ကမ္ဘာကျော်တေးဂီတအဖွဲ့ကြီး Eagles ၏ ဂစ်တာသမား Joe Walsh က ကယ်လီဖိုးနီးယားပြည်နယ်ရှိ မြင်းခြံကြီးကို ရောင်းချမည်

ကမ္ဘာကျော်တေးဂီတအဖွဲ့ကြီး Eagles ၏ ဂစ်တာသမား Joe Walsh က ကယ်လီဖိုးနီးယားပြည်နယ်ရှိ မြင်းခြံကြီးကို ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
13 Feb 2019 11:58 am တွင် တင်ခဲ့သည်
710 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော် ရော့ခ်ဂီတဂန္ထဝင်အဖွဲ့ကြီးဖြစ်သော Eagles ၏ ဂစ်တာသမား Joe Walsh က ကယ်လီဖိုးနီးယားပြည်နယ်ရှိ မြင်းခြံကြီးကို အရောင်းဈေးကွက်တင်လာသည်။

ခြံဝန်းအကျယ်အဝန်းမှာ ၄ ဧကရှိပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ အန်စီနီတက်စ်မြို့ကလေးတွင် တည်ရှိသော မြင်းခြံကြီးကို ဂျိုးဝဲ့ရှ်က ကန်ဒေါ်လာ ၂ ဒသမ ၈ သန်း ဈေးခေါ်ထားသည်။

အော်လီဗန်ဟိန်းဒေသဝန်းကျင်သည် မြင်းခြံတစ်ခုတည်ထောင်ရန် နေရာကောင်းတစ်ခုဖြစ်ပြီး မြေပြင်မှာ ပြန့်ပြူးကာ မိုင်ချီရှည်လျားသော မြင်းစီးလမ်းနှင့် နီးကပ်စွာတည်ရှိသည်။

မြို့တွင်းတွင်ကား တည်နေသည်မဟုတ်ချေ။

ခြံဝန်းကျယ်ကြီးအတွင်း မြင်းပြိုင်ကွင်းတစ်ခု၊ စားကျက်များ၊ မြင်းခြံများ၊ မြင်း ၆ ကောင်ထားရှိနိုင်သည့် မြင်းဇောင်းအကန့်နေရာများ၊ မြင်းရေချိုးသည့် ရေပန်းနေရာတို့ ပါဝင်သည်။

ပင်မနေအိမ်ကို ၁၉၉၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ပြုပြင်မွမ်းမံမှုအချို့ ပြုလုပ်ထားပြီး ဖြစ်သည်။

လက်ရှိအားဖြင့် ပင်မနေအိမ်၏ ကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၅၆၃၅ ပေရှိပြီး အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၅ ခန်း ပါဝင်သည်။

ဂျိုးဝဲ့ရှ်နှင့် သူ၏ဇနီး မာဂျိုရီ ဘက်ခ်ျတို့က ၂၀၀၇ ခုနှစ်တွင် ကန်ဒေါ်လာ ၃၀၇၉၅၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

မာဂျိုရီဘက်ခ်ျသည် ကမ္ဘာကျော် ရော့ခ်ဂီတသမားကြီး ရင်ဂိုစတား၏ ဇနီး ဘာဘရာဘက်ခ်ျနှင့် ညီအစ်မဖြစ်ရာ ရင်ဂိုစတားနှင့် ဂျိုးဝဲ့ရှ်တို့မှာ မယားညီအစ်ကို တော်စပ်လေသည်။

ဂျိုးဝဲ့ရှ်တွင် ယခုမြင်းခြံကြီးသာမက အခြားနေအိမ်များစွာလည်း ပိုင်ဆိုင်ထားသေးကာ ယခုဒေသအတွင်းတွင်ပင် ၎င်းပိုင်ဆိုင်သည့် နေအိမ်များ ရှိနေသေးသည်။

သို့ရာတွင် ယခုမြင်းခြံကြီးသည်ကား Eagles အဖွဲ့ကြီး၏ အဖွဲ့ဝင်များကို ဧည့်ခံလေ့ရှိသည့်နေရာတစ်ခုဖြစ်ကြောင်း အရောင်းဈေးကွက်တင်သွင်းပေးခဲ့သော Sotheby's International Realty မှ အိမ်ခြံမြေအကျိုးဆောင် ဘရက်ထ် ဒစ်ကင်ဆန်က ပြောကြားသည်။

“ဒီနေရာဟာ သူ့အတွက်တော့ အပန်းဖြေဖို့ သီးသန့်နေရာတစ်ခုပါပဲ။ သူ့သီချင်းအများအပြားကို ဒီမြင်းခြံကြီးထဲမှာ ဖန်တီးခဲ့တာ ဖြစ်ပါတယ်” ဟု ဒစ်ကင်ဆန်က ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။

The Rich Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service