တရုတ်ပြည်တွင် တိုက်ခန်းပေါင်း သန်း ၅၀ ခန့် နေထိုင်သူမရှိဘဲ လူသူကင်းမဲ့လျက်ရှိ

တရုတ်ပြည်တွင် တိုက်ခန်းပေါင်း သန်း ၅၀ ခန့် နေထိုင်သူမရှိဘဲ လူသူကင်းမဲ့လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
13 Nov 2018 11:46 am တွင် တင်ခဲ့သည်
1774 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်တွင် လူနေအိမ်များ၏ ငါးပုံတစ်ပုံမှာ လူသူကင်းမဲ့လျက်ရှိနေပြီး ယင်းပမာဏမှာ သန်း ၅၀ ခန့်ဖြစ်ကြောင်း ဘလွန်းဘာ့ဂ်ျ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဟောကြားလမ်းညွှန်ချက်ဖြစ်သော “နေအိမ်သည် လူနေရန်သာဖြစ်သင့်သည်”ဟူသည့်စကားမှာလည်း ဆွံ့အနားမကြားတို့ကို ပြောနေရသကဲ့သို့ဖြစ်နေပြီး တိုက်ခန်းနှင့် လူနေအိမ် သန်းပေါင်းများစွာမှာ နေထိုင်သူမရှိဘဲ လူသူကင်းမဲ့လျက်ရှိ နေသည်။

မကြာမီထုတ်ပြန်တော့မည့် သုတေသနစစ်တမ်းတစ်ခုတွင် တရုတ်ပြည်မြို့ပြလူနေအိမ်များ၏ ၂၂ ရာခိုင်နှုန်းခန့်မှာ လူသူနေထိုင်ခြင်းမရှိကြောင်း ဖော်ပြပါရှိမည်ဖြစ်သည်ဟု တရုတ်ပါမောက္ခ ဂန်လီက ပြောကြားသည်။

ပါမောက္ခဂန်လီက အဆိုပါလေ့လာချက်ကို တရုတ်ပြည်တစ်ဝန်းလုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူသူကင်းမဲ့လျက်ရှိသော နေအိမ်လွတ် ပေါင်း သန်း ၅၀ ကျော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တရုတ်အာဏာပိုင်တို့အတွက် ခြောက်ခြားဖွယ်ဖြစ်ရပ်ကား အိမ်ခြံမြေဈေးကွက်တွင် အလားအလာမကောင်းသည့် လက္ခဏာပေါ်လာသည့်နှင့် အိမ်ပိုင်ရှင်တို့မှာ အလျင်စလိုရောင်းထုတ်လာကြခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်းများ ၂၀၁၇ ခုနှစ် စစ်တမ်းတစ်ရပ်အရ အိမ်ခြံမြေဈေးကစားမှုများကို ကိုင်တွယ်ရန် အစိုးရ၏ ကြိုးပမ်းမှုများမှာလည်း အထမြောက် အောင်မြင်ခဲ့ခြင်း မရှိဟု ဆိုသည်။

“အခန်းလွတ်ပမာဏ ဒီလောက်ထိ မြင့်တက်နေတာမျိုး တခြားဘယ်နိုင်ငံမှ မရှိပါဘူး။” ဟု ပါမောက္ခ ဂန်လီက ပြောကြားသည်။

မစ္စတာဂန်လီသည် ချန်ဒူးပြည်နယ်ရှိ ဘဏ္ဍာရေးနှင့် စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခတစ်ဦးလည်း ဖြစ်သည်။

အစိုးရက ယခုပြဿနာကို ဖြေရှင်းနိုင်ရန် ကိုင်တွယ်လာနိုင်သည့် နည်းလမ်းတစ်ခုမှာ လူမနေသည့် အိမ်ခြံမြေများကို အခွန်တိုးမြှင့် ကောက်ခံသည့် နည်းလမ်းဖြစ်နိုင်ကြောင်း၊ သို့ရာတွင် မည်သည့်အိမ်ခြံမြေများကို အခန်းလွတ်အဖြစ် သတ်မှတ်မည်ဟူခြင်းမှာ လှည့်စားမှု တစ်မျိုးဖြစ်လာနိုင်သေးကြောင်း သုတေသီတို့က ဆိုသည်။

၂၀၁၃ ခုနှစ်က လေ့လာချက်တွင် နေအိမ်လွတ်ပေါင်း ၄၉ သန်းရှိကြောင်း ဖော်ပြခဲ့ပြီး ယခုအခါတွင် သန်း ၅၀ ကျော်အထိ ရှိလာခြင်း ဖြစ်သည်။

အိမ်ခြံမြေဈေးကစားမှုများမှာ တရုတ်ခေါင်းဆောင်တို့ကို နှစ်ပေါင်းများစွာ ထမင်းလုံးတစ္ဆေခြောက်နေသည့်အကြောင်းရပ် ဖြစ်ခဲ့ပြီး မြို့ကြီးများနှင့် ပြည်နယ်အချို့တွင် အိမ်ခြံမြေဝယ်ယူခြင်း တင်းကြပ်မှုများ ပြုလုပ်လိုက်သည်နှင့် အရင်းအနှီးသွင်းအားစုများမှာ အခြားဒေသများသို့ စီးထွက်သွားခြင်းကိုသာ တွေ့မြင်နေကြရသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြီးခဲ့သော ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလအတွင်း “နေအိမ်တွေဟာ လူနေဖို့အတွက် ဆောက်လုပ်ထားတာဖြစ်ပါတယ်။ ဈေးကစားဖို့မဟုတ်ပါဘူး”ဟု ပြောကြားခဲ့ဖူးသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

platinum-garden
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service