ဥပဒေအရ ခွင့်ပြုချက်မကျမီ မြေလွတ်၊ မြေရိုင်းများကို အသုံးပြုခွင့်မပေးထားဟု တနင်္သာရီအစိုးရထုတ်ပြန်

ဥပဒေအရ ခွင့်ပြုချက်မကျမီ မြေလွတ်၊ မြေရိုင်းများကို အသုံးပြုခွင့်မပေးထားဟု တနင်္သာရီအစိုးရထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
14 Jan 2019 10:42 am တွင် တင်ခဲ့သည်
661 ကြိမ် ကြည့်ရှု့ပြီး

တနင်္သာရီတိုင်းဒေသ ကြီးရှိ ကျွန်းမြေများနှင့်အခြားမြေ များအသုံးပြုပိုင်ခွင့်ကို ဥပဒေအရ ခွင့်ပြုချက်မကျမီ လုပ်ငန်းရှင် များ၊ ကုမ္ပဏီနှင့်အဖွဲ့အစည်းများ ကို ခွင့်ပြုထားခြင်းမရှိကြောင်း တိုင်းအစိုးရအဖွဲ့က သတင်း ထုတ်ပြန်သည်။

တိုင်းအတွင်း ကျွန်းမြေများ နှင့် အခြားမြေများတွင် မွေး မြူရေးနှင့် အခြားလုပ်ငန်းများလုပ် ကိုင်ရန် ဒေသနေပြည်သူများ၊ လုပ်ငန်းရှင်များ၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများက လျှောက်ထားနေ ရာ မြေအမျိုးအစားများအလိုက် ပြဋ္ဌာန်းထားသောဥပဒေများနှင့် အညီလုပ်ကိုင်ခွင့်လျှောက်ထား စေ၍ ခွင့်ပြုနေကြောင်း ဇန်န၀ါရီ ၉ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

လောင်းလုံးကမ်းရိုးတန်းဒေသအတွင်း ကျွန်းသုံးကျွန်းနှင့်ကမ်း ခြေမြေနေရာတစ်ခုတို့တွင် Excellent Fortune Development Group ကုမ္ပဏီလီမိတက်ကနိုင်ငံ တကာအဆင့်မီဟိုတယ်၊ အပန်း ဖြေစခန်းများ၊ ဇိမ်ခံသင်္ဘောများ ရပ်နားနိုင်သည့်ဆိပ်ကမ်း၊ ရေ ပေါ် ရေအောက်ကစားကွင်းများ၊ အိမ်ရာစီမံကိန်းများဆောင်ရွက်နိုင်ရန် မြေလွတ်၊ မြေလပ်နှင့်မြေ ရိုင်းဧကစုစုပေါင်း ၃၀၀ ခန့်ကို လုပ်ကိုင်ခွင့်ပြုရန် လျှောက်ထားမှု အပေါ် ဒေသခံပြည်သူများအ ကြား ကန့်ကွက်မှုများထွက်ပေါ်လာပြီးနောက် တိုင်းအစိုးရအဖွဲ့က ယင်းသို့ သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။

ထို့အပြင် Excellent Fortune Development Group ကုမ္ပဏီလီမိတက်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ကိုင်ခွင့် လျှောက်ထားသည့်နေရာများ သည် ဒေသခံရေလုပ်သားများ အမှီပြုလုပ်ကိုင်စားသောက်ရာ ဒေသများဖြစ်သည့်အပြင် ရှေးဟောင်းမြို့တည်ရှိရာနေရာများ ပါဝင်နေသဖြင့် ကန့်ကွက် ကြောင်း ဒေသခံ ၅၀၀ ခန့်နှင့်ဒေသတွင်းအရပ်ဘက်အဖွဲ့အစည်း ၁၇ ဖွဲ့အပါအ၀င် ထားဝယ်တိုင်းရင်းသားများပါတီက ထုတ်ပြန်ထားသည်။

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားမှုများအပေါ် ကန့်ကွက်မှုများရှိပါက မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲ ရေးဥပဒေအရ မြေနေရာအသုံးပြု ခွင့်လျှောက်ထားသည့်မြို့နယ်ကို စိစစ်စေခြင်းမရှိဘဲအခြားမြို့နယ် မှ သီးခြားအဖွဲ့များဖြင့်စိစစ်ပြီး တင်ပြစေကြောင်း တိုင်းအစိုးရအဖွဲ့သတင်းထုတ်ပြန်ချက်တွင်ဖော် ပြသည်။

ထို့အပြင် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက် ရရှိပြီးမှသာ အစိုးရအဖွဲ့နှင့်လုပ် ငန်းဆောင်ရွက်မည့်ကုမ္ပဏီ၊ အဖွဲ့အစည်းများအကြား မြေငှား ရမ်းခြင်းဆိုင်ရာသဘောတူစာ ချုပ်နှင့် တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာသဘောတူ စာချုပ်များချုပ်ဆို၍ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နေ ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထိုသို့ဆောင်ရွက်ရာတွင်လည်း ဒေသခံပြည်သူများ၏ သဘောထားများရယူကာ အလေး ထား ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လောင်းလုံးကမ်းရိုးတန်းဒေ သတွင် မြေလွတ်၊ မြေလပ်နှင့်မြေ ရိုင်းဧက ၃၀၀ ခန့်အသုံးပြုခွင့်ရရန် လျှောက်ထားသည့် Excellent Fortune Development Group ကုမ္ပဏီလီမိတက်သည် ၂၀၁၈ အောက်တိုဘာ ၉ ရက်က တိုင်း အစိုးရအဖွဲ့ထံ လာရောက်တွေ့ဆုံစဉ် ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုရန်ဆိုကာ ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့သည့်ကုမ္ပဏီဖြစ်သည်။

ယင်းသို့ လှူဒါန်းငွေကို တိုင်းအစိုးရအဖွဲ့က လက်ခံရယူ ခြင်းသည် ကုမ္ပဏီလုပ်ငန်း ဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့မှုရှိစေရန် အစိုးရအဖွဲ့ ထံသို့ သွယ်ဝိုက်သောနည်းဖြင့် လာဘ်ထိုးခြင်းဖြစ်ကြောင်း ဒေ သခံများအကြား ဝေဖန်မှုမြင့် တက်ခဲ့သည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကုမ္ပဏီကလှူဒါန်းသဖြင့် တိုင်းအစိုးရအဖွဲ့က လက်ခံခြင်းဖြစ်ပြီး ကုမ္ပဏီနှင့် အစိုးရအဖွဲ့အကြားမည်သည့် သဘောတူညီချက်မျှမရှိကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ညွှန်ကြားရေးမှူးဦးမိုးဇော် လတ်ကဝေဖန်မှုများထွက်ပေါ်နေ သည့်အပေါ် ရှင်းလင်းသည်။

ထို့ကြောင့် ကုမ္ပဏီ၏မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လျှောက်ထားမှုကိုလည်း ဥပဒေ နှင့်အညီသာ ခွင့်ပြုမည်ဖြစ် ကြောင်း ဦးမိုးဇော်လတ်က 7Day Daily သတင်းစာအားပြောကြား ထားသည်။

Credit:  7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
ဟင်နရီ ဇီးဂလန်းဆိုသူကို ၎င်း၏ ယောက်ဖက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ လွဲချော်သွားပြီး သစ်ပင်ထဲ ကျည်ဝင်သွားခဲ့၊ နှစ် ၂၀ အကြာတွင် ဇီးဂလန်းက သစ်ပင်ကို ဒိုင်းနမိုက်ဖြင့် ခွဲကာ လှဲခဲ့ရာ ကျည်ပြန်ထွက်လာပြီး နဖူးမှန်ကာ သေဆုံးခဲ့ရ...

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service