အမေရိကန်ပြည်တွင် ဧကပေါင်း ၃၅၃ ဧကကျယ်ဝန်းသည့်မြင်းခြံကြီး အရောင်းဈေးကွက်ဝင်လာ

အမေရိကန်ပြည်တွင် ဧကပေါင်း ၃၅၃ ဧကကျယ်ဝန်းသည့်မြင်းခြံကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
4 Sep 2018 12:46 pm တွင် တင်ခဲ့သည်
1659 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်ရှိ ဘလူးရစ်ခ်ျ တောင်တန်းကြီးပေါ်တွင်တည်ရှိသော ဧကပေါင်း ၃၅၃ ဧကကျယ်ဝန်း သည့် မြင်းခြံကြီး အရောင်းဈေးကွက်ဝင်လာသည်။

အလွန်ကျယ်ဝန်းလှသော မြင်းခြံကြီးအတွင်း စပါးကျီ ၆ လုံး၊ စားကျက် ၁၀ ခုနှင့် မြင်းခြံ ၁၆ ခု ပါဝင်သည်။

ဗာဂျီးနီးယားပြည်နယ်တွင် အလွန်သာယာလှပသည့် ဘလူးရစ်ခ်ျတောင်တန်းကြီးသည် အမေရိကန်ပြည်ထောင်စု၏ မြို့ တော် ဝါရှင်တန်ဒီစီသို့ မော်တော်ကားဖြင့် တစ်နာရီခရီးခန့်သာ ကွာဝေးသည်။

မြင်းခြံကြီးကို Newstead Farm ဟု အမည်ပေးထားပြီး ပြိုင်မြင်းလုပ်ငန်းဖြင့် နာမည်ကျော်သည့် ဘာထရန်နှင့် ဒိုင်ယာနာ ဖိုင်းရ်စတုန်းတို့ ဇနီးမောင်နှံ ကာလကြာရှည်စွာ ပိုင်ဆိုင်ထားသည့် မြင်းခြံကြီးလည်း ဖြစ်သည်။

၎င်းတို့ဇနီးမောင်နှံက ယခုမြင်းခြံကြီးကို ၁၉၁၁ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ကင်တပ်ကီ ဒါဘီမြင်းပြိုင်ပွဲတွင် Genuine Risk အမည်ရှိ မြင်းမကလေးဖြင့် အောင်ပွဲခံခဲ့ပြီး ၁၁ နှစ်အကြာတွင် မြင်းခြံကြီးကို ဝယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။

အဆိုပါမြင်းမကလေးသည် ၃၅၃ ဧကကျယ်ဝန်းသည့် ယခုမြင်းခြံကြီးတွင် ကွယ်လွန်ချိန်အထိ ရှင်သန်နေထိုင်သွားခဲ့ပြီး သူ၏ ရုပ်အလောင်းကို မြင်းခွာပုံသဏ္ဍာန်စိုက်ပျိုးထားသည့် နှင်းဆီခင်းအောက်တွင် မြှုပ်နှံပေးခဲ့သည်။

Newstead Farm မြင်းခြံကြီးကို ပြိုင်မြင်းသမား တေလာ အက်စ်-ဟာဒင်က ၁၉၃၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ဘာထရန် ဖိုင်းယားစတုန်း၏ အဓိကစီးပွားရေးလုပ်ငန်းမှာ ဆောက်လုပ်ရေးလုပ်ငန်းဖြစ်ပြီး ဇနီးဖြစ်သူမှာမူ ကမ္ဘာကျော် Johnson & Johnson ကို တည်ထောင်သူ ရောဘတ် ဝုဒ် ဂျွန်ဆင်၏ မြေးဖြစ်၏။သူတို့ဟာ အလွန်အောင်မြင်တဲ့ ပြိုင်မြင်းမွေးမြူရေးလုပ်ငန်းနဲ့ ပြိုင်မြင်းအဖွဲ့အစည်းကို တည်ထောင်ခဲ့ကြသူတွေဖြစ်ပါတယ်…ဟု အရောင်းဈေးကွက်တင်ပေးခဲ့သည့် အကျိုးဆောင် ကက်သရင်း ဟာရဲလ်က ပြောကြားသည်။

ကြီးမားလှတဲ့ ပြိုင်မြင်းအဆောက်အအုံကြီးတွေအပြင် လှပတဲ့နေအိမ် လှပတဲ့ ပန်းဥယျာဉ်တွေ၊ ရေကန်တွေ၊ တောင်ကြားလမ်းလေးတွေနဲ့ တကိုယ်ရည်လွတ်လပ်မှု အပြည့်အဝရှိတဲ့နေရာတစ်ခု ဖြစ်ပါတယ်…ဟု မစ္စက် ဟာရဲလ်က ဆိုသည်။

၎င်းတို့ ဇနီးမောင်နှံ၏ သမီး အဲလစ်ဆင် ဖိုင်းယားစတုန်း ရိုဘစ်တိုင်လီသည် အိုလံပစ်နှင့် နိုင်ငံတကာ ဂရင်းပရီ ပြိုင်မြင်းသမားတစ်ဦးလည်း ဖြစသည်။

ပင်မနေအိမ်ကို ဂျော်ဂျီယာဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ၁၈၀၀ ပြည့်လွန် အစောပိုင်းကာလများကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ဖြစ်သည်။

၁၉၈၀ ပြည့်လွန်ကာလများအတွင်း မီးသင့်ခဲ့ပြီးနောက် မူရင်းအတိုင်း ထပ်တူပြန်လည်ဆောက်လုပ်ခဲ့သည်။

ကြီးမားလှသော ဧည့်ခန်းအတွင်း မီးလင်းဖို၊ ပြင်သစ်တံခါးများနှင့် ပြင်ပပန်းဥယျာဉ်ကို တွေ့မြင်ရမည့် ပြတင်းပေါက်များ တပ်ဆင်ထားသည်။

အခြား ပါဝင်သောအခန်းများအနေဖြင့် ကြီးမားသောပန်းချီပြခန်း၊ စာကြည့်တိုက်၊ မီးလင်းဖိုပါသော ညစာစားခန်းတို့ ပါဝင်သည်။

မြင်းခြံအဆောက်အအုံများတွင် ပြန်လည်ပြုပြင်မွမ်းမံထားသော စပါးကျီ ၆ ခု၊ မြင်းဇောင်း ၆၁ ခု၊ စားကျက် ၁၀ ခု ပါဝင်သည်။ ခေါ်ဈေး- ကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်း

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိကိုယ်ကို သူငယ်ချင်းအဖြစ် ငှားရမ်းခြင်းဖြင့် တစ်နှစ်လျှင် ဒေါ်လာ ၈၀,၀၀၀ ဝင်ငွေရနေသော ဂျပန်အမျိုးသား...
မိမိကိုယ်ကို သူငယ်ချင်းအဖြစ် ငှားရမ်းခြင်းဖြင့် တစ်နှစ်လျှင် ဒေါ်လာ ၈၀,၀၀၀ ဝင်ငွေရနေသော ဂျပန်အမျိုးသား...
သစ်ကြားသီး ၁ ကျပ်သား နေ့စဉ်စားရုံဖြင့် ရင်သားကင်ဆာဆဲလ်များ သေဆုံးစေနိုင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
သစ်ကြားသီး ၁ ကျပ်သား နေ့စဉ်စားရုံဖြင့် ရင်သားကင်ဆာဆဲလ်များ သေဆုံးစေနိုင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်ဘဲ အမေရိကန်သို့ရောက်သွားခဲ့ပုံ...
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်ဘဲ အမေရိကန်သို့ရောက်သွားခဲ့ပုံ...
ရုရှားသိပ္ပံပညာရှင်တို့က ၁၉၈၉ ခုနှစ်အတွင်း ဆိုက်ဘေးရီးယားတွင် တွင်းနက်ကြီး တူးဖော်ခဲ့ရာ ငရဲပြည်မှ အော်သံများ ကြားခဲ့ရ...
ရုရှားသိပ္ပံပညာရှင်တို့က ၁၉၈၉ ခုနှစ်အတွင်း ဆိုက်ဘေးရီးယားတွင် တွင်းနက်ကြီး တူးဖော်ခဲ့ရာ ငရဲပြည်မှ အော်သံများ ကြားခဲ့ရ...
အဆုပ်ကင်ဆာ ခံစားနေရသော အမျိုးသားမှာ ဝက်သံချဆေးများ သောက်သုံးရာ ကင်ဆာကျိတ်များ ပျောက်ကွယ်သွားပြီး ကင်ဆာလုံးလုံးပျောက်ကင်းသွားမှုအပေါ် သိပ္ပံပညာရှင်တို့ အံ့အားသင့်၊ ဝက်သံချဆေးဖြင့် ကင်ဆာကုသနိုင်မှု အလားအလာကို လေ့လာမှုများ ပ...

ညှို့အားအလွန်ပြင်းသောကြောင့် အလုပ်လျှောက်၍ မရသော မိန်းကလေး
ညှို့အားအလွန်ပြင်းသောကြောင့် အလုပ်လျှောက်၍ မရသော မိန်းကလေး
တူရကီတွင် အရက်မူးနေသော ဆောက်လုပ်ရေးအလုပ်သမားက ၎င်းပျောက်သောကြောင့် လိုက်ရှာနေသော အဖွဲ့ထဲတွင် လိုက်ပါကာ ပူးပေါင်းရှာဖွေခဲ့သည့်ဖြစ်အင်...
တူရကီတွင် အရက်မူးနေသော ဆောက်လုပ်ရေးအလုပ်သမားက ၎င်းပျောက်သောကြောင့် လိုက်ရှာနေသော အဖွဲ့ထဲတွင် လိုက်ပါကာ ပူးပေါင်းရှာဖွေခဲ့သည့်ဖြစ်အင်...
MIT နှင့် ဟားဗတ်တက္ကသိုလ်တို့မှ သိပ္ပံပညာရှင်များက ကင်ဆာချေမှုန်းနိုင်သည့် “ကိုယ်ပျောက်ဆဲလ်” များ တီထွင်စမ်းသပ်လျက်ရှိရာ အစွမ်းထက်လှကြောင်း တွေ့ရှိ...
MIT နှင့် ဟားဗတ်တက္ကသိုလ်တို့မှ သိပ္ပံပညာရှင်များက ကင်ဆာချေမှုန်းနိုင်သည့် “ကိုယ်ပျောက်ဆဲလ်” များ တီထွင်စမ်းသပ်လျက်ရှိရာ အစွမ်းထက်လှကြောင်း တွေ့ရှိ...
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ...
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ...
ဇနီးနှင့် စကားများပြီး ဒေါသပြေစေရန် မိုင် ၂၈၀ လမ်းလျှောက်ထွက်သွားသည့် အမျိုးသား
ဇနီးနှင့် စကားများပြီး ဒေါသပြေစေရန် မိုင် ၂၈၀ လမ်းလျှောက်ထွက်သွားသည့် အမျိုးသား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်န
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်န
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service