စင်ကာပူက နှစ်သုံးဆယ်အတွင်း မြန်မာတွင် ပမာဏအများဆုံးရင်းနှီးမြှုပ်နှံသည့် နိုင်ငံအဖြစ် ရပ်တည်

စင်ကာပူက နှစ်သုံးဆယ်အတွင်း မြန်မာတွင် ပမာဏအများဆုံးရင်းနှီးမြှုပ်နှံသည့် နိုင်ငံအဖြစ် ရပ်တည် - Property News in Myanmar from iMyanmarHouse.com
18 Feb 2019 12:47 pm တွင် တင်ခဲ့သည်
1378 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံတွင် ကန်ဒေါ်လာသန်း နှစ်သောင်းကျော် ရင်းနှီးမြှုပ်နှံထားသည့် စင်ကာပူနိုင်ငံသည် တရုတ်နိုင်ငံကို ကျော်ဖြတ်၍ ပမာဏအများဆုံးရင်းနှီးမြှုပ်နှံသည့် နိုင်ငံအဖြစ် နှစ် ၃၀ ကျော်အတွင်း ပထမဦးဆုံး ရောက်ရှိလာသည်။

ယခုနှစ် ဇန်နဝါရီလကုန် တွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများအနက် စင်ကာပူနိုင်ငံက ကန်ဒေါ်လာ ၂၀,၆၇၄ သန်းဖြင့် အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံက ၂၀,၃၇၁ သန်းဖြင့် ဒုတိယအများဆုံးဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြထားသည်။

၁၉၈၈ မှ ၂၀၁၈ နှစ်ကုန်အထိ နှစ်ပေါင်း ၃၀ အတွင်း တရုတ်နိုင်ငံသည် မြန်မာ၌ ကန်ဒေါ်လာ ၂၀,၃၅၃ သန်းဖြင့် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံအဖြစ် ရပ်တည်ခဲ့ ပြီး စင်ကာပူနိုင်ငံက ကန်ဒေါ်လာ၂၀,၃၃၇ သန်း ဖြင့် ဒုတိယအများ ဆုံးနေရာတွင် တည်ရှိခဲ့သည်။ ၂၀၁၉ ဇန်နဝါရီလကုန်တွင် စင် ကာပူနိုင်ငံက ကန်ဒေါ်လာ ၃၃၆ သန်း ဝင်ရောက်ပြီး တရုတ်နိုင်ငံ က ကန်ဒေါ်လာ ၁၈ သန်းဝင် ရောက်ခဲ့သည်။

စင်ကာပူသည် မြန်မာနိုင်ငံ သို့ ၂၀၁၈ ခြောက်လဘဏ္ဍာနှစ် တွင် ကန်ဒေါ်လာသန်း ၇၂၀ ကျော်၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် တွင် ၂ ဒသမ ၁ ဘီလီယံ၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၈ ဘီလီယံ၊ ၂၀၁၅-၁၆ တွင် ၄ ဒသမ၂ ဘီလီယံဝင်ရောက်ခဲ့သည်။ ထို ပမာဏများသည် နှစ်အလိုက် မြန်မာနိုင်ငံတွင် အများဆုံးဝင် ရောက်သည့် ပမာဏများဖြစ်သည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံ သို့ ၂၀၁၈ ခြောက်လဘဏ္ဍာ နှစ်တွင် ကန်ဒေါ်လာသန်း ၃၀၀ ကျော်၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာသန်း ၄၈၀ ကျော်၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံဝင်ရောက်ခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်

အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...

အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...

သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်

နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ

ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...

သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...

အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင

နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ

မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ

ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service