အိမ်ဈေးနှုန်းညွှန်းကိန်းအား ဘရူနိုင်း ပထမဆုံးအကြိမ် ထုတ်ပြန်

အိမ်ဈေးနှုန်းညွှန်းကိန်းအား ဘရူနိုင်း ပထမဆုံးအကြိမ် ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
30 Jul 2018 10:54 am တွင် တင်ခဲ့သည်
1762 ကြိမ် ကြည့်ရှု့ပြီး
ဘရူနိုင်းဗဟိုဘဏ်သည် ၎င်းတို့နိုင်ငံ၏ အိမ်ခြံမြေဈေးကွက်အခြေအနေများအား လေ့လာ၍ လူနေအိမ်ခြံမြေဈေးနှုန်းညွှန်းကိန်းအား ပထမဆုံးအကြိမ်
အဖြစ် ယခုလအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ဘရူနိုင်းရှိ ဒေသလေးခုစလုံးမှ လူနေအိမ်ခြံမြေများအား ယခုနှစ် ပထမသုံးလပတ်အတွင်း ပျမ်းမျှဝယ်ဈေးမှာ ဘရူနိုင်းဒေါ်လာ ၂၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၈၄,၀၀၀) ရှိခဲ့ကြောင်း ဘရူနိုင်းဗဟိုဘဏ်ဖြစ်သော Autoriti Monetari Brunei Darussalam (AMBD) မှ ထုတ်ပြန်ခဲ့သော အချက်အလက်များအရ
သိရသည်။

ယင်းသည် ၂၀၁၇ ခုနှစ် ပထမသုံးလပတ်၏ ခန်းမှန်းပျမ်းမျှဝယ်ဈေးအောက် ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၁၇ ခုနှစ် စတုတ္ထသုံးလပတ်အောက် ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ပထမသုံးလပတ် (၂၀၁၈ ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်) အတွင်း ဖြစ်ပွားခဲ့သော လူနေအိမ်ခြံမြေအရောင်းအဝယ် ၉၂ ခု၏ ၅၁ ရာခိုင်နှုန်းသည် လုံးချင်းအိမ်များဖြစ်ကြောင်း ၎င်းဗဟိုဘဏ်၏ အချက်အလက်များအရ သိရသည်။

၂၂ ရာခိုင်နှုန်းမှာ တိုက်တန်းလျားအိမ်ခန်းများဖြစ်ပြီး ၁၆ ရာခိုင်နှုန်းမှာ နှစ်အိမ်တွဲအိမ်များဖြစ်ကာ ၇ ရာခိုင်နှုန်းမှာ တိုက်ခန်းများနှင့် ၄ ရာခိုင်နှုန်းမှာ
မြေကွက်များ ဖြစ်ကြောင်း သိရသည်။

အမျိုးအစားအားဖြင့် လုံးချင်းအိမ်များက ဘရူနိုင်းဒေါ်လာ ၂၉၉,၀၀၀ ဖြင့် ပျမ်းမျှဝယ်ဈေးအမြင့်ဆုံးဖြစ်ပြီး နှစ်အိမ်တွဲအိမ်များက ဘရူနိုင်းဒေါ်လာ ၂၆၀,၀၀၀၊ တိုက်ခန်းများက ဘရူနိုင်းဒေါ်လာ ၂၀၅,၀၀၀၊ တိုက်တန်းလျားအိမ်ခန်းများက ဘရူနိုင်းဒေါ်လာ ၁၈၅,၀၀၀ နှင့် မြေကွက်များက ဘရူနိုင်းဒေါ်လာ ၈၂,၀၀၀
တို့ ဖြစ်သည်။

၂၀၁၅ ခုနှစ်အား အခြေခံခုနှစ်အဖြစ် အသုံးပြုကာ တွက်ချက်ထုတ်ပြန်ခဲ့သည့် ၎င်း ၂၀၁၈ ခုနှစ် ပထမသုံးလပတ်ညွှန်းကိန်းမှာ ၈၇ ဒသမ ၃ ဖြစ်ပြီး ပြီးခဲ့သည့်နှစ်အောက် ၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မီ သုံးလပတ်အောက် ၇ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းညွှန်းကိန်းသည် အိမ်ပိုင်ဆိုင်နိုင်မှုအတိုင်းအတာ၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ဘဏ္ဍာရေးတည်ငြိမ်မှုတို့တွင် အညွှန်းတစ်ခုအဖြစ် ပါဝင်မည်ဖြစ်ကြောင်းလည်း ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...

ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...

မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...

ဟင်နရီ ဇီးဂလန်းဆိုသူကို ၎င်း၏ ယောက်ဖက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ လွဲချော်သွားပြီး သစ်ပင်ထဲ ကျည်ဝင်သွားခဲ့၊ နှစ် ၂၀ အကြာတွင် ဇီးဂလန်းက သစ်ပင်ကို ဒိုင်းနမိုက်ဖြင့် ခွဲကာ လှဲခဲ့ရာ ကျည်ပြန်ထွက်လာပြီး နဖူးမှန်ကာ သေဆုံးခဲ့ရ...

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service