ဒဂုံအရှေ့နဲ့ မြောက်ဒဂုံ ရပ်ကွက်အချို့ မှာ သံဖရိမ်နဲ့ ဆောက်တဲ့ အိမ်တွေများလာ

ဒဂုံအရှေ့နဲ့ မြောက်ဒဂုံ ရပ်ကွက်အချို့ မှာ သံဖရိမ်နဲ့ ဆောက်တဲ့ အိမ်တွေများလာ - Property News in Myanmar from iMyanmarHouse.com
22 Jan 2019 11:03 am တွင် တင်ခဲ့သည်
5415 ကြိမ် ကြည့်ရှု့ပြီး

ဒဂုံမြို့သစ်အရှေ့ ပိုင်းနဲ့ ဒဂုံမြောက်ပိုင်းမြို့နယ်က ရပ်ကွက်တချို့မှာ စရိတ်သက် သာတဲ့ သံဖရိမ်နဲ့နေအိမ်တွေ ဆောက်လုပ်မှုများလာသလို ပြောင်းရွှေ့နေထိုင်သူ ရော၊ အငှား ချထားသူတွေပါ များလာတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေဆီ က သိရပါတယ်။

ဒဂုံအရှေ့ရပ်ကွက်တွေမှာ စက်ရုံ၊ အလုပ်ရုံတွေပေါများတာ ကြောင့် အဆောင်နေသူတွေ အိမ်ငှားတွေ ပေါများနေပါတယ်။ ဒဂုံအရှေ့ပိုင်းက ၁၈ရပ်ကွက်မှာဆိုရင် မြန်မြန်ဆန်ဆန်နဲ့ အလွယ်တကူ ဆောက်နိုင်တဲ့ သံဖရိန်အိမ် တွေအခန်းတွဲတွေဆောက်လုပ် ပြီး အခန်းငှားတာတွေ များနေတာ ကို တွေ့ရပါတယ်။

ဒဂုံလေးမြို့နယ် အိမ်ခြံမြေအကျိုးဆောင်ကိုအောင်သူရက “ ပေ ၂၀ မြေပေါ်မှာဆိုရင် သံဖရိန်တွေ ဆောက်ပြီး အခန်းတွဲတွေခွဲပြီး အငှားချထားတာတွေများလာတယ်” လို့ ပြောပါတယ်။

နယ်ကလာတဲ့ သူတွေ၊ စက်ရုံအလုပ်သမားတွေပေါတာကြောင့်ဆောက်ပြီး အခန်းငှားခတွေက တစ်လကိုကျပ် ၄၀,ဝဝဝ၊ ၅၀,ဝဝဝ လောက် ရှိပါတယ်။

ဒါ့ပြင် ဒဂုံမြောက်ပိုင်းရပ်ကွက်တချို့ကို ပြောင်းရွှေ့နေထိုင်လာသူတွေကလည်း ကုန်ကျစရိတ် ၁၅ သိန်းလောက်နဲ့ စဆောက်နိုင်တဲ့ သံဖရိန်အိမ်တွေ ကို ဆောက်လာတာပိုများတယ်လို့ ဒဂုံမြောက်ပိုင်းရပ်ကွက်နေထိုင်သူတွေဆီ က သိရပါတယ်။

အိမ်ဆောက်လိုသူတွေက သံဖရိန်နဲ့ တန်ဖိုးနည်းအိမ်အပြီးအစီး ဆောက်လုပ်ပေးသူတွေကို အပ် ပြီး ဆောက်ကြတာဖြစ်ပါတယ်လို့ လည်း သိရပါတယ်။

သံဖရိန်အိမ်ဆောက်ရာမှာဆို ၁၅ သိန်းလောက်က စဆောက်နိုင်ပြီး ၃၅ သိန်းလောက်ဆိုရင် ခိုင်ခံ့ပြီးကောင်းမွန်တဲ့အိမ်တစ်လုံး ရရှိနိုင်ပါတယ်။ ၂၅ သိန်း၊ ၃၅ သိန်း၊ သိန်း ၄၀ဆိုပြီး မြေကွက် အကျယ်ပေါ်မူတည်ပြီး ကုန်ကျစရိတ်ကွာခြားသွားတာကို တွေ့ရ ပါတယ်။

ဒဂုံမြောက်ပိုင်း၊ ဗိုလ်ဗထူး လမ်း (၂) လမ်းနေထိုင်သူဦးထွန်းထွန်းကျော်က “ ကျွန်တော် စ ဆောက်တော့ ၁၀သိန်းလောက်နဲ့ စဆောက်တာ၊ ကိုယ့်ကို ဆောက်တာဆိုရင် ပုံစံမကျတာကို ပြင်ရင်း ပြင်ရင်း သိန်း၂၀ လောက်ကုန်တယ်၊ မြေကွက်လဲဝယ်ရသေးတာဆိုတော့ ကုန်ကျစရိတ်သက်သာတဲ့ သံဖရိန်အိမ်ကိုဆောက်ဖြစ်တယ်၊ ပြီးတော့ ခိုင်ခံ့မှုလဲ ရှိတယ်” လို့ ပြောပါတယ်။

သံဖရိန်အိမ်တွေက သံချေးမတက်အောင် ဆေးသုတ်ထိန်း သိမ်းရတာတွေရှိပေမဲ့ စရိတ်သက်သာပြီး ခိုင်ခံ့မှုရှိတာကြောင့် အခြေခံလူတန်းစားတွေ ဆောက်တာ တွေ ပိုများလာတာကို တွေ့ ရပါတယ်။

Credit: Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service