ရွှေတင်သွင်း၊ တင်ပို့ခြင်းကို စိစစ်မည့်ကော်မတီ မဖွဲ့ရသေး၍ လိုင်စင်ထုတ်ပေးနိုင်ခြင်း မရှိသေးဟုဆို

ရွှေတင်သွင်း၊ တင်ပို့ခြင်းကို စိစစ်မည့်ကော်မတီ မဖွဲ့ရသေး၍ လိုင်စင်ထုတ်ပေးနိုင်ခြင်း မရှိသေးဟုဆို - Property News in Myanmar from iMyanmarHouse.com
5 Mar 2018 11:21 am တွင် တင်ခဲ့သည်
4684 ကြိမ် ကြည့်ရှု့ပြီး
ရွှေကိုပြည်ပမှ တင် သွင်းခြင်းနှင့် တင်ပို့ခြင်း ခွင့်ပြုထားသော်လည်း စိစစ်မည့် ကော် မတီမဖွဲ့ရသေး၍ ယခုအထိ လိုင်စင်ထုတ်ပေးနိုင်ခြင်း မရှိသေးကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း က ပြောသည်။

အစိုးရက ရွှေကိုပြည်ပမှ တင်သွင်း၊ တင်ပို့ခြင်းကို ဇန်န၀ါ ရီ ၂၂ ရက်တွင် စတင်ခွင့်ပြုခဲ့ပြီး ခွင့်ပြုချက်ကို ရွှေဈေးကွက်စောင့် ကြည့်အကဲဖြတ် ထိန်းညှိရေး ကော်မတီက ဆောင်ရွက်ရမည် ဖြစ်ကြောင်း သတ်မှတ်ခဲ့သည်။

လက်ရှိတွင် အဆိုပါ ကော် မတီကို တစ်လကျော်သည်အထိ မဖွဲ့စည်းနိုင်သေး၍ ပြည်ပမှရွှေ တင်သွင်းခြင်းနှင့် ပြည်ပသို့ရွှေ တင်ပို့ခြင်းတို့ မလုပ်ဆောင်နိုင် သေးကြောင်း ဦးရန်နိုင်ထွန်းက ပြောသည်။

‘‘ဖွဲ့ပြီးရင် စိစစ်ပေးလိမ့် မယ်။ အဲဒီအဖွဲ့က စိစစ်ပြီးမှ လိုင် စင်ထုတ်ပေးလို့ရမှာ။ အခုတော့ ရွှေတင်ပို့တာ၊ သွင်းတာမလုပ်ရသေးဘူး’’ဟု ၎င်းကဆက်ပြော သည်။

လက်ရှိတွင် ကော်မတီဖွဲ့စည်းရန် အခြားဝန်ကြီးဌာနများ မှ ကိုယ်စားလှယ်များ တောင်းခံ ထားပြီးရရှိပါက ကော်မတီဖွဲ့စည်းပေးမည်ဖြစ်ကြောင်း ဦးရန်နိုင် ထွန်းကပြောသည်။

‘‘ဘယ်သူမှ လုပ်ငန်းမစကြ သေးဘူး။ ဘယ်လိုဖြစ်လာမယ်ဆိုတာ ပြောဖို့စောဦးမယ်’’ ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဦးဝင်းမြင့် က ပြောသည်။

အဆိုပါ ကော်မတီသည် ရွှေ တင်သွင်းခြင်း၊ တင်ပို့ခြင်းဆိုင်ရာ ရွှေဈေးကွက်ကို ထိန်းညှိပေးရန်၊ ၀ယ်လိုအား၊ ရောင်းလိုအားချိန် ညှိရန်နှင့် တင်ပို့ခြင်း၊ တင်သွင်း ပမာဏ၊ စံချိန်၊ ဈေးနှုန်းနှင့် တန် ဖိုးတို့ကို သတ်မှတ်ရန် ဖြစ်သည်။

ထိုကော်မတီကို စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ ပညာရေးဝန် ကြီးဌာနနှင့် ရွှေဗဟိုဈေးကွက် ကော်မတီမှ ကိုယ်စားလှယ်များ ဖြင့် ဖွဲ့စည်းမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...

အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...

သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း

လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း

“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...

ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ

ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်

ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ

မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...

စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး

မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service