တရုတ်အစိုးရက ပေကျင်းအခြေစိုက် Anbang ကုမ္ပဏီကြီးကို သိမ်းယူလိုက်ပြီး နယူးယောက်ရှိ ဝါးဒေါ့ဖ် အက်စ်တိုးရီးယားဟိုတယ်ကြီးကိုလည်း ထိန်းချုပ်လိုက်ပြီ

တရုတ်အစိုးရက ပေကျင်းအခြေစိုက် Anbang ကုမ္ပဏီကြီးကို သိမ်းယူလိုက်ပြီး နယူးယောက်ရှိ ဝါးဒေါ့ဖ် အက်စ်တိုးရီးယားဟိုတယ်ကြီးကိုလည်း ထိန်းချုပ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
5 Mar 2018 1:06 pm တွင် တင်ခဲ့သည်
4968 ကြိမ် ကြည့်ရှု့ပြီး
တရုတ်အစိုးရက ပေကျင်းအခြေစိုက် Anbang ကုမ္ပဏီကြီးကို သိမ်းယူလိုက်ပြီး နယူးယောက်ရှိ ဝါးဒေါ့ဖ် အက်စ်တိုးရီးယား ဟိုတယ်ကြီးမှာလည်း တရုတ်အစိုးရ၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဝါးဒေါ့ဖ် အက်စ်တိုးရီးယားသည် Anbang က ပိုင်ဆိုင်ထားသော ဟိုတယ်များထဲမှ တစ်ခုဖြစ်သည်။

Anbang သည် နယူးယောက်မြို့၊ မန်ဟက်တန်အရပ်ရှိ နာမည်ကျော်အဆိုပါဟိုတယ်ကြီးကို လွန်ခဲ့သော ၃ နှစ်ခန့်က ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ပြည်ပတွင် ကန်ဒေါ်လာ ၃၀ ဘီလီယံရင်းနှီးမြှုပ်နှံမှုစီမံကိန်းအတွင်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။

Anbang သည် တရားမဝင် လုပ်ငန်းလုပ်ဆောင်မှုများပြုလုပ်သည့်ပြစ်မှုကျူးလွန်ခဲ့ကြောင်း၊ ကုမ္ပဏီကို ပြန်လည် ဖွဲ့စည်းခံရ မည်ဖြစ်ကြောင်း တရုတ်အာမခံလုပ်ထုံးလုပ်နည်းကော်မရှင် (CIRC) ၏ ဝက်ဘ်ဆိုက်တွင် ယနေ့ဖော်ပြထားသည်။

Anbang ဥက္ကဌ၊ အမှုဆောင်အရာရှိချုပ်ဟောင်း ဝူရှောက်ဟွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး စီးပွားရေးရာဇဝတ်မှုကျူးလွန်မှုဖြင့် အမှုဖွင့်ခံထားရသည်။

ရှန်ဟိုင်းရှိ တရားရုံးက ဝူရှောက်ဟွေကို ကုမ္ပဏီ၏ပိုင်ဆိုင်မှုများအား လွဲမှားစွာအသုံးပြုခြင်း၊ ဘဏ္ဍာငွေလိမ်လည်ရှာဖွေခြင်းတို့ဖြင့် စွဲချက်တင်ထားသည်။

Anbang ၏ စီးပွားရေးလုပ်ဆောင်မှုများမှာ တရုတ်နိုင်ငံ၏ ဥပဒေကို ချိုးဖောက်နေပြီး ယင်းလုပ်ဆောင်ချက်များမှာ ကုမ္ပဏီ၏ အကြွေးဆပ်နိုင်မှုအခြေအနေအပေါ် ဆိုးရွားစွာအန္တရာယ်ကျရောက်စေနိုင်ကြောင်း တရုတ်အာဏာပိုင်တို့က ထုတ်ပြန်ထားသည်။

အာဏာပိုင်တို့သည် Anbang ၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်ပုံများကို ယခင်နှစ် ဇူလိုင်လကတည်းက အနီးကပ်စောင့်ကြည့်နေခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ Anbang ကိုထိန်းချုပ်သိမ်းယူလိုက်ပြီးနောက်ပိုင်း ငွေအရင်းအနှီးများလွှဲပြောင်းခြင်း၊ ရှယ်ယာများလွှဲပြောင်းခြင်း၊ အခြားသဘောတူစာချုပ်များအားလုံးကို CIRC က ဖွဲ့စည်းခန့်အပ်လိုက်သည့် အဖွဲ့ဝင် ၃၁ ဦးပါ အဖွဲ့မှ အတည်ပြုဆုံးဖြတ်ချက်များ ပေးအပ်သွားမည် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်အစိုးရက ပေကျင်းအခြေစိုက် Anbang ကုမ္ပဏီကြီးကို သိမ်းယူလိုက်ပြီး နယူးယောက်ရှိ ဝါးဒေါ့ဖ် အက်စ်တိုးရီးယားဟိုတယ်ကြီးကိုလည်း ထိန်းချုပ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service