အာရှ၏ စမတ်အကျဆုံးမြို့ပြအဆင့်ကို တိုကျို ပြန်လည်ဆွတ်ခူး

အာရှ၏ စမတ်အကျဆုံးမြို့ပြအဆင့်ကို တိုကျို ပြန်လည်ဆွတ်ခူး - Property News in Myanmar from iMyanmarHouse.com
20 Jul 2018 1:40 pm တွင် တင်ခဲ့သည်
2419 ကြိမ် ကြည့်ရှု့ပြီး
တိုကျိုသည် စပိန်ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်သော University of Navarra ၏ IESE Graduate Business School မှ မကြာသေးမီက ထုတ်ပြန်လိုက်သည့် စမတ်ကျမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးစွမ်းဆောင်နိုင်စွမ်းအရှိဆုံး
ကမ္ဘာ့မြို့များစာရင်း ၂၀၁၈ (CIMI) တွင် အဆင့်အမြင့်ဆုံးအာရှမြို့အဖြစ်
ဖော်ပြခံလိုက်ရကြောင်း သိရသည်။

ဂျပန်နိုင်ငံ၏မြို့တော် တိုကျိုသည် ၎င်းကမ္ဘာ့မြို့များစာရင်းတွင် စတုတ္ထနေရာ
ကို ဒုတိယမြောက်နှစ်အဖြစ် ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။

နယူးယောက်၊ လန်ဒန်နှင့် ပဲရစ်တို့က တိုကျို၏ အထက်မှ ပထမ၊ ဒုတိယ၊
တတိယနေရာကို အစဉ်လိုက်သိမ်းပိုက်ခဲ့ကြသည်။ စင်္ကာပူကလည်း
ဆဋ္ဌမနေရာတွင် ဖော်ပြခံခဲ့ရပြီး အရှေ့တောင်အာရှ၏ စမတ်အကျဆုံးမြို့ဖြစ်ကာ အာရှ၏ ဒုတိယစမတ်အကျဆုံးမြို့အဖြစ် ရပ်တည်ခဲ့သည်။

ယခုနှစ်စာရင်း၏ ထိပ်တန်း ၁၀ နေရာသည် ၂၀၁၇ စာရင်းတုန်းကနှင့် များစွာ
မခြားနားပေ။ ရေဂျာဗစ်၊ ဆိုးလ်၊ တိုရန်တို၊ ဟောင်ကောင်တို့က ပဉ္စမ၊ သတ္တမ၊
အဋ္ဌမနှင့် နဝမနေရာတို့တွင် မပြောင်းမလဲဆက်လက်ရပ်တည်ခဲ့ကြသည်။

ဒဿမနေရာတွင်မူ ဘာလင်အစား အမ်စတာဒမ်က အဆင့်မြင့်တက်နေရာယူခဲ့ကာ ဘာလင်က အဆင့် ၁၁ နေရာသို့ ကျဆင်းသွားခဲ့သည်ကို တွေ့ရသည်။

CIMI သည် ကမ္ဘာ့နိုင်ငံပေါင်း ၈၀ ရှိ အထင်ကရမြို့ပေါင်း ၁၆၅ မြို့အား
အစိုးရ၏ အများပြည်သူစီမံခန့်ခွဲရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ လူမှုဖူလုံရေး၊
စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ သယ်ယူပို့ဆောင်ရေး၊
မြို့ပြစီမံကိန်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နည်းပညာ ဟူသည့်
အခြေခံအချက် ၉ ချက်ပေါ်မူတည်၍ ဆန်းစစ်လေ့လာခဲ့ခြင်းဖြစ်သည်။
၎င်းစာရင်းကို IESE Graduate Business School က နှစ်စဉ်ထုတ်ပြန်လာခဲ့
သည်မှာ ယခုနှစ်သည် ပဉ္စမအကြိမ်မြောက်ဖြစ်သည်။

စီးပွားရေးတစ်ခုတည်းသက်သက်သာ ကြည့်လျှင်မူ တိုကျိုသည်
ကမ္ဘာ့ဒုတိယအဆင့်တွင် ရှိပြီး လူ့စွမ်းအားအရင်းအမြစ်သက်သက်တွင်မူ
ပဉ္စမအဆင့်တွင် ရှိကြောင်းလည်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
အာရှ၏ စမတ်အကျဆုံးမြို့ပြအဆင့်ကို တိုကျို ပြန်လည်ဆွတ်ခူး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...

အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...

ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...

မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...

ဟင်နရီ ဇီးဂလန်းဆိုသူကို ၎င်း၏ ယောက်ဖက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ လွဲချော်သွားပြီး သစ်ပင်ထဲ ကျည်ဝင်သွားခဲ့၊ နှစ် ၂၀ အကြာတွင် ဇီးဂလန်းက သစ်ပင်ကို ဒိုင်းနမိုက်ဖြင့် ခွဲကာ လှဲခဲ့ရာ ကျည်ပြန်ထွက်လာပြီး နဖူးမှန်ကာ သေဆုံးခဲ့ရ...

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service