လျှပ်စစ်ဓာတ်အားကြောင့် တရုတ်နိုင်ငံတွင် ရေမြှုပ်သဂြိုဟ်ခံရတဲ့ ရှေးဟောင်းမြို့ကြီး

လျှပ်စစ်ဓာတ်အားကြောင့် တရုတ်နိုင်ငံတွင် ရေမြှုပ်သဂြိုဟ်ခံရတဲ့ ရှေးဟောင်းမြို့ကြီး - Property News in Myanmar from iMyanmarHouse.com
13 Mar 2018 12:08 pm တွင် တင်ခဲ့သည်
6448 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံရဲ့ အထင်ကရ မြို့တော်ကြီး တစ်ခုဖြစ်တဲ့ ရှန်ဟိုင်းမြို့နဲ့သိပ်မဝေးကွာလှတဲ့ နေရာမှာ ချန်ဒေါင် ရေကန်ကြီး တည်ရှိပါတယ်။

ချန်ဒေါင်ဆိုတာက ကျွန်းပေါင်းတစ်ထောင်လို့ ဆိုလိုပါတယ်။ ကန်ကြီးထဲမှာ ကျွန်းစုစုပေါင်း ၁,၀၇၈ ခု ရှိပါတယ်။ ချန်ဒေါင်ရေကန်ကြီးမှာ ထူခြားတဲ့ သမိုင်းနောက်ခံ ရှိနေပြီးအဲဒီသမိုင်း နောက်ခံက ကန်ရဲ့ ရေအောက်ကြမ်းပြင်မှာ တည်ရှိနေပါ တယ်။

ကန်ကြီးဟာ သဘာဝ အလျောက် ဖြစ်ပေါ်လာခဲ့တဲ့ကန် မဟုတ်ဘူး။ စင်အန်မြစ်ကို ရေကာတာ တည်ဆောက်ပြီး ရေအားလျှပ်စစ် ထုတ်လုပ်ဖို့အတွက် ဖန်တီးထားတဲ့ ရေသိုလှောင်တဲ့ကန် ဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အား စီမံကိန်းကို ၁၉၅၉ ခုနှစ်မှာ အကောင်အထည်ဖော်ခဲ့တယ်။ ကန် ရေလွှမ်းမိုးထားတဲ့ ဧရိယာက ၂၂၁ စတုရန်းမိုင် ရှိတယ်။ ရေသိုလှောင်ထားနိုင်တဲ့ ပမာဏက ၁၇.၈ ကုဗ ကီလိုမီတာ ဖြစ်ပါတယ်။

ရေကာတာ အမြင့်က ၁၀၅ မီတာရှိပြီး အဲဒီတုန်းက တရုတ်ပြည်မှာ မီတာ ၁၀၀ ထက် ပိုမြင့်တဲ့ ရေကာတာအဖြစ် ပထမဆုံး တည်ဆောက်ခဲ့ခြင်းလို့ မှတ်တမ်းတင်ခံရပါတယ်။

ရေကာတာအလျားက ၄၄၆ မီတာခွဲ ရှိပါတယ်။ လျှပ်စစ်ဓာတ်အား စက်ရုံက ၈၄၅ မီဂါဝပ် ထုတ်လုပ်နိုင်စွမ်း ရှိပါ တယ်။

ရေကန်မှ ရေကို သဘာဝသောက်သုံးရေအဖြစ်လည်း ရယူသုံးစွဲပြီး Nongfu Spring အမည်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချပါတယ်။

ကန်ပတ်ပတ်လည်နဲ့ ကျွန်းတွေပေါ်မှာ သစ်တောအုပ်တွေ ရှိနေတာမို့ သဘာဝစိမ်း လန်းစိုပြေတဲ့ ဧရိယာ ဖြစ်ပါတယ်။ ကျွန်းတွေကို ပုံပန်းသဏ္ဌာန်အရ အမည်ပေးထားတာတွေ ရှိပါတယ်။

ငှက်ကျွန်း၊ မြွေကျွန်း၊ မျောက်ကျွန်း၊ သော့ခလောက်ကျွန်း စသဖြင့် အမည်တွင်ပါတယ်။

ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ဖို့ ရေတွေ စုဆောင်းသိုလှောင်ဖို့ ရွေးချယ်ခဲ့တဲ့နေရာမှာ ခြင်္သေ့မြို့တော်လို့ အမည်တွင်တဲ့ မြို့ကြီးတစ်မြို့ ရှိနေခဲ့ပါတယ်။

အကျယ်အ၀န်းက ဘောလုံးကွင်း ၂၆ ကွင်းစာသာသာ ရှိပါတယ်။ မြို့ရဲ့ ပတ်ပတ်လည်မှာ တောင်ငါးလုံးရှိပြီး ခြင်္သေ့တောင်တွေလို့ အမည်တွင်ပါတယ်။

ခြင်္သေ့ကို တရုတ်စကားဖြင့် 'ရှီ' လို့ ခေါ်တွင်ပြီး ၅ ကိုတော့ '၀ူ' လို့ ခေါ်တွင်တယ်။ တောင်ကို 'စန်း' လို့ ခေါ်ပါတယ်။ ဒီတော့ ခြင်္သေ့တောင် ၅လုံးကို ၀ူရှီစန်း လို့ ခေါ်ဝေါ်ကြပါတယ်။

ခြင်္သေ့တောင်ငါးလုံးရဲ့ အခြေမှာ တည်ရှိနေတဲ့ မြို့ကြီးဖြစ်လို့ ခြင်္သေ့မြို့တော်လို့ အမည်တွင်တယ်။ တရုတ်စကားနဲ့ 'ရှီချန်' လို့ ခေါ်ဝေါ်ပါတယ်။ ရှီဆိုတာက ခြင်္သေ့၊ ချန်က မြို့ကြီးလို့ အဓိပ္ပာယ် ရပါတယ်။

ရှီချန်မြို့တော်ကို အရှေ့ဟန်မင်းဆက်လက်ထက်(အေဒီ ၂၅-၂၀၀) အတွင်းမှာ ထူထောင်ခဲ့ပါတယ်။ စတင် တည်ဆောက်ခဲ့တာ အေဒီ ၂၀၈ ခုနှစ်မှာ ဖြစ်ပြီး ခြင်္သေ့တောင်တွေ ကြားမှာရှိတဲ့မြို့ဖြစ်လို့ ခြင်္သေ့မြို့ ရှီချန်လို့ အမည်တွင်ခဲ့ပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးတို့အရ အချက်အချာကျတဲ့ မြို့ကြီးတစ်မြို့ ဖြစ်ခဲ့ ပါတယ်။ရေကာတာ တည်ဆောက်ပြီး ရေလှောင်တော့ အဲဒီ ရှီချန် တစ်မြို့လုံး ရေအောက်ကို ရောက်သွားပါတယ်။ ၀ူရှီတောင်တွေကတော့ တစ်ပိုင်းတစ်စ နစ်မြုပ်သွားပြီး ယခုအခါ ရေကန် ရေပြင်မှာကျွန်းတွေအဖြစ် ပေါ်ထွက် နေတာမို့ ၀ူရှီကျွန်းလို့ ခေါ်ဝေါ်ကြပါတယ်။

ရှီချန်ဟာ ရေအောက်ကို လုံးလုံးလျားလျား ရောက်ရှိသွားပြီးတဲ့အခါမှာ ရေကန်က ရေသေ ဖြစ်တာမို့ ရေစီးကြောင်း တိုက်စားခြင်းဒဏ် ပြင်းပြင်းထန်ထန် ခံစားရခြင်း မရှိတဲ့အပြင်နေမထိ လေမထိ ဖြစ်နေခဲ့ပြီး သိုလှောင်ထားတဲ့ ရေတွေကလည်း သောက်ရေသန့်အဖြစ် ထုတ်လုပ်နိုင်အောင် သန့်ရှင်းတာမို့ ရှီချန်ဟာ ကာလကြာမြင့်ပေမဲ့ အကြီးအကျယ် ပျက်စီးခဲ့ခြင်း မရှိပါဘူး။

ယခုအခါမှာ သက်တမ်း နှစ်ပေါင်း ၁၃၅၀ နှစ်ကျော် ရှိပြီဖြစ်တဲ့ ရှေးမြို့တော် ရှီချန်ဟာ ရေအောက်ကို ရောက်ရှိနေ ခဲ့တာ နှစ်ပေါင်း ၅၅ နှစ် ကျော်ပြီဖြစ်ပါတယ်။ ရေအောက် ပေ ၁၃၀ ၀န်းကျင်မှာ ရှီချန် တည်ရှိနေဆဲ ဖြစ်ပါတယ်။

ရှန်ဟိုင်းမှ ရေငုပ်လုပ်ငန်း ဘစ်ဘလူးမှ ကန်ရေပြင်အောက် ရေငုပ်ပြီး လေ့လာစူးစမ်းမှု များ စတင်ခဲ့ပြီး ရှီချန်ကို ပြန်လည်တွေ့ရှိခဲ့ကြ ပါတယ်။ ခရီးသွားများကို ဆွဲဆောင်မှု ရှိတဲ့ နေရာတစ်ခုအဖြစ် ဖွံ့ဖြိုးဖော်ထုတ်ခဲ့ပြီးခရီး သွားလုပ်ငန်းကို စတင်ခဲ့ရာမှ စည်စည်ကားကား ဖြစ်လာပြီး တည်းခိုနေထိုင်ဖို့ ဟိုတယ်တွေမှအစ အင်းတွေအဆုံး ရှိလာခဲ့ပါတယ်။ ကြည့်ရှုလေ့ လာလိုသူတွေအဖို့တော့ ရေငုပ်တတ်ဖို့ လိုအပ်ပါတယ်။

ရေငုပ်သင်္ဘောငယ်ဖြင့် ခရီးသည်တွေကို လိုက်လံပြသဖို့ တင်ပြခဲ့တာမှာ ရှေးဟောင်း အဆောက်အဦတွေကို မတော်တဆ ထိတိုက်မှုဖြစ်ပွားပြီး အပျက်အစီး ဖြစ်မှာစိုးရတဲ့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေက ခွင့် မပြုခဲ့ပါဘူး။

ရေအောက်မြို့တော် ရှီချန်မှာ ရှေးကျတဲ့ အဆောက်အဦတွေ အကောင်းပကတိအတိုင်း ရှိနေဆဲ ဖြစ်ပါတယ်။ ကျောက်ရုပ်တုတွေ၊ အပေါက်ဝ စောင့်တဲ့ ခြင်္သေ့ရုပ်တုတွေ မပျက်မယွင်း ရှိနေဆဲ ဖြစ်ပါတယ်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်နေတဲ့ လျှပ်စစ်ကို အလုံအလောက် နိုင်ငံတစ်ဝန်း ရရှိစေဖို့ လုပ်ဆောင်ခဲ့တာမှာ သမိုင်းတန်ဖိုးကြီးမားတဲ့ရှီချန်မြို့ကြီး ရေမြှုပ်သဂြိုဟ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Credit: Industries Directory
လျှပ်စစ်ဓာတ်အားကြောင့် တရုတ်နိုင်ငံတွင် ရေမြှုပ်သဂြိုဟ်ခံရတဲ့ ရှေးဟောင်းမြို့ကြီး - Property News in Myanmar from iMyanmarHouse.com
လျှပ်စစ်ဓာတ်အားကြောင့် တရုတ်နိုင်ငံတွင် ရေမြှုပ်သဂြိုဟ်ခံရတဲ့ ရှေးဟောင်းမြို့ကြီး - Property News in Myanmar from iMyanmarHouse.com
လျှပ်စစ်ဓာတ်အားကြောင့် တရုတ်နိုင်ငံတွင် ရေမြှုပ်သဂြိုဟ်ခံရတဲ့ ရှေးဟောင်းမြို့ကြီး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service