအားကို အားကောင်းစေခဲ့ကြောင်းလည်း JLL က ထုတ်ပြန်ခဲ့သည်။ ဖိလစ်ပိုင်ဗဟိုဘဏ်ကလည်း ၂၀၁၈ တတိယသုံးလပတ်တွင် မနီလာရှိ ကွန်ဒိုဈေးများ ၂၀၁၇ တတိယပတ်ထက် ၆ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အငှားဈေးကွက်နှင့်ပတ်သက်၍လည်း ဘီပီအိုကုမ္ပဏီများနှင့် အွန်လိုင်းဂိမ်းကုမ္ပဏီများမှ ရုံးခန်းငှားလိုအားက Makati နှင့် BGC ရှိ လူနေအိမ်ငှားဈေးကွက်ကို သာလွန်မည်ဟု ခန့်မှန်းရသည်။ ကွန်ဒိုအငှားများသည် နိုင်ငံခြားသားဝန်ထမ်းအများအပြားရှိသည့် ဖိလစ်ပိုင်အိမ်ခြံမြေဈေးကွက်များတွင် ရေပန်းစားနေသည်။

Makati နှင့် Taguig တွင် တစ်လငှားရမ်းခသည် ၁ စတုရန်းမီတာလျှင် ဖိလစ်ပိုင်ပီဆို ၁၈၀၀ နှင့် ၁၉၀၀ (အမေရိကန်ဒေါ်လာ ၃၄-၃၆) ပင် ရှိနေပြီဖြစ်သည်။ ဖိလစ်ပိုင်တွင် အမြင့်ဆုံးဈေးဖြစ်သည်။ ဖိလစ်ပိုင်မြို့တော် မနီလာတွင်လည်း ငှားရမ်းခမြင့်မားမှုများ တွေ့ခဲ့ရသည်။ အထူးသဖြင့် တရုတ်မှ အွန်လိုင်းဂိမ်းကုမ္ပဏီများအလွန်များပြားလာသည့် Pasay နှင့် Paranaque မြို့တို့တွင် ဖြစ်ကြောင်း သိရသည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်

အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...

အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...

သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်

နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ

ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...

သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...

အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ

စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်

တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂

စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!

ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန

အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ

ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service