ပြောင်းလဲချိန်မှာ တိုးတက်လာတဲ့ မန္တလေး

ပြောင်းလဲချိန်မှာ တိုးတက်လာတဲ့ မန္တလေး - Property News in Myanmar from iMyanmarHouse.com
1 Nov 2018 10:53 am တွင် တင်ခဲ့သည်
1836 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးမြို့ကို အရှေ့တောင် အာရှမှာရှိတဲ့ မြို့တွေထဲမှာစမတ်စီးတီး (Smart City) ဖြစ်လာဖို့ အလားအလာအကောင်းဆုံး ၁၀ မြို့မှာပါဝင်တယ်လို့ သတ်မှတ် ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ မြို့တွေထဲမှာ မန္တ လေးက ပထမဆုံး နိုင်ငံတကာက ဖွံ့ဖြိုးတိုးတက်မှုကို အသိအမှတ် ပြုခံရတာ ဖြစ်ပါတယ်။

‘‘မန္တလေးမြို့ကို အရှေ့ တောင်အာရှရဲ့ ထိပ်တန်းစမတ် စီးတီး ၁၀ မြို့စာရင်းထဲမှာ ထည့် သွင်းထားတဲ့သတင်းကို ဖတ်လိုက်ရတော့ ပထမအံ့အားသင့်မိတယ်။ဒုတိယ ဂုဏ်ယူစိတ်ဖြစ်မိတယ်။ အံ့အားသင့်မိတဲ့ အကြောင်းက Top 10 လို့ သတ်မှတ်ခံရတဲ့ စာရင်းထဲမှာ မြန်မာနိုင်ငံက မြို့ကြီး တစ်မြို့ ပါဝင်လာလို့။ များသော အားဖြင့်တော့ မြန်မာနိုင်ငံနဲ့ ပတ် သက်ပြီး ဖော်ပြလေ့ရှိတဲ့ Survey တွေက Top 10 စာရင်းတော့ဝင် ပါရဲ့။ အဆိုးဆုံး၊ အညံ့ဆုံး (The Worst Top 10) တွေသာ များတတ်ပါတယ်။ ရာဇဝတ်အထူ ပြောဆုံး ထိပ်တန်း ၁၀ မြို့၊ ကျန်း မာရေးစောင့်ရှောက်မှု အညံ့ဖျင်း ဆုံး ၁၀ မြို့ စသည်ဖြင့် စာရင်း တွေမှာသာ တွေ့ရလေ့ရှိတယ်။ ဒီတစ်ခါတော့ အကောင်းဘက်က Top 10 စာရင်းဝင်မြို့အဖြစ် ရွေး ချယ်ထားတဲ့အတွက် နိုင်ငံသား တစ်ဦးအနေနဲ့ ဂုဏ်မယူဘဲ မနေနိုင်ပါဘူး’’လို့ စာရေးဆရာ အယ် ဒီတာ ဆရာချစ်ဝင်းမောင်က 7Day Daily သတင်းစာမှာ ဆောင်းပါးရေးပါတယ်။

မန္တလေးမြို့ကို စမတ်စီးတီး ဖြစ်လာဖို့ အလားအလာအကောင်းဆုံး ထိပ်တန်းစာရင်းဝင် မြို့တစ်မြို့အဖြစ် သတ်မှတ်ခံရ တာက ကံအားလျော်စွာ ဖြစ်လာတာ မဟုတ်ပါဘူး။ မန္တလေးတိုင်း ဒေသကြီး အစိုးရက မန္တလေးမြို့ ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်နိုင်မယ့် မြို့တော်ဝန်အဖြစ် ဒေါက်တာရဲလွင်ကို တာဝန်ပေးတယ်။ မြို့တော် စည်ပင်သာယာ ရေးကော်မတီဝင်တွေ ခန့်အပ်ရာ မှာလည်း လုပ်ငန်းအတွက် လိုအပ်ချက်နဲ့ ကိုက်ညီမယ့် အရည်အ ချင်းရှိသူတွေကို ရွေးချယ်တာဝန် ပေးတယ်။ ဒီလို တာဝန်ပေးအပ်ခံ ရတဲ့ကော်မတီဝင်တွေထဲမှာ တစ် ဦးကတော့ ဦးရဲမြတ်သူပါ။ ဦးရဲ မြတ်သူက ကွန်ပျူတာ အိုင်တီ နည်းပညာရှင်လည်းဖြစ်တယ်။ မြန်မာတွေ အသုံးများတဲ့ မြန်မာစာစာလုံး ဇော်ဂျီဖောင့် (Zaw Gyi Font) ကို ဖန်တီးတီထွင်သူလည်းဖြစ်တယ်။ ဦးရဲမြတ်သူကို မန္တလေးမြို့တော် စမတ်စီးတီးအရာရှိချုပ် (Chief Smart City Officer) အဖြစ် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ပေးပြီး ပုံဖော်စေခဲ့တာ ဖြစ်ပါ တယ်။

စမတ်စီးတီးဆိုတာကို လူအများစုက နားမယဉ်သေးတော့ ဘယ်လိုဟာမျိုးကြီးလဲလို့ တွေးမိ တာလည်း ရှိနိုင်ပါတယ်။ ဦးရဲ မြတ်သူကတော့ စမတ်စီးတီးနဲ့ ပတ်သက်ပြီး သူ့ဖေ့စ်ဘွတ်ခ်မှာ ယခုလိုရေးတယ်။

‘‘Smart City လို့ဆိုလိုက်ရင် တကယ့်ကို သိပ္ပံဇာတ်ကားတွေ ထဲကလို အထူးအဆန်းတွေနဲ့ မျက်လှည့်ပြသလို ထိုင်ရာမထလုပ်ပြ နေတဲ့ ဇိမ်ခံအလိုအလျောက်စနစ် တွေနဲ့ ခေတ်လွန်မြို့ကြီးကို မြင်မိ ကြတာများတယ်။ တကယ်တော့ Smart City ဆိုတာ Smart Phone တွေလိုပဲ ရိုးရိုးဖုန်းတွေနေ ရာ ခေတ်အလျောက် အစားဝင် ရောက်လာတဲ့ ခေတ်ကာလအရ ပေါ်ထွက်လာတဲ့အရာပါပဲ’’

(၃၂)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကျင်းပစဉ် က စင်ကာပူဝန်ကြီးချုပ် လီရှန် လွန်းက အာဆီယံစမတ်စီးတီး ကွန်ရက် (ASCN-ASEAN SmartCities Network)ထူထောင်ဖို့ အ ဆိုပြုခဲ့ပြီး အဖွဲ့ဝင်နိုင်ငံအားလုံး က သဘောတူညီခဲ့ကြတယ်။ အာ ဆီယံဒေသအတွင်းက မြို့ပေါင်း ၂၆ မြို့ကို ကနဦးရွေးချယ်ပြီး ဒီ ထဲကမှ စမတ်စီးတီး အလားအ လာ အကောင်းဆုံး ထိပ်တန်း ၁၀ မြို့ကို ဆန်ခါတင်ရွေးတာပါ။ ဒီလိုထုတ်ပြန်ကြေညာနိုင်ဖို့ ရွေး ချယ်ရာမှာ Govlnsider, The ASEAN Post, The Economist Intelligence Unit (EIU), The ASCN Project Profile တို့ကို အခြေခံအသုံးပြုကာ သုတေသန လုပ်ပြီးမှ ရွေးတာဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ စမတ်စီးတီး တွေ တည်ထောင်ပြီး မိမိတို့ရဲ့ ပြည်သူ၊ ပြည်သားတွေရဲ့ လူနေ မှုအဆင့်ကို မြှင့်တင်ကြတယ်။ အာဆီယံဒေသမှာလည်း စမတ် စီးတီးတွေ တည်ထောင်ဖော် ဆောင်ကြဖို့ ရည်ရွယ်ချက်ထား ကြတယ်။

စမတ်စီးတီးရဲ့ အခြေခံရည် မှန်းချက်ကတော့ နည်းပညာကို အသုံးပြုပြီး ပြည်သူလူထုရဲ့ ဘဝတွေကို မြှင့်တင်ပေးဖို့ ဖြစ်ပါ တယ်။ ပြည်သူလူထုကို ဝန်ဆောင်မှုပေးရာမှာ နည်းပညာကို အသုံး ပြုတဲ့အတွက် ပိုမိုလွယ်ကူမြန် ဆန်လာစေတာမျိုး ဖြစ်ပါတယ်။ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက နည်းပညာကို အသုံးပြုပြီး ဝန်ဆောင်မှုပေးနေ တာတွေကို နမူနာဖော်ပြရရင် အ မှိုက်ကားတွေမှာ တည်ရှိရာနေရာ ပြ GPS (Global Positioning System) စနစ် တပ်ဆင်ပါတယ်။ ဒီလိုတပ်ဆင်ထားတဲ့အတွက် ကြောင့် အမှိုက်ကားတစ်စီးဟာ သူအမှိုက်သိမ်းရမယ့် လမ်းကြောင်း မှန်အတိုင်း သွား၊ မသွား ကြပ် မတ်စိစစ်ကြည့်နိုင်တယ်။ အမှိုက် ကား လမ်းမှာ စက်ချွတ်ယွင်းနေ ရင်လည်း ချက်ချင်းသိနိုင်ပြီး အ စားထိုးပေးနိုင်တယ်။ ရေပေးရေး လုပ်ငန်းမှာ ရေသုံးစွဲမှုပမာဏကို အိမ်ဝင်းထဲ၊ နေအိမ်တိုက်တာထဲ မှာ တပ်ဆင်ထားတဲ့ ရေမီတာကို ဝန်ထမ်းကဝင်ဖတ်ရတယ်။ စာရင်းမှတ်တမ်းသွင်းပြီး ကျသင့် ငွေတွက်ရတယ်။ ငွေတောင်းခံ လွှာပြန်ပို့၊ စည်ပင်ရုံးကို ငွေသွား ရောက်သွင်းစေရတယ်။ ယခုအခါAMR (Automatic Meter Reading) ခေါ်တဲ့ အိမ်ရှေ့လမ်းမ ပေါ်မှာ ဝန်ထမ်းက ဖြတ်လျှောက်သွားရုံနဲ့ အိမ်ဝင်းထဲ၊ တိုက်အိမ်ထဲ မှာ တပ်ဆင်ထားတဲ့ ရေမီတာကို အလိုအလျောက် ဖတ်ရှုပြီးဖြစ် ကာ သက်ဆိုင်ရာ ရုံးဌာနကိုလည်းချက်ချင်းသတင်းပေးပို့ပြီးဖြစ်တဲ့ နည်းပညာသုံး ရေမီတာကို မန္တလေးမြို့က ရပ်ကွက်တချို့မှာ စတင်ပြောင်းလဲတပ်ဆင်ပေးနေ ပြီဖြစ်ပါတယ်။

မန္တလေးမြို့မှာ နေထိုင်သူ တွေကတော့ မီးပွိုင့်တွေ ပြောင်း လဲတိုးတက်ခေတ်မီနေတာ သိပြီး ဖြစ်ပါတယ်။ SCATS မီးပွိုင့်စနစ် ခေါ်တဲ့ လမ်းတွေအောက်မှာ အာရုံခံစနစ် ထည့်သွင်းပြီး မီးပွိုင့် နဲ့ ချိတ်ဆက်ပေးထားတယ်။ ရပ်တန့်စောင့်ဆိုင်းနေတဲ့ မော်တော် ယာဉ်မရှိတဲ့ ယာဉ်ကြောမှာ မလိုအပ်ဘဲ မီးစိမ်းပေးနေပြီး ရပ်တန့် စောင့်ဆိုင်းနေတာများတဲ့ ယာဉ်ကြောမှာ မီးအကြာကြီး နီနေတာ မျိုး မဖြစ်အောင် အာရုံခံစနစ်နဲ့ မီးနီ၊ မီးစိမ်းကို ပြုပြင်ပေးတယ်။ မီးပွိုင့်တွေမှာ CCTV တွေ တပ် ဆင်ထားပြီး မြို့တော်စည်ပင်သာ ယာရေးကော်မတီရုံးထဲမှာရှိတဲ့ ထိန်းချုပ်ခန်း (Control Room) က အချိန်ပြည့်မှတ်တမ်း တင်ထား တယ်။ ဝန်ထမ်းတွေကလည်း နံရံအပြည့် တီဗီဖန်သားပြင်ကြီးတွေ မှာ မြင်တွေ့နေရတဲ့ မြင်ကွင်းကို စောင့်ကြည့်နေတယ်။ ကားတွေ ကို ကားနံပါတ်၊ ကားအရောင်၊ ကားအမျိုးအစားနဲ့ ခွဲခြားမှတ် တမ်းတင်နိုင်ပြီး ဘယ်လမ်း၊ ဘယ်ယာဉ်ကြော ကားဘယ်လောက် သွားတယ်ဆိုတဲ့ ကားကျပ်နှုန်း (Vehical Density) ကို တွက် ချက်တယ်။ ထိန်းချုပ်ခန်းကနေ မီးပွိုင့်တွေကို တိုက်ရိုက်ပြောင်း လဲစီမံပေးနိုင်တယ်။ ယာဉ်မတော် တဆမှုတွေဖြစ်ရင် မှတ်တမ်းတင် ပြီးဖြစ်သလို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်တဲ့ ယာဉ်တွေကိုလည်း CCTV က အလိုအ လျောက် မှတ်တမ်းတင်ထားပြီး ဖြစ်ပါတယ်။ မသမာမှုပြုတဲ့ ယာဉ်တွေကို ကွန်ပျူတာကတစ်ဆင့် နောက်ယောင်ခံကာ မြို့တွင်းအ သွားအလာမှန်သမျှ ဖော်ထုတ်ရ ယူနိုင်ပါတယ်။ မြို့အဝင်၊ အ ထွက်တွေမှာလည်း Check Pointစနစ် တပ်ဆင်ပြီး ထိန်းချုပ်စီမံခန့် ခွဲပေးပါတယ်။ မြို့တော်စည်ပင် သာယာရေးကော်မတီက မန္တလေးတိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့နဲ့ လက်တွဲပြီး CCTV နဲ့ သတင်းအချက်အ လက်များ မျှဝေခြင်းကို ဆောင် ရွက်နေပြီဖြစ်ပါတယ်။

မန္တလေးမြို့ကြီးကို GIS (Geographic Information System) ခေါ်တဲ့ အဆင့်မြင့်ကွန် ပျူတာနည်းပညာနဲ့ မြေပြင်မှာ အ မှန်တကယ်ရှိတဲ့ ပကတိအတိုင်း (မြေပုံ) မှတ်တမ်းတင်တဲ့ Soft-ware တစ်ခုကိုလည်း မန္တလေးမြို့ တော် စည်ပင်သာယာရေးကော် မတီက ဆောင်ရွက်နေပြီဖြစ်ပါ တယ်။ ဒီလိုလုပ်ဖို့အတွက် မြို့ကို ကောင်းကင်ကနေ ဓာတ်ပုံတွေ ရိုက်ယူရမယ်။ ကောင်းကင်ဓာတ် ပုံ ရိုက်ကူးဖို့အတွက် ပညာရေးဝန် ကြီးဌာနရဲ့ မြန်မာနိုင်ငံ လေ ကြောင်းနဲ့ အာကာသပညာတက္က သိုလ်၊ မောင်းသူမဲ့လေယာဉ် သုတေသနဌာနက မေတ္တာနဲ့ အ ခမဲ့ ကူညီရိုက်ကူးပေးကြတယ်။

စမတ်စီးတီးတစ်ခုရဲ့ ဂုဏ် အင်္ဂါနဲ့ လိုက်ဖက်စေဖို့အတွက် မန္တလေးမြို့မှာ သန့်ရှင်းသာယာ အောင်၊ လမ်းတွေ၊ တံတားတွေ ကောင်းမွန်အောင်၊ လမ်းမီးတွေ လင်းလက်အောင်၊ သစ်ပင်ပန်း မန်တွေ စိမ်းလန်းလှပအောင် လည်း လုပ်ဆောင်နေကြပါတယ်။ စမတ်စီးတီး အလားအလာ ကောင်းတဲ့မြို့လို့ မန္တလေးကို အသိအမှတ်ပြုခံရပြီးနောက်မှာ မြို့ တော်စည်ပင်သာယာရေးကော် မတီနဲ့ မြို့တော်သူ၊ မြို့တော်သား တွေအတွက် ဆက်လက်ဆောင် ရွက်ကြရမယ့် တာဝန်တွေလည်း များစွာရှိနေပါသေးတယ်။ သန့် စင်တဲ့ သောက်သုံးရေ လုံလောက် ဖို့၊ ရေဆိုးတွေ စနစ်တကျစွန့်ပစ် နိုင်ဖို့၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ ကောင်းမွန်ပြီး ပြည်သူ လူထု ဘေးအန္တရာယ်ကင်းဖို့၊ အ များပြည်သူသုံးယာဉ် (ဘတ်စ် ကား၊ တက္ကစီ၊ ရထား) တွေ ချော မွေ့လွယ်ကူအဆင်ပြေအောင် ဆက်လက်ဖော်ဆောင်ကြရဦးမှာ ဖြစ်ပါတယ်။ မန္တလေးမြို့တော်ဝန် ကို ပေးအပ်ထားတဲ့ တာဝန်တွေ ထဲမှာ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း စီမံခန့်ခွဲတာ၊ အများ ပြည်သူသုံး ယာဉ်ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ရတာတွေ မပါဝင်သေးပါဘူး။ မြို့တော်ဝန် ကတော့ မြို့တော်အကျိုးအတွက် အဲဒီတာဝန်ကိုလည်း ဆောင်ရွက် ခွင့်ရချင်ကြောင်း ပြောပါတယ်။

မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီနဲ့ ရုံးလုပ်ငန်းဆက်ဆံလုပ်ကိုင်ရတဲ့သူတွေ အတွက် အဆင်မပြေမှု၊ ကြန့် ကြာမှုအချို့လည်း ရှိနေဆဲဖြစ် တယ်။ အင်တာနက်ကို အခြေခံ ပြီး ပိုမိုလွယ်ကူမြန်ဆန်အောင် နည်းစနစ်တွေလည်း စတင်စီစဉ် နေပြီဖြစ်တယ်။ ငွေပေးသွင်းရာ မှာ Online Pay, Wallet Pay နဲ့ ပုဂ္ဂလိကဘဏ်တွေကတစ်ဆင့် ငွေပေးနိုင်ရေးအတွက် ပြင်ဆင် နေပါတယ်။ မြို့တော်စည်ပင်သာ ယာရေးကော်မတီရဲ့ ရတနာပုံ ဘဏ်ကို Core Banking Online စနစ် တပ်ဆင်နေပြီဖြစ်ပါတယ်။

စမတ်စီးတီးဆိုတာ နည်းပညာကို အသုံးပြုပြီး ပြည်သူလူ ထုအတွက် အစစအရာရာ ပိုမို အဆင်ပြေလွယ်ကူမြန်ဆန် သက်သာချောမွေ့စေဖို့ ဖြစ်ပါတယ်။ စရိတ်စကတွေ ပိုကြီးလာစေတာ မျိုးမဟုတ်ပါဘူး။ နည်းပညာအ ရင်းအမြစ်တွေကို အသုံးချစီမံခန့် ခွဲကြတာဖြစ်တယ်။ မန္တလေးက တော့ ပြောင်းလဲချိန်မှာ စမတ်စီး တီးလမ်းကြောင်းပေါ်ကို ဦးတည် ထားပါတယ်။။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
ဟင်နရီ ဇီးဂလန်းဆိုသူကို ၎င်း၏ ယောက်ဖက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ လွဲချော်သွားပြီး သစ်ပင်ထဲ ကျည်ဝင်သွားခဲ့၊ နှစ် ၂၀ အကြာတွင် ဇီးဂလန်းက သစ်ပင်ကို ဒိုင်းနမိုက်ဖြင့် ခွဲကာ လှဲခဲ့ရာ ကျည်ပြန်ထွက်လာပြီး နဖူးမှန်ကာ သေဆုံးခဲ့ရ...

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service