တန်ဖိုးနည်းအိမ်ရာ အတိုးနှုန်း လျှော့ချ

တန်ဖိုးနည်းအိမ်ရာ အတိုးနှုန်း လျှော့ချ - Property News in Myanmar from iMyanmarHouse.com
25 Apr 2018 11:22 am တွင် တင်ခဲ့သည်
6960 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ နှစ်ရှည်အရစ်ကျချေးငွေစနစ်နဲ့ ရောင်းချတဲ့ တန်ဖိုးနည်းအိမ်ရာကို ပေးရတဲ့ အတိုးနှုန်းကို လျှော့ချပေးမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရပါတယ်။

ဧပြီလဆန်းမှစပြီး အရင်က နှစ်ရှည်အရစ်ကျ အိမ်ရာဝယ်ယူရာမှာ ချေးငွေကို တစ်နှစ် အတိုးနှုန်း ၁၂ ရာခိုင်နှုန်းကနေ ၁၀.၅ ရာခိုင်နှုန်းကို ပြောင်းလဲ လျှော့ချလိုက်တာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနဟာ မြန်မာ့စီးပွားရေးဘဏ် (MEB) ကနေ နှစ်ရှည်ချေးငွေရတာကြောင့် ၁၀.၅ ရာခိုင်နှုန်းအထိ လျှော့ချဖို့ စီစဉ်တာလို့ ဆိုပါတယ် ။ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ‘ project (ချေးငွေအတိုးလျှော့ ) တွေ စနေပြီး ဝယ်ယူသူတွေအတွက် နှစ်ရှည်ချေငွေကို လျှော့ပေးတာ ‘ လို့ ပြောပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရောင်းချတဲ့ အိမ်ရာတွေကို ပထမဆုံး အိမ်ခန်းတန်ဖိုးရဲ့ ၁၅ ရာခိုင်နှုန်းကို ပေးသွင်းရပြီး ကျန်ရှိတဲ့ ၈၅ ရာခိုင်နှုန်းကိုဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေဘဏ် (CHDB) ကနေ တစ်နှစ်ကို အတိုးနှုန်း ၁၀.၅ ရာခိုင်နှုန်းနဲ့၁၅ နှစ် ချေးပေးရမှာ ဖြစ်ပါတယ်။

အတိုးနှုန်းလျှော့ချပေးတဲ့ အတွက် ဥပမာ ကျပ်သိန်း ၁၀၀ တန် တန်ဖိုးနည်းအိမ်ရာအတွက် တစ်နှစ်ကို အတိုးနှုန်းကျပ် ၁၅၀,ဝဝဝ သက်သာမှာဖြစ်ပါတယ်။

မြန်မာ့စီးပွားရေဘဏ် (MEB) က နေ နှစ်ရှည်ချေးငွေရရှိတဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို ချေးပေးတဲ့ ချေးငွေအတိုးကိုလည်း အရင်က တစ်နှစ် ၁၂ ရာ ခိုင်နှုန်းကနေ ၁၁ ရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့တယ်လို့ သိရပါတယ်။

အတိုးနှုန်းလျှော့ပေးတာကို သင်္ကြန်းမတိုင်မီ နောက်ဆုံးရောင်းချခဲ့တဲ့ ဒဂုံဆိပ်ကမ်း ကနောင်အိမ်ရာနဲ့ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းအိမ်ရာတွေကို ချေးငွေအတိုးနှုန်း ၁၀.၅ ရာခိုင်နှုန်းနဲ့ ရောင်းချပေးခဲ့တယ်လို့ သိရတယ်။

Credit: The kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service