ကန်ဒေါ်လာ သန်း ၂၅၀ ဈေးကွက်တင်ခဲ့ဖူးသည့် စံအိမ်ကြီးရောင်းမထွက်သောကြောင့် သန်း ၁၀၀ ခန့် ဈေးလျှော့ကာ အရောင်းဈေးကွက်ပြန်လည်ဝင်ရောက်လာ

ကန်ဒေါ်လာ သန်း ၂၅၀ ဈေးကွက်တင်ခဲ့ဖူးသည့် စံအိမ်ကြီးရောင်းမထွက်သောကြောင့် သန်း ၁၀၀ ခန့် ဈေးလျှော့ကာ အရောင်းဈေးကွက်ပြန်လည်ဝင်ရောက်လာ - Property News in Myanmar from iMyanmarHouse.com
22 Jan 2019 12:28 pm တွင် တင်ခဲ့သည်
1871 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်ထောင်စု၏ ဈေးအကြီးဆုံးစံအိမ်ကြီးအဖြစ် စံချိန်တင်ခဲ့ဖူးပြီး ယခင်က ကန်ဒေါ်လာ သန်း ၂၅၀ ဖြင့် အရောင်းဈေးကွက် တင်ခဲ့ဖူးသော စံအိမ်ကြီးမှာ ကာလအတန်ကြာသည့်တိုင် ရောင်းမထွက်သောကြောင့် ယခုအခါ ကန်ဒေါ်လာ သန်း ၁၀၀ ခန့်အထိ ဈေးလျှော့ပေးကာ အရောင်းဈေးကွက် ပြန်တင်လာသည်။

လော့စ်အိန်ဂျလိမြို့၏ ကမ္ဘာကျော်များခြေချရာ Bel Air အရပ်တွင် တည်ရှိပြီး တစ်ဘီလီယံ၏ လေးပုံတစ်ပုံခန့်အထိ ဈေးခေါ်ကာ ဈေးကွက်တင်ခဲ့ဖူးသည်။

မှန်များဖြင့် အသားပေးဆောက်လုပ်ထားသည့် လေးထပ်တိုက် အဆောက်အအုံကြီးဖြစ်ပြီး developer ဘရုစ် မာကော့စကီးက ဆောက်လုပ်ခဲ့သည့် စံအိမ်ကြီးဖြစ်သည်။

ခေါင်မိုးပေါ်တွင် ရဟတ်ယာဉ်ကွင်းတစ်ခုပင် ထည့်သွင်းထားပြီး Louis Vuitton အမှတ်တံဆိပ် လမ်းကြောင်း ၄ ခုပါ ဘိုးလင်းကစားကွင်းလည်း ပါဝင်သည့် စံအိမ်ကြီးကို ယခုအခါ ကန်ဒေါ်လာ သန်း ၁၅၀ ခန့်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း developer က ကြော်ငြာထားသည်။

သန်း ၂၅၀ ဖြင့် ဈေးကွက်တင်ခဲ့ပြီး ရောင်းမထွက်ချိန်တွင် developer ၏ အကြီးကျယ်ဆုံး ဂန္ထဝင်လက်ရာဟု ဖော်ပြကာ ကန်ဒေါ်လာ ၁၈၈ သို့ ဈေးလျှော့ချပေးပြီး ဈေးကွက်တင်ခဲ့ဖူးသေးသည်။

ယင်းနောက်ပိုင်းတွင် လော့စ်အိန်ဂျလိရှိ အခြားသေးငယ်သော နေအိမ်များစွာမှာ ကန်ဒေါ်လာ သန်း ၁၀၀ နီးပါးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့်တိုင် ယခုစံအိမ်ကြီးမှာ ရောင်းမထွက်ခဲ့ချေ။

ဧပြီလအတွင်း ကမ္ဘာကျော် Hard Rock Café တည်ထောင်သူ ပီတာ မော်တန်က စတုရန်းပေ ၈၀၀၀ ကျယ်ဝန်းသော မာလီဘူးစံအိမ်ကို ကန်ဒေါ်လာ သန်း ၁၁၀ ဖြင့် ရောင်းထုတ်ခဲ့ဖူးသည်။

လွန်ခဲ့သော တစ်နှစ်ခန့်ကလည်း တန်ဖိုးကြီးဇိမ်ခံအိမ်ခြံမြေအကျိုးဆောင် ကာ့ထ် ရက်ပါပေါ့ထ်က မာလီဘူးရှိ စံအိမ်ကို ကန်ဒေါ်လာ ၈၅ သန်း၊ နေအိမ်တွင်းရှိ ပစ္စည်းများကို ကန်ဒေါ်လာ ၃၅ သန်း၊ စုစုပေါင်း ကန်ဒေါ်လာ သန်း ၁၂၀ ခန့်ဖြင့် ရောင်းထွက်ခဲ့သည်။

သို့ရာတွင် ယခုအချိန်တွင်ကား ကမ္ဘာ့ထိပ်သီး သူဌေးကြီးများမှာ ဇိမ်ခံရွက်လှေကြီးများ၊ ကိုယ်ပိုင်ဂျက်လေယာဉ်များတွင် ဒေါ်လာ သန်း ၂၀၀ ခန့် သုံးနေသော်လည်း နေအိမ်တစ်လုံးအတွက်မူ ထိုမျှငွေမသုံးလိုကြတော့သည့် လက္ခဏာများပြသနေသည်။

“အခုချိန်မှာ ဘီလျံနာတွေ၊ အရမ်းချမ်းသာတဲ့ အိမ်ခြံမြေဝယ်လက်တွေဟာ နေအိမ်တစ်လုံးအတွက် ကန်ဒေါ်လာ သန်း ၂၀၀ လောက်သုံးဖို့ အသင့်မဖြစ်တော့ဘူး။ ဒါကြောင့် ကျွန်တော်တို့က ဈေးလျှော့ပေးပြီး ဈေးကွက်ပြန်တင်ခဲ့တာဖြစ်ပါတယ်” ဟု ဘရုစ် မာကော့စကီးက ပြောကြားသည်။

လက်ရှိ ကမ္ဘာဘဏ္ဍာရေးလောက အခြေအနေမှာလည်း မငြိမ်သက်လှသောကြောင့် ခေါ်ဈေးကို လျှော့ချပေးလိုက်ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service