လန်ဒန်၏ ဈေးအကြီးဆုံးနေအိမ်များတွင် အပါအဝင်ဖြစ်သော နေအိမ်ကြီးတစ်လုံး ဈေးထက်ဝက်ခန့်အထိ လျှော့ချပေးမှ ရောင်းထွက်ခြင်းမှာ လန်ဒန်အိမ်ခြံမြေဈေးကွက်ကို လှစ်ဟပြသလျက်ရှိ

လန်ဒန်၏ ဈေးအကြီးဆုံးနေအိမ်များတွင် အပါအဝင်ဖြစ်သော နေအိမ်ကြီးတစ်လုံး ဈေးထက်ဝက်ခန့်အထိ လျှော့ချပေးမှ ရောင်းထွက်ခြင်းမှာ လန်ဒန်အိမ်ခြံမြေဈေးကွက်ကို လှစ်ဟပြသလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
14 Mar 2018 12:07 pm တွင် တင်ခဲ့သည်
4998 ကြိမ် ကြည့်ရှု့ပြီး
အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ ၏ ဈေးအကြီးဆုံးနေအိမ်များတွင် အပါအဝင်ဖြစ်သော နေအိမ်ကြီးတစ်လုံးသည် ဈေးထက်ဝက်ခန့်အထိ လျှော့ချပေးမှ ရောင်းထွက်သွားရာ ယင်းဖြစ်ရပ်က လက်ရှိ လန်ဒန်အိမ်ခြံမြေဈေးကွက်ကို လှစ်ဟပြသလျက်ရှိကြောင်း အိမ်ခြံမြေဈေးကွက်သုတေသီတို့က ပြောကြားသည်။ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ ၊ ကမ္ဘာကျော် ချယ်ဆီးဘောလုံးအသင်းအခြေစိုက်ရာ ချယ်ဆီးအရပ်ရှိ နေအိမ်ကြီးသည် လန်ဒန်တွင် ဈေးအကြီးဆုံးနေအိမ်များတွင် တစ်လုံးအပါအဝင်ဖြစ်ပြီး Cresswell House ဟု အမည်ပေးထား၏။

၂၀၁၆ ခုနှစ်ကတည်းက အရောင်းဈေးကွက်ရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး မူလက ပေါင် ၃၇ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၄၈ သန်း) ဈေးခေါ်ထားရာ ရောင်းမထွက်ခဲ့ချေ။

ယခုအခါ ထက်ဝက်နီးပါးဈေးနှုန်းဖြစ်သော ပေါင် ၂၀ ဒသမ ၉၅ သန်း (ကန်ဒေါ်လာ ၂၉သန်း) သို့ လျှော့ချပေးမှသာ ရောင်းထွက်သွားခဲ့သည်။

လန်ဒန်အခြေစိုက် Knight Frank မှတစ်ဆင့် အရောင်းဈေးကွက်တင်ခဲ့ခြင်းဖြစ်ပြီး Savills တွင်လည်း တချိန်တည်း ဈေးကွက်တင်ထား သည်ဟု ဆိုသည်။
တိုင်းမ်မဂ္ဂဇင်း၏ မှတ်တမ်းအရ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Albyns Ltd က ၂၀၁၂ ခုနှစ်အတွင်း ပေါင် ၈ ဒသမ ၁ သန်းဖြင့် ဝယ်ယူခဲ့သည်။

ဝယ်ယူပြီးနောက်ပိုင်း အကြီးစားပြုပြင်မှုများပြုလုပ်ခဲ့ရာ မူလက စတုရန်းပေ ၃၀၀၀ သာ ကျယ်ဝန်းသော နေအိမ်ကို စတုရန်းပေ ၁၁၀၀၀ အထိ ချဲ့ ထွင် ဆောက်လုပ်ခဲ့ကာ အထူးသဖြင့် မြေအောက်ခန်းများ တိုးချဲ့ ခဲ့သည်။
မြေအောက်ခန်းတွင် အလျား ၄၂ ပေရှိ ရေကူးကန်၊ အားကစားလေ့ကျင့်ရေးခန်းမ၊ ဝိုင်ပုလင်း ၅၀၀ ဆန့် ဝိုင်သိုလှောင်ခန်းနှင့် ဝန်ထမ်းနေထိုင်ရန် အခန်းတို့ ပါဝင်သည်။

အထပ် ၅ ထပ်ပါ အဆောက်အအုံအဖြစ် တိုးချဲ့ ခဲ့ကာ လူ ၆ ဦးစီး ဓာတ်လှေကားတစ်စင်းလည်း တပ်ဆင်ခဲ့သည်။

ယင်းနောက်တဖန် Jersey trust holding ကုမ္ပဏီက ဝယ်ယူခဲ့ပြန်သည်။

Jersey သည် မကြာသေးမီကပင် ဒေဝါလီခံကြောင်း ကြေညာခဲ့ရပြီးနောက် ယခုနေအိမ်ကြီး၏ ခေါ်ဈေးမှာ ၅၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့သည်။

ယင်းသို့ ဈေးနှုန်းလျော့ကျသွားပြီးနောက် ရက်ပိုင်းအတွင်း ရောင်းထွက်သွားခြင်းလည်း ဖြစ်သည်။

နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သည့်ဈေးနှုန်းနှင့် ဝယ်လက်တို့ကိုမူ ထုတ်ဖော်ကြေညာထားခြင်း မရှိချေ။

ယခုနေအိမ်ကြီး၏ ဈေးထက်ဝက်ထိလျှော့ချပေးခဲ့သည့်ဖြစ်ရပ်မှာ လန်ဒန်၏ လက်ရှိအခြေအနေကိုမီးမောင်းထိုးပြနေသည်ဟု အချို့က သုံးသပ်သော်လည်း အချို့ကမူ ယခုနေအိမ်မျိုးကဲ့သို့ ဖြစ်ရပ်မှာ ရှားပါးပြီး ကျန်သည့်ဈေးကွက်တစ်လုံးအပေါ် ရည်ညွှန်းချက်တစ်ရပ်မဟုတ်ကြောင်းလည်း အချို့က သုံးသပ်ကြသည်။

လန်ဒန်နှင့် အင်္ဂလန်အရှေ့တောင်ပိုင်းဒေသများတွင် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း အိမ်ခြံမြေဈေးနှုန်းများ အလွန်မြင့်တက်ခဲ့သော်လည်း ယခုအချိန်တွင်မူ ဈေးနှုန်းတက်မှု ပမာဏမှာ အနည်းငယ်သာ ရှိနေသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လန်ဒန်၏ ဈေးအကြီးဆုံးနေအိမ်များတွင် အပါအဝင်ဖြစ်သော နေအိမ်ကြီးတစ်လုံး ဈေးထက်ဝက်ခန့်အထိ လျှော့ချပေးမှ ရောင်းထွက်ခြင်းမှာ လန်ဒန်အိမ်ခြံမြေဈေးကွက်ကို လှစ်ဟပြသလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
လန်ဒန်၏ ဈေးအကြီးဆုံးနေအိမ်များတွင် အပါအဝင်ဖြစ်သော နေအိမ်ကြီးတစ်လုံး ဈေးထက်ဝက်ခန့်အထိ လျှော့ချပေးမှ ရောင်းထွက်ခြင်းမှာ လန်ဒန်အိမ်ခြံမြေဈေးကွက်ကို လှစ်ဟပြသလျက်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service