iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် ထိုင်းနိုင်ငံ ဘန်ကောက်အခြေဆိုက် Angel Real Estate အိမ်ခြံမြေကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ဆောင်ရန် သဘောတူ လက်မှတ်ရေးထိုး - Property News in Myanmar | iMyanmarHouse.com
iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် ထိုင်းနိုင်ငံ ဘန်ကောက်အခြေဆိုက် Angel Real Estate အိမ်ခြံမြေကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ဆောင်ရန် သဘောတူ လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
39866 ကြိမ် ကြည့်ရှု့ ပြီး

iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် ထိုင်းနိုင်ငံ ဘန်ကောက်အခြေဆိုက် Angel Real Estate အိမ်ခြံမြေကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ဆောင်ရန် သဘောတူ လက်မှတ်ရေးထိုး

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ (iMyanmarHouse.com)

မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် ထိုင်းနိုင်ငံ ဘန်ကောက်အခြေဆိုက် Angel Real Estate အိမ်ခြံမြေကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ဆောင်ရန် ၂၀၁၈ ခုနှစ် မတ်လ ၆ ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိသည်။

iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) သည် မြန်မာနိုင်ငံတွင် လူသုံးအများဆုံး နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်ပြီး အိမ်ခြံမြေ မဂ္ဂဇင်းများ၊ အိမ်ခြံမြေ စာအုပ်များကို ထုတ်ဝေဖြန့်ချီလျက်ရှိသည်။ ထို့အပြင် အိမ်ခြံမြေ ဟောပြောပွဲများနှင့် အိမ်ခြံမြေ အရောင်းပြပွဲများကိုပါ မြန်မာနိုင်ငံရှိ မြို့ ကြီးများနှင့် ပြည်ပနိုင်ငံများတွင်ပါ အစဉ်ကျင်းပပေးနေသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပုသိမ်၊ စစ်တွေ အစရှိသော မြန်မာနိုင်ငံအဝှမ်းမှ ဆောက်လုပ်ရေးစီမံကိန်းများကို ရောင်းချပေးနေပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအထိ ကျပ်ငွေစုစုပေါင်း (၂၇၀) ဘီလီယံကျော်ဖိုး ရောင်းချပေးထားနိုင်ပြီဖြစ်ကြောင်းလည်း သိရသည်။

ဘန်ကောက်အခြေဆိုက် Angel Real Estate အိမ်ခြံမြေကုမ္ပဏီသည် ထိုင်းနိုင်ငံအဝှမ်း အိမ်ခြံမြေ စီမံကိန်းပေါင်း (၁၀၀) ကျော်ကို ရောင်းချပေးနေသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။ အခြားဝန်ဆောင်မှုများဖြစ်သော ဆောက်လုပ်ရေးလုပ်ငန်းများအတွက် စီမံခန့်ခွဲမှုပေးခြင်း (Project Management)၊ ဘဏ္ဍာငွေကြေး ပံ့ပိုးပေးခြင်း (Project Financing)၊ အိမ်ခြံမြေများ ရောင်းဝယ် ငှားရမ်းခြင်းတို့ကိုလည်း လုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရသည်။

“ကျွန်တော်တို့ မြန်မာ-ထိုင်း အခြေဆိုက် အိမ်ခြံမြေ ကုမ္ပဏီကြီး နှစ်ခု အကျိုးတူ ပူးပေါင်းပြီး လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ကြပါမယ်။ ထိုင်းနိုင်ငံက အိမ်ခြံမြေ စီမံကိန်းတွေကို မြန်မာနိုင်ငံတစ်ဦးတည်း အရောင်းကိုယ်စားလှယ်အဖြစ် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ကနေ ရောင်းချပေးမယ်။ ဒီလိုပဲ မြန်မာနိုင်ငံက အိမ်ခြံမြေ စီမံကိန်းတွေကိုလည်း ထိုင်းနိုင်ငံသားတွေ ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးမယ်။ ကွန်ဒိုဥပဒေကလည်း အတည်ပြုလိုက်ပြီဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံက ကွန်ဒိုစီမံကိန်းတွေကို ထိုင်းနိုင်ငံမှာ သွားရောက် ရောင်းချပါမယ်။ ဒါကတော့ ဈေးကွက်ချဲ့ထွင်တဲ့ နည်းဗျူဟာတစ်ခုပါ” ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ရှင်းလင်းပြောကြားခဲ့သည်။

ပထမဆုံး ပူးတွဲဆောင်ရွက်မှုအနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ Plum 89 ကွန်ဒိုစီမံကိန်းကို ရန်ကုန်မြို့  Novotel Hotel ၌ ၂၀၁၈ ခုနှစ် မတ်လ (၁၇) နှင့် (၁၈) ရက်နေ့များတွင် အရောင်းပွဲပြုလုပ်ကာ စတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

“ဒီ Plum 89 ကွန်ဒိုဟာ ဘန်ကောက်မြို့  ဒွန်မောင်းလေဆိပ်အနီးမှာ တည်ရှိပါတယ်။ ၁၀၀% ဆောက်လုပ်ပြီးစီးနေပြီး ချက်ခြင်း နေထိုင်လို့ ရပါတယ်။ တန်ဖိုးအားဖြင့် ကွန်ဒို တစ်ခန်းကို မြန်မာကျပ်ငွေ သိန်း (၃၅၀) ကျော်မှ သိန်း (၄၀၀) လောက်အထိသာဖြစ်တဲ့အတွက် ပြပွဲအတွင်းမှာ ရောင်းအားကောင်းမယ်လို့ ခန့်မှန်းထားပါတယ်။ ရာသက်ပန်မြေ အမျိုးအစား Freehold Land ပေါ်မှာ တည်ဆောက်ထားတဲ့အတွက်လည်း ပိုင်ဆိုင်မှု ခိုင်မာတယ်။ ဘန်ကောက်ကို မကြာခဏ သွားရောက်လည်ပတ်သူတွေ၊ ဆေးစစ်သူတွေ၊ ကျောင်းသွားတက်သူတွေအတွက် ဝယ်ယူ ရင်းနှီးမြှုပ်နှံထားဖို့ သင့်တော်တဲ့ စီမံကိန်းဖြစ်ပါတယ်” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားခဲ့သည်။

iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ကို ဆက်သွယ်လိုပါက ဖုန်း 09455294841 ~ 5 များသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Credit: Myanmar Business News
iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် ထိုင်းနိုင်ငံ ဘန်ကောက်အခြေဆိုက် Angel Real Estate အိမ်ခြံမြေကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ဆောင်ရန် သဘောတူ လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် ထိုင်းနိုင်ငံ ဘန်ကောက်အခြေဆိုက် Angel Real Estate အိမ်ခြံမြေကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ဆောင်ရန် သဘောတူ လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် ထိုင်းနိုင်ငံ ဘန်ကောက်အခြေဆိုက် Angel Real Estate အိမ်ခြံမြေကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ဆောင်ရန် သဘောတူ လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် ထိုင်းနိုင်ငံ ဘန်ကောက်အခြေဆိုက် Angel Real Estate အိမ်ခြံမြေကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ဆောင်ရန် သဘောတူ လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် ထိုင်းနိုင်ငံ ဘန်ကောက်အခြေဆိုက် Angel Real Estate အိမ်ခြံမြေကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ဆောင်ရန် သဘောတူ လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် ထိုင်းနိုင်ငံ ဘန်ကောက်အခြေဆိုက် Angel Real Estate အိမ်ခြံမြေကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ဆောင်ရန် သဘောတူ လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် ထိုင်းနိုင်ငံ ဘန်ကောက်အခြေဆိုက် Angel Real Estate အိမ်ခြံမြေကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ဆောင်ရန် သဘောတူ လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် ထိုင်းနိုင်ငံ ဘန်ကောက်အခြေဆိုက် Angel Real Estate အိမ်ခြံမြေကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ဆောင်ရန် သဘောတူ လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် ထိုင်းနိုင်ငံ ဘန်ကောက်အခြေဆိုက် Angel Real Estate အိမ်ခြံမြေကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ဆောင်ရန် သဘောတူ လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စီမံကိန်းကြောင့် ရန်ကုန်မြို့နယ်အချို့ မြေအရောင်းအဝယ်ဖြစ်နေ
လှိုင်သာယာ ငွေပင်လယ် ကုန်းတွင်းဆိပ်ကမ်း ဖော်ဆောင်မည့် စီမံကိန်း တည်ဆောက်မည့် အပေါ် မြေပိုင်ဆိုင်သော တောင်သူများ သဘောတူပြီ...
ပွဲစားနှင့် ဘုန်းတော်ကြီး (အိမ်ခြံမြေလောက အသောအထေ့ ဟာသများ)
ဆောက်လုပ်ရေးလုပ်ငန်းနှင့် လယ်ယာထွက်ကုန်များ ပြည်တွင်းတွင် ထုတ်လုပ်ပြီး ပြည်ပသို့ ပြန်ပို့နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံရန် ကိုရီးယား လုပ်ငန်းရှင်များက ကမ်းလှမ်း...
ဟောလိဝုဒ် ဂန္ထဝင်ကြယ်ပွင့် ဟာသ သရုပ်ဆောင် ဘော့ပ်ဟုပ်၏ စံအိမ်ကြီးကို အမေရိကန်သူဌေးကြီး ရွန်ဘာကယ်က ကန်ဒေါ်လာ ၁၅ သန်းဖြင့် ဝယ်ယူ...
ရန်ကုန်မြို့သစ် နယ်မြေသည် ရေဝပ်မြေဟု ပညာရှင်များ သတိပေး
လော့စ်အိန်ဂျလိတွင် ဘတ်စ်ကက်ဘောကွင်းသစ်ကြီး ဆောက်လုပ်ရန် စီစဉ်နေခြင်းအတွက် ဒေသခံတို့က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို တရားစွဲထားပြီး တန်ဖိုးသင့်လူနေခန်းများသာ ဆောက်လုပ်ရန် တောင်းဆိုလျက်ရှိ...
ရန်ကုန်ဧရိယာပြင်ပ (၁၁)မြို့နယ်မှာ စက်မှုဇုန်တည်ထောင်တာက အခွင့်အလမ်းကောင်းဖြစ်
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ဧကပေါင်း ၂၇၀၀၀ နီးပါးကျယ်ဝန်းကာ သမင်၊ ဝက်ဝံ၊ ဆတ်နှင့် တောဝက်တို့ ကျက်စားနေသော မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၃၁ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒေါ်လာဈေး အမြင့်ဆုံးရောက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

iMyanmarHouse.com - Mobile App
iMyanmarHouse.com - Monthly Property Magazine