ဆောက်လုပ်ရေးကဏ္ဍမှ လုပ်ငန်းရှင်များတင်ပြတောင်းဆိုချက်သည့် အချက် (၆)ချက်မှ အချက်(၅)ခုကို မူအားဖြင့် သဘောတူဖြည့်ဆည်းပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းဆို

ဆောက်လုပ်ရေးကဏ္ဍမှ လုပ်ငန်းရှင်များတင်ပြတောင်းဆိုချက်သည့် အချက် (၆)ချက်မှ အချက်(၅)ခုကို မူအားဖြင့် သဘောတူဖြည့်ဆည်းပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းဆို - Property News in Myanmar from iMyanmarHouse.com
17 Feb 2018 11:18 pm တွင် တင်ခဲ့သည်
6864 ကြိမ် ကြည့်ရှု့ပြီး
ယနေ့ ရန်ကုန်မြို့ ၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း ရှိ Myanmar Convention Center (MCC) တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် နှင့် ဆောင်လုပ်ရေးကဏ္ဍမှ လုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် လုပ်ငန်းရှင်များစုပေါင်းတောင်းဆိုသည့် ဆောက်လုပ်ရေးလုပ်ငန်းများပြန်လည်ကောင်းမွန်လာရေးအတွက် အရေးကြီးသည့် အချက် (၆) ချက်အနက် ဘဏ်တိုးနှုန်းတစ်ခုမှ လွဲ၍ ကျန်အချက် (၅)ချက်ကို ၀န်ကြီးချုပ်မှ ညှိနှိုင်းဖြည့်ဆည်းပေးမည်ဟု သဘောတူခဲ့ကြောင်း သိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်များစုပေါင်းတောင်းဆိုသည့် အချက် (၆)ချက်မှာ...

(က) အိမ်ခြံမြေ တိုက်ခန်း အရောင်းအ၀ယ်ခွန်များအား ၃၀% မှ ၅% သို့ ယာယီ(၂)နှစ်ခန့် လျှော့ချပေးနိုင်ရေး။ (နိုင်ငံတော်အခွန်ငွေရရှိသည့်ပမာဏ လျော့မသွားသည့်အပြင် ပိုများလာမည်ဖြစ်ပါသည်။)

(ခ) စီမံကိန်းများ အာမခံထား၍ စီမံကိန်း အကြီးအသေးပေါ်မူတည်၍ ၃နှစ်မှ ၁၀နှစ်အထိ ဘဏ်ချေးငွေ ရရှိရေး။

(ဂ) ဘဏ်ချေးငွေ အတိုးနှုန်းများအား ၁၃% မှ ၉% သို့ လျော့ချပေးနိုင်ရေး။

(ဃ) အိမ်ရာဝယ်ယူသူများအတွက် (၁၅)နှသ်မှ (၂၀)နှစ်အထိ ဘဏ်ချေးငွေဖြင့်ဝယ်ယူခွင့် ထိထိရောက်ရောက်ရရှိနိုင်ရေး။

( င ) တည်ဆောက်ရေးဆိုင်ရာ ခွင့်ပြုမိန့်များ ထုတ်ပေးမည့်ကာလသတ်မှတ်ချက် ကြေငြာပေးနိုင်ရေး။

ဥပမာ။ ။ (၈)ထပ်ခွဲနှင့်အောက်အား (၁)လအတွင်း၊ (၁၂)ထပ်အထိ (၂)လအတွင်း ၊ (၁၂)ထပ်နှင့်အထက်အား (၆)လအတွင်းစသည်ဖြင့် ကာလတစ်ခု သတ်မှတ်ပေးနိုင်ရေး

(စ) နိုင်ငံတော်ဘတ်ဂျက်ငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းအရေအတွက် များများအကောင်အထည်ဖော်ပေးနိုင်ရေး။

စသည့်အချက်များဖြစ်ပြီး အမှတ်စဉ် (ဂ)ဖြစ်သည့် ဘဏ်တိုးနှုန်းကို ၉% အထိလျှော့ချပေးရေး အချက်မှ လွဲ၍ ကျန် (၅)ချက်ကို ၀န်ကြီးချုပ်မှ သဘောတူခဲ့ခြင်းဖြစ်သည်။

“ ဒီအချက်တွေထဲက အချက်တော်တော်များများ ပါပဲ။ တစ်ချက်ပါပဲ၊ အဲတာ ဘဏ်တိုးနှုန်းပါပဲ။ အထက်ကဆွေးနွေးသွားခဲ့သလိုပါပဲ။ ဘဏ်တိုးနှုန်းဆိုတာ တော်တော်ကျယ်ပြန့်ပါတယ်။ အဓိက ကျွန်တော်တို့နိုင်ငံရဲ့ ငွေကြေးလည်ပတ်မှု Sizeပေါ့။ အဲဒီ့Size က ဘယ်လောက်အထိရှိလဲပေါ့။ စီးပွားရေးဆိုဒ်ကြီးရင် ငွေလည်ပတ်မှုများမယ်။ ဒါတွေအများကြီးတွက်ချက်ရမယ့် အခြေအနေဖြစ်ပါတယ်။” ဟု ဦးဖြိုးမင်းသိန်းက လုပ်ငန်းရှင်များတောင်းဆိုချက်များနှင့်ပတ်သက်၍ ပြန်လည်ရှင်းရှင်းဖြေကြားခဲ့သည်။

ထိုသို့ ၀န်ကြီးချုပ်နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲကို ဦဆောင်စီစဉ်ခဲ့သူတစ်ဦးဖြစ်သူ ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က “လုပ်ငန်းများရပ်ဆိုင်းတော့မယ့်အခြေအနေဖြစ်နေလို့ အခုလို အကူအညီတောင်းရတာပါ။
ဆောက်လုပ်ရေးလုပ်ငန်းလည်ပတ်ပုံက (၃)မျိုးပဲရှိပါတယ်။

ငွေကို (၃)ပုံ စုရပါတယ်။ မတည်ရင်းနှီးတစ်ပုံ ၊ အခန်းတွေ ကြိုတင်ရောင်းချခြင်းမှ ရငွေကတစ်ပုံ ၊ ဘဏ်ချေးငွေက တစ်ပုံ ဆိုပြီးတော့ပေါ့။
ဒါမှ မလောက်ရင် ရှယ်ယာခေါ်ရတယ်။

ဆောက်ပြီး ချိန်လည်းကြတော့ ရောင်းမထွက်တဲ့ အခါကြတော့ လုပ်ငန်းဆက်လက်လည်ပတ်ဖို့ အခက်အခဲတွေ ဖြစ်လာပါတယ်။
ဗဟို ဘဏ် နဲ့ ပုဂ္ဂလိက ဘဏ်တွေ ကြားက သတ်မှတ်ချက်တွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေကို တိုက်ရိုက်လာထိပါတယ်။

အရင်ဆုံးထိတာ ဆောက်လုပ်ရေးက အခြေခံလုပ်သား၊ နောက် အင်ဂျင်နီယာ၊ အသိပညာရှင် အတတ်ပညာရှင် ဒီဇိုင်းကုမ္ပဏီတွေ တောက်လျောက် ဆင့်ကဲ ရိုက်ခတ်မှုဒဏ်ကို ခံစားကြရပါတယ်။

ဒါပေမယ့် စားဝတ်နေရေး ကျပ်တဉ်းသွားတဲ့ လုပ်ငန်းရှင်ကတော့ ရှားပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းဆိုတာ ပါဝင်ပတ်သက်သူများတာကြောင့် တစ်ခုဖြစ်လို့ရှိရင် ဆင့်ကဲ ရိုက်ခတ်မှုဖြစ်စဉ်များတာကြောင့် သက်ဆိုင်ရာအစိုးရများက ၀င်ရောက်ပါဝင်ကူညီပေးမှသာ ပြန်လည်ထူမတ်နိုင်တဲ့ သဘောမှာရှိပါတယ်။

၁၉၉၇ ခုနှစ်မှာထိုင်းကဆောက်လုပ်ရေးလုပ်ငန်းတွေပြိုလဲခဲ့တဲ့ ဂယက်ဟာ ၁၉၉၈ ခုနှစ် မှာမြန်မာဆောက်လုပ်ရေးလုပ်ငန်းတွေအထိ ရိုက်ခတ်ခဲ့ပါတယ်။ ဆောက်လုပ်ရေးကဏ္ဍ ရပ်တန့်သွားရင် အခြားစီးပွားရေးကဏ္ဍများကိုပါ ကူးစက် ရိုက်ခတ်သွားတတ်တယ်ဆိုတာ ပညာရှင်များ ၊အတွေ့အကြုံရှိသူများ ကောင်းစွာ သဘောပေါက်နားလည်ပါတယ်။

ဒါ့ကြောင့် ဒီအချက် (၆) ချက်ကို အရဲစွန့်ပြီးတင်ပြတာ ဖြစ်ပါတယ်။” ပြောသည်။

အဆိုပါတွေ့ဆုံပွဲတွင် မကြာခင်က ပြည်သူလူထုသို့ ထုတ်ပြန်ခဲ့သည့် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းပါ စာမျက်နှာ(၁၆) အပိုဒ် ၂၅ တွင် ဖော်ပြထားသောအချက်များ ( ပထမ (၆)လ ၀င်ငွေခွန်၃ %၊ ဒုတိယ(၆)လ ၀င်ငွေခွန် ၅%) သည် တိုင်းပြည်စီးပွားရေးတိုးတက်မှုကို များစွာအထောက်အကူဖြစ်စေသဖြင့် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်းနှင့် စောလျှင်စွာ အတည်ပြုကြေငြာပေးနိုင်ရေး ထောက်ခံပွဲ ပူးတွဲကျင်းပရာ အဆိုပါဥပဒေကြမ်းနှင့် ပတ်သက်၍လည်း ၀န်ကြီးချုပ်က “ ဒါက ဥပဒေကြမ်းအဆင့်ပဲရှိပါသေးတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ အိမ်ခြံမြေလောက၊ ဆောက်လုပ်ရေးလောကတွေ ပြန်လည်ဖွံ့ဖြိုးလာဖို့ ရည်ရွယ်ချက်နဲ့ ရေးဆွဲပြီးပြည်ထောင်စုလွှတ်တော်ကို တင်ထားပြီးပါပြီ။ ဒါကို မြန်မြန်အတည်ပြု ထုတ်ပြန်နိုင်အောင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကြိုးပမ်းပေးကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု ဆက်လက်ပြောကြားသွားသည်။

ယင်းထောက်ခံပွဲသို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ အခြားစီးပွားရေး အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အသိပညာရှင် အတတ်ပညာရှင်များအပြင် ရန်ကုန်မြို့ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အခြခံဝန်ထမ်းများအပါအ၀င် စုစုပေါင်း လူဦးရေ တစ်သောင်းကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service