တိုက်ခန်းများအမည်ပြောင်း နှင့် ခြံစည်းရိုး ကာရံခြင်း များလျှောက်ထား ရာတွင် လိုအပ်သော စာရွက်စာတမ်းများ

တိုက်ခန်းများအမည်ပြောင်း နှင့် ခြံစည်းရိုး ကာရံခြင်း များလျှောက်ထား ရာတွင် လိုအပ်သော စာရွက်စာတမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
15 Feb 2018 12:40 pm တွင် တင်ခဲ့သည်
4246 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

တိုက်ခန်းများအမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ


၁။ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုးရုံးသို့ တိုက်ခန်းများအမည်ပြောင်း လျှောက်ထားရာတွင် အောက်ဖော်ပြပါအချက်များကို သတ်မှတ်လျှောက်လွှာပုံစံ နှင့်အတူ ပူးတွဲတင်ပြရမည် -

ကိုယ်တိုင်ရေးလျှောက်လွှာ (၁) စောင်

အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ထုတ်ပေးသောအဆောက်အအုံ နေထိုင်ခွင့်စာချုပ်(သို့)သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၏ တိုက်ခန်းနေရာချထားခြင်းလက်မှတ် (၁) စောင်

တိုက်ခန်းလွဲပြောင်းလက်ခံခြင်း သဘောတူစာချုပ်မိတ္တူ (၁) စောင်

သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင်၏ တိုက်ခန်းပိုင်ဆိုင်သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက် (၁) စောင်

တိုက်ခန်းလွဲပြောင်းသူ၊ တိုက်ခန်းလက်ခံသူတို့၏မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (၁) စောင်

တိုက်ခန်းလွဲပြောင်းသူ၏ လိုင်စင်ဓါတ်ပုံ (၂)ပုံ

တိုက်ခန်းလွဲပြောင်းသူ၏ မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးထားသော အိမ်ထောင်စုစာရင်းမိတ္တူ (၁) စောင်

တိုက်ခန်းလွဲပြောင်းသူ၏အမည်ပြောင်းလဲခြင်းအား ကန့်ကွက်ရန်မရှိကြောင်း ဝန်ခံကတိပြုချက် (၁) စောင်

ရေခွန်ပေးဆောင်ပြီး ပြေစာမိတ္တူ(သို့) လွှဲပြောင်းလက်ခံသူမှ တိုက်ခန်းနှင့် ပတ်သတ်သည့် ကြွေးကျန်ကိစ္စများ တာဝန်ယူဖြေရှင်းမည့် ဝန်ခံကတိပြုချက် (၁) စောင်

အထက်ပါစာရွက်စာတမ်းများစုံလင်စွာ တင်ပြလျှောက်ထားနိုင်ပြီး ဌာနမှစိစစ်မှုများ ပြုလုပ်ကာ အောက်ပါလုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။

(က) တိုက်ခန်းအမည်ပြောင်း လျှောက်ထားချက်ကို စိစစ်ပြီးလွှဲပြောင်းသူနှင့် လက်ခံသူတို့ ကိုယ်တိုင်လက်ထောက်ဌာနမှူး(မြေရာ)၏ရှေ့တွင်လက်မှတ်ရေးထိုး လွှဲပြောင်းပေးရမည်။

(ခ) လျှောက်ထားသူမှ သက်မှတ်ဝန်ဆောင်ခ ပေးသွင်းပြီးမှ အမည်ပြောင်း
ခွင့်ပြုမည်။

(ဂ) တိုက်ခန်းလွှဲပြောင်းသူ ကိုယ်တိုင်လာရောက်လွှဲပြောင်းခြင်းမပြုပါက နေ့စဉ်သတင်းစာတွင် ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာစေမည်။ (အမည်ပြောင်းသူမှ ကြော်ငြာခကို ကျခံရမည်)

(ဃ) သတ်မှတ်ထားသောကာလအတွင်းကန့်ကွက်ချက်မရှိပါက အမည်ပြောင်း လျှောက်ထားသူမှ မူလအဆောက်အအုံနေထိုင်ခွင့်စာချုပ်အား ပယ်ဖျက်၍ အမည်ပြောင်းလျှောက်ထားသူအမည်ဖြင့် ချုပ်ဆိုထားသော စာချုပ်ကို ဆက်လက်ချုပ်ဆိုပေးပါမည်။

(င) ကော်မတီက စီမံခန့်ခွဲလျှက်ရှိသော တိုက်ခန်းများ၏ သတ်မှတ်ထားသော မြေဌားခကို နေထိုင်သူများထံမှ တိုက်ခန်းအမျိုးအစားအလိုက်သတ်မှတ်ထားသည့်ဘဏ္ဍာရေးနှစ် အလိုက် ကော်မတီက ကောက်ခံသွားမည်။

*** သင်စိတ်ဝင်စားနိုင်သော အဆောက်အအုံ နှင့် သက်ဆိုင်သော လုပ်ငန်းများလုပ်ဆောင်ရာတွင် မဖြစ်မနေ လုပ်ဆောင်ရမည့် စာရွက်စာတမ်း အချက်အလက်များ***

ခြံစည်းရိုးကာရံခြင်း လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ


ခြံစည်းရိုးကာရံခွင့်လျှောက်ထားရာတွင် လိုအပ်သောစာရွက်စာတမ်းများနှင့်ထောက်ခံချက်များ

− ဌာနမှသတ်မှတ်လျှောက်လွှာ

− လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ ( A4 Size တစ်မျက်နှာတည်းတွင်အပေါ်အောက်မိတ္တူ ကူးရန်)

− သက်ဆိုင်ရာဌာနမှ(၃)နှစ်အတွင်း ထုတ်ပေးထားသော မြေပုံ/မြေရာဇဝင်မူရင်း− ဂရန်မိတ္တူ (သို့)မြေပိုင်မြေအတွက် နယ်နိမိတ်တိုင်းတာသတ်မှတ်သည့်မြေပုံ(မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးရန်)

− မြို့ နယ်အုပ်ချုပ်ရေးမှူးရုံး၏အခွန်ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက်

− ဘေးမြေကွက်များမှကန့်ကွက်ရန်မရှိကြောင်းနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်

− လိုင်စင်ရအင်ဂျင်နီယာမှလက်မှတ်ရေးထိုးထားသောအဆိုပြု ပုံစံ(၃)စုံ(A1 Size 33.1" ×23.4")

− မိမိပိုင်မြေအတွင်း ကာရံမည့်ခံဝန်

Credit: Myanmar Builders Guide

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service