မြေဂရန်သက်တမ်းတိုး နဲ့ အသစ်လျှောက်မယ်ဆိုရင်

မြေဂရန်သက်တမ်းတိုး နဲ့ အသစ်လျှောက်မယ်ဆိုရင် - Property Knowledge in Myanmar from iMyanmarHouse.com
14 Feb 2018 1:01 pm တွင် တင်ခဲ့သည်
3805 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

မြေငှားဂရန်သက်တမ်းတိုးနဲ့ ဂရန်အသစ်လျှောက်မယ်ဆိုရင် သိသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ထိုသို. လျှောက် ထားက အမည်ပေါက် (သို.) မှတ်ပုံတင်စာချုပ် အဆင့် ဆင့်ဖြင့် ဝယ်ယူထားသည့် နောက်ဆုံးပိုင်ဆိုင်သူ၊ ပိုင်ဆို င်မှုနှ င့် ပတ်သက်သည့် တရားရုံးစီရင်ချက်နှင့် ဒီဂရီရယူထားသူကသာ လျှောက်ထားရပါမည်။

မြေငှားဂရန် သက်တမ်းတိုးလိုလျှင်

• ကိုယ်တိုင်အမည်ပေါက်ဂရန်ကို သက်တမ်းတိုးရတာ ပိုလွယ်ပါတယ်။

• အမည်ပေါက်မဟုတ်လျှင် တော့ ပိုင်ဆိုင်ကြောင်းမှတ်ပုံတင်စာချုပ်တွေလိုပါတယ်။

• ဂရန်မူရင်းရဲ. Photocopy နဲ. မြေပုံတို့ပူးတွဲရပါမယ်။

• မြေခွန်ကြွေးကျန်ကင်းရှင်းကြောင်း (ကွာတားကြေးဖြတ်ပိုင်း)လိုပါတယ်။ (ဒါကိုလဲ ID မိတ္တူ နဲ.တကွ မြို့တော်စည်ပင်ကို တင်ရမှာပါ။

• ရန်ကုန်မြို.တော် စည်ပင်သာယာရေးကော်မတီ၏ အမိန်. -၃/၂၀ဝ၁-အပိုဒ် ၄ (ဃ)၏လုပ်ပိုင်ခွင့်များအရ ဂရန်တစ်စောင် အားသက် တမ်းတိုးမြှင့်ပေးခြင်းသာဖြစ်ပါသည်။

• သက်တမ်းကုန်ဆုံးသော ဂရန်မြေကိုသာ ဂရန်အသစ်ထုတ်ပေးရန် လျှောက်ထားနိုင်ပါသည်။

1. လျှောက်ထားသူ၏ နိုင်ငံသားမိတ္တူ

2. မူရင်းဂရန်နှင့်ပူးတွဲပါမြေပုံ

3. ပိုင်ဆိုင်ကြောင်းအထောက်အထား၊ ဆက်စပ်စာချုပ်များ

4. မြေခွန်ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံစာ

5. အိမ်နီးချင်း နှစ်ဦး၏ထောက်ခံချက်

6. မြေဌားခကိုပေးဆောင်နိုင်ပါကြောင်း ဝန်ခံချက်

7. မြေဌားစာချုပ်ပါ စည်းကမ်းချက်များကိုလိုက်နာနိုင်ကြောင်းဝန်ခံချက်တို့ဖြင့် ပူးတွဲ၍ တင်သွင်း လျှောက်ထားရပါသည်။

• ထိုသို့ လျှောက်ထားချက်ကို စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စစ်ဆေး၍ ပြည့်စုံမှန်ကန်ပါက ကန်.ကွက်ရန်ရှိ/မရှိ သတ င်းစာမှာ ကြော်ငြာပါမည်။

• ကန်ကွက်သူရှိပါက လျှောက် လွှာအား ဆိုင်းငံ့၍ပြေလည်အောင် ဖြေရှင်းရမည်။ ဖြေရှင်းခြင်းပြီးဆုံးမှသာ ဂရန်သစ်ထုတ်ပေးမည်ဖြစ်ပါသည်။

• သက်တမ်းကုန်ဆုံးသည့် ဂရန် ပြန်အပ်ရပါမည်။

• ဂရန်ပျောက်ဆုံးက သတ်မှတ်ဒဏ်ကြေးငွေ ပေးဆောင်ရပါမည်။

•မြေငှားဂရန် အသစ်လျှောက်

မြေငှားဂရန် အသစ်ထုတ်ပေးတဲ့ မြေအမျိုးအစားတွေမှာ လိုင်စင်မြေ၊ စကွာတာမြေ နဲ့ပါမစ်မြေတို့ဖြစ်ပါတယ်။

လိုအပ်တဲ့ အထောက်အထားတွေမှာ.......

၁။ နိုင်ငံသားဖြစ်ရမည် (နိုင်ငံသားကတ်ပြား မိတ္တူ)။

၂။ အိမ်ရာဆောက်လုပ်နေထိုင်ခွင့် လက်မှတ်။

၃။ အမည်ပေါက် (သို့) ဥပဒေနဲ့ အညီဆက်ခံခွင့်ရှိသူမှ တရားရုံးမှာ ပြုလုပ်ခဲ့တဲ့ ကျမ်းကျိန်လွှာ။

၎။ လွှဲးပြောင်းခြင်းဖြစ်ပါက ကတိစာချုပ်လွှာ (ဥပမာ- အရောင်း၊ အဝယ်၊ ပေးကမ်း၊ စွန့်လွှတ်၊ လှူဒါန်းခြင်းစတဲ့ လွှဲပြောင်းခြင်းများ)။

၅။ ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်ပြီး တရားရုံးရဲ့ အမိန့်ဒီဂရီ။

၆။ အဆောက်အအုံရှိကြောင်း အထောက်အထားတို့ လိုအပ်ပါတယ်။

မှတ်ချက်။ ။ ဂရန်ခွန်အနေဖြင့်မြို့မြေချထားရေးမှသတ်မှတ်မြေတန်ဘိုး၏ ၆% ပေးဆောင်ရပြီး၊ စက်မှုဂရန်အတွက် နှစ်ဆပေးဆောင် ရမည်။

Credit : The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ယာယီရပ်နားထားသည့် Yangon Amata မြို့သစ်စီမံကိန်း ဖေါ်ဆောင်ရန် စီစဥ်နေ
ယာယီရပ်နားထားသည့် Yangon Amata မြို့သစ်စီမံကိန်း ဖေါ်ဆောင်ရန် စီစဥ်နေ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
bkk-projects
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service