စီမံကိန်း ၃ဝ ကို အစိုးရက ဦးစားပေး အကောင်အထည်ဖော်မည်

စီမံကိန်း ၃ဝ ကို အစိုးရက ဦးစားပေး အကောင်အထည်ဖော်မည် - Property News in Myanmar from iMyanmarHouse.com
11 Feb 2019 10:38 am တွင် တင်ခဲ့သည်
2497 ကြိမ် ကြည့်ရှု့ပြီး

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဦးစားပေးအကောင်အထည်ဖော်သွားမည့် စီမံကိန်း ၃ဝ ကို ၂ဝ၁၉ ခုနှစ် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတွင် အစိုးရအဖွဲ့က ချပြခဲ့သည်။

အစိုးရအဖွဲ့သည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) အရ စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုလုပ်ငန်းနှင့် မြို့ပြဖွံ့ဖြိုးရေးနှင့် သယ်ယူပို့ဆောင်ရေး စသည့်ကဏ္ဍသုံးကြီးသုံးရပ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းကဏ္ဍကြီးသုံးရပ်အတွင်းမှ စီမံကိန်း ၃ဝ ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

''မြန်မာ့ဖွံ့ဖြိုးရေးမှာ အခြေခံအဆောက်အအုံ လိုအပ်မှုကွာခြားချက် စိန်ခေါ်ချက်တွေရှိနေဆဲ ဖြစ်ပါတယ်။ ကမ္ဘာမှာ လျှပ်စစ်ထုတ်လုပ်မှု အနည်းဆုံးနိုင်ငံ ဖြစ်နေပါတယ်။ ကုန်သွယ်မှုမြှင့်တင်ဖို့ ဆိပ်ကမ်းတွေကို အဆင့်မြှင့်တင်ဖို့ လိုနေပါတယ်။ ဒီလိုအပ်ချက်ကို ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းအဖြစ် ပြောင်းလဲဖို့လိုပါတယ်''ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Invest Myanmar Summit ၂ဝ၁၉ ဖွင့်ပွဲ အမှာစကားတွင် ထည့်သွင်းပြောခဲ့သည်။

အစိုးရအဖွဲ့က အခြေခံအဆောက်အအုံ လိုအပ်ချက်ကို ဖြည့်ဆည်းရန် ဦးစားပေးဆောင်ရွက်နေလျက်ရှိရာ ၄င်းကဏ္ဍများအတွက် ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ခြင်းကို အဓိကထားလုပ်ဆောင်နေသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသောင်းထွန်းက ပြောသည်။

သယ်ယူပို့ဆောင် ဆက်သွယ်ရေးကဏ္ဍကြီးတွင် ဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းငါးခု၊ လေဆိပ်စီမံကိန်းနှစ်ခု၊ ရထားလမ်းစီမံကိန်းနှစ်ခု၊ ဟိုင်းဝေးလမ်းစီမံကိန်းခုနစ်ခု၊ တံတားစီမံကိန်းတစ်ခုနှင့် အခြားစီမံကိန်းတစ်ခုတို့ ပါဝင်သည်။

ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်းများကို ၂ဝ၂၁ ခုနှစ် အပြီးတည်ဆောက်ရန် လျာထားပြီး ဧရာဝတီမြစ်အတွင်း ဗန်းမော်၊ ပခုက္ကူနှင့် မကွေး သုံးနေရာနှင့် ချင်းတွင်းမြစ်အတွင်း ကလေးဝနှင့် မုံရွာဆိပ်ကမ်းနှစ်ခု ပါဝင်သည်။

ရထားလမ်းစီမံကိန်းတွင် မန္တလေး-မူဆယ် ရထားလမ်း အဆင့်မြှင့်တင်ခြင်းနှင့် တမူး-ကလေး ရထားလမ်းသစ်စီမံကိန်းတို့ ပါဝင်သည်။ လေဆိပ်စီမံကိန်းတွင် မြောက်ဦးနှင့် သံတွဲလေဆိပ်စီမံကိန်း ပါဝင်သည်။ အမြန်လမ်းစီမံကိန်းတွင် ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပုသိမ်၊ ရန်ကုန်မြို့တွင်း အမြန်လမ်း၊ ရန်ကုန်မြို့ပြင် အမြန်လမ်း၊ နေပြည်တော်-ကျောက်ဖြူ အမြန်လမ်း၊ မန္တလေး-ထီးချိုင့်-မူဆယ် အမြန်လမ်းနှင့် မြစ်ကြီးနား-ထီးချိုင့် အမြန်လမ်းစီမံကိန်းများ ပါဝင်သည်။ ၄င်းစီမံကိန်းများအနက် မန္တလေး-မူဆယ် ရထားလမ်းသစ် စီမံကိန်းကိုမူ ကန်ဒေါ်လာ သန်း ၅ဝဝ အထက်နှင့် ၂ဝ၂၈ ခုနှစ်တွင် ပြီးစီးရန် လျာထားသည့် စီမံကိန်း ဖြစ်သည်။

စက်မှုနှင့် မြို့ပြဖွံ့ဖြိုးရေးကဏ္ဍကြီးတွင်မူ ကန်ဒေါ်လာ သန်း ၅ဝဝ အထက် လျာထားသည့် လှည်းကူးမြို့က အစိမ်းရောင်စီးပွားရေးမြို့တော် ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပြင်ဦးလွင်မြို့က မန္တလေးအပန်းဖြေဝန်ဆောင်မှု မြို့သစ်စီမံကိန်းနှစ်ခုတို့ ပါဝင်သည်။ ထို့ပြင် မကွေးတိုင်း ချောက်၊ ဆိပ်ဖြူနှင့် အောင်လံမြို့တို့တွင် တည်ထောင်မည့် ဓာတ်မြေသြဇာစက်ရုံစီမံကိန်းသုံးခု၊ ရန်ကုန်တိုင်း သန်လျင်မြို့နယ်တွင် ဆောင်ရွက်မည့် New Integrated Refinery and Petrochemical Complex နှင့် လှိုင်သာယာမြို့နယ်တွင် ဆောင်ရွက်မည့် Myanmar Industrial Waste Water Public Private စီမံကိန်းနှစ်ခု တို့ ပါဝင်သည်။

လျှပ်စစ်စွမ်းအင်ကဏ္ဍကြီးတွင်မူ လျှပ်စစ်စွမ်းအင်စီမံကိန်းငါးခု ဆောင်ရွက်ရန် လျာထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်မည့် ဆိုလာစွမ်းအင် စီမံကိန်း၊ ရန်ကုန်မြို့တွင် ဆောင်ရွက်မည့် ဓာတ်ငွေ့လောင်စာစွမ်းအင်စီမံကိန်း၊ မန္တလေးတိုင်း ကျောက်ဆည်မြို့တွင် ပြုလုပ်မည့် ပြန်ပြည့်မြဲ ရေအား လျှပ်စစ်စီမံကိန်းနှင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့တွင် ပြုလုပ်မည့် သောက်ရေကန်ရေအားလျှပ်စစ်စီမံကိန်းနှင့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ပြုလုပ်မည့် လေအားလျှပ်စစ် စီမံကိန်းတို့ ပါဝင်သည်။

 

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service