တရုတ်အစိုးရက သိမ်းယူလိုက်သော Anbang ကုမ္ပဏီကြီးပိုင်ဆိုင်သည့် ဟိုတယ် ၁၅ လုံးကို အမေရိကန် developer တို့ ဝယ်ယူရန် ပြင်ဆင်လျက်ရှိ

တရုတ်အစိုးရက သိမ်းယူလိုက်သော Anbang ကုမ္ပဏီကြီးပိုင်ဆိုင်သည့် ဟိုတယ် ၁၅ လုံးကို အမေရိကန် developer တို့ ဝယ်ယူရန် ပြင်ဆင်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
30 Aug 2018 11:39 am တွင် တင်ခဲ့သည်
1809 ကြိမ် ကြည့်ရှု့ပြီး

တရုတ်အစိုးရက သိမ်းယူလိုက်သော Anbang ကုမ္ပဏီကြီးပိုင်ဆိုင်သည့် ဟိုတယ် ၁၅ လုံးကို အမေရိကန် developer တို့ ဝယ်ယူရန် ပြင်ဆင်လျက်ရှိသည်။

ပေကျင်းအခြေစိုက် Anbang ကုမ္ပဏီကြီးပိုင်ဆိုင်သည့် ဟိုတယ် ၁၅ လုံးကို ဝယ်ယူရန် လာ့စ်ဗီးဂပ်စ်အခြေစိုက် အိမ်ခြံမြေ developer နှင့် ၎င်း၏ မိတ်ဘက်များက စိတ်ဝင်စားလျက်ရှိကြခြင်း ဖြစ်သည်။

ရောင်းချမည့်ဟိုတယ်များတွင် မန်ဟက်တန်ရှိ Essex House လည်း အပါအဝင်ဖြစ်သည်။

သို့ရာတွင် Anbang က အဆိုပါအဆောက်အအုံကို ရောင်းရန်၊ မရောင်းရန် ဆုံးဖြတ်ချက်မချနိုင်သေးချေ။

လော့စ်အိန်ဂျလိအခြေစိုက် developer ဖြစ်သော Charles Everhardt & Lockwood Development Partners နှင့် မိတ်ဖက်ဟိုတယ်အုပ်စုက ပြောကြားရာတွင် ဟိုတယ်၏ ဝင်ငွေအပေါ်မူတည်ပြီး လေလံဆွဲကြပါရန် တောင်းဆိုထားသည်ဟု ပြောကြားကြသည်။

Anbang က ရောင်းချမည့် ဟိုတယ်များတွင် မန်ဟက်တန်ရှိ Central Park ၏ အလှကို ခံစားရမည့် Essex House ဟိုတယ်၊ အမေရိကန်အနောက်ပိုင်း Wyoming ပြည်နယ် Jackson Hole တောင်ကြားရှိ Four Seasons ဟိုတယ်၊ ချီကာဂိုနှင့် မီယာမီတို့ရှိ InterContinental ဟိုတယ်များ အပါအဝင်ဖြစ်သည်။

အကယ်၍ Anbang အနေဖြင့် ယခုဟိုတယ်များ အရောင်းအဝယ်ဖြစ်ခဲ့မည်ဆိုပါက တရုတ်အစိုးရက ကုမ္ပဏီကို သိမ်းယူလိုက်ပြီး နောက်ပိုင်း အကြီးမားဆုံးပြည်ပအိမ်ခြံမြေ ရောင်းချမှုကြီးဖြစ်လာမည်ဖြစ်သည်။

တရုတ်အစိုးရသည် Anbang ၏ တည်ထောင်သူကို ဖမ်းဆီးလိုက်ပြီးနောက်ပိုင်း ဘဏ္ဍာရေးအကျပ်ဆိုက်နေသော ကုမ္ပဏီသို့ ကန်ဒေါ်လာ ၉ ဒသမ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးခဲ့သည်။

Anbang သည် တရုတ်ပြည်တွင်းရှိ အိမ်ခြံမြေများကို ရောင်းထုတ်လျက်ရှိသော်လည်း ပြည်ပရှိ အိမ်ခြံမြေများကိုမူ မကြာသေးမီကာလ များအထိ ကြီးကြီးမားမားရောင်းချထားခြင်း မရှိသေးဘဲ ယခုရောင်းချမှုမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

Anbang က ယခုဟိုတယ်များကို ၂၀၁၆ ခုနှစ်အတွင်း Blackstone အုပ်စုထံမှ ကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service