ၾသစေၾတးလ် စတော့အိတ်ချိန်းဝင် ကုမ္ပဏီကြီးတစ်ခုမှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ထံသို့ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်

သြစတြေးလျ စတော့အိတ်ချိန်းဝင် ကုမ္ပဏီကြီးတစ်ခုမှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ထံသို့ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ် - Property News in Myanmar from iMyanmarHouse.com
3 Jul 2018 12:00 am တွင် တင်ခဲ့သည်
38126 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ထံသို့ သြစတြေးလျ စတော့အိတ်ချိန်းဝင် ကုမ္ပဏီကြီးတစ်ခုဖြစ်သော Frontier Digital Ventures (FDV) မှ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) သည် အိမ်ခြံမြေ ရောင်းချင်သူ၊ ဝယ်ချင်သူ၊ ငှားချင်သူများအား အွန်လိုင်းမှ ချိတ်ဆက်မှုပြုလုပ်ပေးသည့် နံပါတ်တစ် လူသုံးအများဆုံး ဝဘ်ဆိုက်တစ်ခုဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများ၊ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းပေါင်းများစွာနှင့် လက်တွဲကာ အိမ်ခြံမြေ လုပ်ငန်းများကို လုပ်ဆောင်လျှက် ရှိသည်။ ယခုအချိန်တွင် iMyanmarHouse.com ဝဘ်ဆိုက်ထဲ၌ မြန်မာနိုင်ငံအဝှမ်းမှ အိမ်ခြံမြေ ကြော်ငြာ စုစုပေါင်း (၂) သိန်း ကျော်ကို အလွယ်တကူ ရှာဖွေနိုင်ကြောင်း သိရသည်။

iMyanmarHouse.com သည် လစဉ်ထုတ် အိမ်ခြံမြေ မဂ္ဂဇင်းနှင့် အိမ်ခြံမြေအကြောင်း သိကောင်းစရာ စာအုပ် (၁၁) အုပ်တို့ကိုလည်း ထုတ်ဝေဖြန့်ချိလျှက် ရှိသည်။ ထို့အပြင် အိမ်ခြံမြေ အရောင်းပြပွဲများကို အစဉ်အမြဲကျင်းပပြုလုပ်ကာ ရောင်းချပေးနေကြောင်း သိရသည်။

iMyanmarHouse.com ၏ တည်ထောင်သူဖြစ်သော မြန်မာနိုင်ငံသား ဦးနေမင်းသူသည် စင်္ကာပူနိုင်ငံတွင် ပညာသင်ကြားခဲ့ပြီး ထိုနိုင်ငံတွင်ပင် နည်းပညာအခြေပြုလုပ်ငန်းများကို တည်ထောင်လုပ်ကိုင်ခဲ့ကာ အောင်မြင်ခဲ့သည်။ ထိုနောက် မြန်မာနိုင်ငံသို့ ပြန်လည်အခြေချ ရောက်ရှိကာ (၂၀၁၃) ခုနှစ် နှစ်ကုန်ပိုင်းတွင် iMyanmarHouse.com ကို ဝန်ထမ်း (၂) ဦးဖြင့် စတင် လုပ်ကိုင်ခဲ့သည်။ ယခုအချိန်တွင်မူ ဝန်ထမ်းဦးရေ (၁၀၀) ကျော်ဖြင့် လုပ်ငန်းများကို လည်ပတ်လုပ်ကိုင်လျှက်ရှိသည်။

Frontier Digital Ventures (FDV) သည် သြစတြေးလျ စတော့အိတ်ချိန်း (ASX) တွင် Listed ပြုလုပ်ထားသော ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး သြစတြေးလျနိုင်ငံသား Mr. Shaun Di Gregorio (မစ္စတာ ရှောင်ဒိဂရက်ဂရိယို) မှ တည်ထောင်ခဲ့သည်ဖြစ်ကြောင်း သိရသည်။

Mr. Shaun Di Gregorio သည် FDV ကို မတည်ထောင်ခင်က အရှေ့ တောင်အာရှ၏ ထိပ်သီး အွန်လိုင်း အိမ်ခြံမြေ ဝဘ်ဆိုက်ဖြစ်သော iProperty ၏ CEO (အမှုဆောင်အရာရှိချုပ်) ဖြစ်ခဲ့သည်။ iProperty အိမ်ခြံမြေ ဝဘ်ဆိုက်သည် မလေးရှား၊ အင်ဒိုနီးရှား၊ ဟောင်ကောင် အစရှိသည့် နိုင်ငံတို့တွင် လူသုံးအများဆုံး အိမ်ခြံမြေ ဝဘ်ဆိုက်ဖြစ်ခဲ့ကာ (၂၀၁၅) ခုနှစ်တွင် သြစတြေးလျ ဘီလီယံနာလုပ်ငန်းရှင်ကြီးဖြစ်သော Rupert Murdoch (ရူးပတ်မားဒေါ့) ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် သြစတြေးလျ အွန်လိုင်းအိမ်ခြံမြေ လုပ်ငန်း REA Group မှ ဒေါ်လာသန်း (၅၃၀) ကျော်ဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ FDV ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိတဲ့ ဒီလို နည်းပညာအခြေပြု အွန်လိုင်းအိမ်ခြံမြေ ဝဘ်ဆိုက်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးရှိ နိုင်ငံပေါင်းများစွာမှာ FDV မှ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားတဲ့ လုပ်ငန်းပေါင်း (၁၅) ခု ရှိပါပြီ။ iMyanmarHouse.com က မြန်မာနိုင်ငံမှာ နံပါတ်တစ် လူသုံးအများဆုံး အိမ်ခြံမြေ ဝဘ်ဆိုက်အဖြစ် ရပ်တည်နေပါတယ်။ ကျွန်တော်တို့ iMyanmarHouse.com မှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖြစ်ခဲ့တဲ့ အဓိကအချက်တစ်ခုကတော့ ဒီလုပ်ငန်းကို မြန်မာနိုင်ငံသား စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ နေမင်းသူက တည်ထောင် လည်ပတ်နေခြင်းကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အိမ်ခြံမြေ ဈေးကွက်ကို မြန်မာလူမျိုးတွေကသာလျှင် အသိဆုံး၊ အကျွမ်းကျင်ဆုံးဖြစ်ပါတယ်။ မြန်မာ့လုပ်နည်းလုပ်ဟန်တွေကို နားလည်တဲ့… မြန်မာနိုင်ငံသား ဦးဆောင်တဲ့ ကုမ္ပဏီသာလျှင် ဈေးကွက်ထဲမှာ နံပါတ် (၁) အဖြစ် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ FDV က ဒီလုပ်ငန်းကို မြန်မြန်ဆန်ဆန်နဲ့ ဖွံ့ဖြိုးတိုးတက်အောင် နောက်ကနေ ငွေကြေး… နည်းပညာ… အစရှိသည်တို့နဲ့ ကူညီထောက်ပံ့မှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင် iProperty လို့ခေါ်တဲ့ အွန်လိုင်းအိမ်ခြံမြေ လုပ်ငန်းမှာ အောင်မြင်အောင် လုပ်နိုင်ခဲ့တဲ့အတွက် ဘယ်လို မြန်မြန်ဆန်ဆန်နဲ့ ဒီလုပ်ငန်းအောင်မြင်အောင် လုပ်ရမယ်ဆိုတာ အတွေ့အကြုံတွေ အများကြီး ရှိပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားတဲ့ ပါကစ္စတန်နိုင်ငံက အလားတူ အွန်လိုင်းအိမ်ခြံမြေ လုပ်ငန်းဟာဆိုရင် (၂၀၁၈) ခုနှစ် မေလမှာ ဒေါ်လာသန်းပေါင်း (၂၂၀) ကျော် တန်နေပါပြီ။ iMyanmarHouse.com ဟာလည်း နောက်နှစ်အနည်းငယ်အတွင်းမှာ နေမင်းသူရဲ့  ဦးဆောင်မှုနဲ့အတူ လျှင်မြန်စွာနဲ့ ကြီးထွားသွားမယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်ပါတယ်…” ဟု Mr. Shaun Di Gregorio မှ ပြောကြားခဲ့သည်။

“ဒီလို သြစတြေးလျစတော့အိတ်ချိန်းဝင် ကုမ္ပဏီကြီးတစ်ခုက ကျွန်တော်တို့ iMyanmarHouse.com မှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့တဲ့အတွက် များစွာ ဂုဏ်ယူမိပါတယ်။ FDV ကုမ္ပဏီဟာ ဒီလုပ်ငန်းနယ်ပယ်မှာ အတွေ့အကြုံတွေ အများကြီး ရှိပြီးသားဖြစ်ပါတယ်။ သူတို့ကိုယ်တိုင် iProperty ဆိုတဲ့ အိမ်ခြံမြေလုပ်ငန်းစုကို (၈) နှစ်အတွင်း အောင်မြင်အောင် ကြိုးစားနိုင်ခဲ့ပြီး ဒေါ်လာသန်း (၅၃၀) ကျော်နဲ့ ရောင်းချနိုင်ခဲ့တယ်။ FDV ရဲ့  ရင်းနှီးမြှုပ်နှံမှုကို ကျွန်တော်တို့ လက်ခံခဲ့တာဟာ ငွေကြေးကြောင့်တင် မဟုတ်ပါဘူး။ သူတို့ရဲ့  လုပ်ငန်းအတွေ့အကြုံတွေ… နည်းပညာ ပံ့ပိုးပေးမှုတွေ… သူတို့ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားတဲ့ လုပ်ငန်းကို မြန်မြန်ဆန်ဆန်နဲ့ အောင်မြင်အောင် အကူအညီပေးနိုင်မှုတွေကြောင့်ပါ။ ကျွန်တော်တို့နဲ့ လက်တွဲလုပ်နေတဲ့ အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီတွေ၊ ဆောက်လုပ်ရေးကုမ္ပဏီတွေကို ဒီထက်ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်အောင် ကြိုးစားပါမယ်… ကျွန်တော်တို့ကို ယုံကြည်အားထားပြီး တခဲနက်အားပေးကြတဲ့ မိဘပြည်သူတွေကိုလည်း ဈေးကွက်ထဲမှာ မရှိသေးတဲ့ ဆန်းသစ်တီထွင်မှုတွေနဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်အောင် ကြိုးစားပါမယ်။ With FDV’s strategic guidance, I believe that we will grow by leaps and bounds, and will reach new heights in the near future. (FDV ရဲ့  နည်းဗျူဟာမြောက် အကူအညီပေးမှုနဲ့အတူ ကျွန်တော်တို့ iMyanmarHouse.com ဟာ များမကြာမှီကာလအတွင်းမှာ တစ်ဟုန်ထိုး ကြီးထွားသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်)…” ဟု iMyanmarHouse.com ၏ တည်ထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားခဲ့သည်။

iMyanmarHouse.com ဝဘ်ဆိုက်သည် တစ်လလျှင် ဝင်ရောက်ကြည့်ရှု့ သူ လူဦးရေပေါင်း တစ်သန်းကျော်ရှိပြီး မြန်မာနိုင်ငံ၏ လူကြည့်အများဆုံး အိမ်ခြံမြေဝဘ်ဆိုက်ဖြစ်ကြောင်း သိရသည်။

iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
သြစတြေးလျ စတော့အိတ်ချိန်းဝင် ကုမ္ပဏီကြီးတစ်ခုမှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ထံသို့ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ် - Property News in Myanmar from iMyanmarHouse.com
သြစတြေးလျ စတော့အိတ်ချိန်းဝင် ကုမ္ပဏီကြီးတစ်ခုမှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ထံသို့ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ် - Property News in Myanmar from iMyanmarHouse.com
သြစတြေးလျ စတော့အိတ်ချိန်းဝင် ကုမ္ပဏီကြီးတစ်ခုမှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ထံသို့ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ် - Property News in Myanmar from iMyanmarHouse.com
သြစတြေးလျ စတော့အိတ်ချိန်းဝင် ကုမ္ပဏီကြီးတစ်ခုမှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ထံသို့ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ် - Property News in Myanmar from iMyanmarHouse.com
သြစတြေးလျ စတော့အိတ်ချိန်းဝင် ကုမ္ပဏီကြီးတစ်ခုမှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ထံသို့ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ် - Property News in Myanmar from iMyanmarHouse.com
သြစတြေးလျ စတော့အိတ်ချိန်းဝင် ကုမ္ပဏီကြီးတစ်ခုမှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ထံသို့ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ် - Property News in Myanmar from iMyanmarHouse.com
သြစတြေးလျ စတော့အိတ်ချိန်းဝင် ကုမ္ပဏီကြီးတစ်ခုမှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ထံသို့ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ် - Property News in Myanmar from iMyanmarHouse.com
သြစတြေးလျ စတော့အိတ်ချိန်းဝင် ကုမ္ပဏီကြီးတစ်ခုမှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ထံသို့ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...

အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...

အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

imyanmarmarket
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service