တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ရန် ဂျပန်ယန်း ၁၅ ဘီလီယံချေးယူရေး ပြည်ထောင်စုလွှတ်တော် သဘောတူ

တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ရန် ဂျပန်ယန်း ၁၅ ဘီလီယံချေးယူရေး ပြည်ထောင်စုလွှတ်တော် သဘောတူ - Property News in Myanmar from iMyanmarHouse.com
7 Mar 2018 11:52 am တွင် တင်ခဲ့သည်
5248 ကြိမ် ကြည့်ရှု့ပြီး
ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ရန် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)ထံမှ ဂျပန်ယန်း ၁၅ ဘီလီယံချေးယူမှုကို ပြည် ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

ငွေချေးယူမှုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စား လှယ် ၁၀ ဦး၏ ထောက်ခံအကြံပြုဆွေးနွေးချက်များကိုဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်း က မတ်လ ၆ ရက် ပြည်ထောင်စုလွှတ်တော်တွင် ပြန်လည်ရှင်းလင်းပြီး အတည်ပြုခြင်း ဖြစ်သည်။

ဝန်ကြီးဌာနသည် ၂၀၂၁ မတ်လမတိုင်မီ တန်ဖိုးနည်းအိမ်ရာ အခန်း ၁၁,၀၀၀ ကျော်နှင့် တန်ဖိုးသင့်အိမ်ရာ အခန်းတစ် သောင်းကျော်တည်ဆောက်ရန် လျာထားပြီး ယင်းတို့အနက် အခန်းအချို့ကို JICA ချေးငွေဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ပေးမည်ဖြစ် ကြောင်း ဒုဝန်ကြီး ဦးကျော်လင်း က ပြောသည်။

အဆိုပါချေးငွေ ယန်း ၁၅ ဘီလီယံသည် နှစ်ရှည်ချေးငွေဖြစ် ပြီး အတိုး ၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ် ကာလနှစ် ၃၀၊ စုစုပေါင်းနှစ် ၄၀ အတွင်း ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။

ဝန်ကြီးဌာနသည် ကျပ်သိန်း တစ်ရာအောက် တန်ဖိုးဖြင့်ရောင်း ချပေးမည့် အိမ်ခန်းများကို တန်ဖိုးနည်းအိမ်ရာဟုသတ်မှတ်ထားပြီး လက်ငင်းမဝယ်ယူနိုင်ပါက အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည့် အစီအမံများကိုလည်း လျာထားပြီး ၁၅ နှစ် အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန် စီမံဆောင်ရွက် ထားကြောင်း ဒုဝန်ကြီးကျော်လင်း က ပြောသည်။

လစဉ် မိသားစုဝင်ငွေအနည်းဆုံး ကျပ်သုံးသိန်းရှိပါက တန်ဖိုးနည်းအိမ်ရာဝယ်ယူနိုင်ပြီး လစဉ် မိသားစုဝင်ငွေကျပ်ငါးသိန်း ရှိပါက တန်ဖိုးသင့်အိမ်ရာ ဝယ်ယူနိုင်မည်ဟု ၎င်းကဆိုသည်။

‘‘ဥပမာအားဖြင့် ၁၅ နှစ်ချေး ငွေဖြင့် တန်ဖိုးငွေသိန်းတစ်ရာရှိ သော အခန်းကို ဝယ်ယူလိုပါက တစ်လပေးသွင်းရမယ့် ငွေကြေး တစ်သိန်းခန့် ရှိသောကြောင့် မိသားစုတစ်စုလုံးရဲ့ စုစုပေါင်းဝင် ငွေသည် သုံးသိန်းခန့်ရှိရမယ်လို့ သတ်မှတ်ရခြင်းဖြစ်ပါတယ်’’ဟု ဒုဝန်ကြီး ဦးကျော်လင်းက ပြော သည်။

ထို့ပြင် အိမ်ရာလုံးဝမဝယ်ယူ နိုင်သော ပြည်သူများနှင့် ဝန်ထမ်း များအတွက် အငှားအိမ်ရာစနစ် ဖြင့် အများဆုံးငါးနှစ်အထိ ငှားရမ်းပေးရန် စီစဉ်နေကာငှားရမ်းခ ကို သင့်တင့်သောနှုန်းထားဖြင့် ကောက်ခံမည်ဟု ဆက်လက် ပြောကြားသည်။

‘‘ငါးနှစ်ပြည့်ပါက အငှား အိမ်ရာကနေအရောင်းအိမ်ရာသို့ ပြောင်းရွှေ့ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါ တယ်’’ဟု ဦးကျော်လင်းက ပြောကြားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...

ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...

မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...

ဟင်နရီ ဇီးဂလန်းဆိုသူကို ၎င်း၏ ယောက်ဖက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ လွဲချော်သွားပြီး သစ်ပင်ထဲ ကျည်ဝင်သွားခဲ့၊ နှစ် ၂၀ အကြာတွင် ဇီးဂလန်းက သစ်ပင်ကို ဒိုင်းနမိုက်ဖြင့် ခွဲကာ လှဲခဲ့ရာ ကျည်ပြန်ထွက်လာပြီး နဖူးမှန်ကာ သေဆုံးခဲ့ရ...

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service