နယူးယောက်တွင် ဆောက်လုပ်နေသည့် အဆောက်အအုံကြီး အပြီးသတ်တော့မည်ဖြစ်ပြီး ပြီးစီးပါက ကမ္ဘာ့အမြင့်မားဆုံး လူနေအဆောက်အအုံကြီး ဖြစ်လာမည်

နယူးယောက်တွင် ဆောက်လုပ်နေသည့် အဆောက်အအုံကြီး အပြီးသတ်တော့မည်ဖြစ်ပြီး ပြီးစီးပါက ကမ္ဘာ့အမြင့်မားဆုံး လူနေအဆောက်အအုံကြီး ဖြစ်လာမည် - Property News in Myanmar from iMyanmarHouse.com
9 Jan 2018 10:55 am တွင် တင်ခဲ့သည်
3128 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်မြို့တွင် ဆောက်လုပ်နေသည့် Central Park Tower အဆောက်အအုံကြီး အပြီးသတ်တော့မည်ဖြစ်ပြီး ပြီးစီးပါက ကမ္ဘာ့အမြင့်မားဆုံး လူနေအဆောက်အအုံကြီး ဖြစ်လာတော့မည်ဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယခုမိုးမျှော်တိုက်ကြီးကို ဆောက်လုပ်သည်မှာ ဇိမ်ခံအဆောက်အအုံများဆောက်လုပ်သည့် developer ဖြစ်သော Extell မှ ဖြစ်ပြီး နယူးယောက်မြို့  မန်ဟက်တန်အရပ်တွင် ဆောက်လုပ်လျက်ရှိခြင်း ဖြစ်သည်။

အမြင့်ပေ ၁၅၅၀ ရှိမည့် အဆောက်အအုံ၏ အမည်မှာ နယူးယောက်၏ ပြယုဂ်ဖြစ်သော Central Park ပန်းခြံကို အစွဲပြုကာ အမည်ပေးထားခြင်း ဖြစ်သည်။
အဆောက်အအုံတည်နေရာမှာလည်း Central Park ပန်းခြံနှင့် ထိစပ်နေပြီး ဆောက်လုပ်မှုအတွက် ကုန်ကျစရိတ်မှာ ကန်ဒေါ်လာ ၁ ဒသ ၁၃၅ ဘီလီယံအထိ ကုန်ကျခဲ့သည်ဟု ဆိုသည်။

နာမည်ကျော် ဂျေ-ပီ-မော်ဂန်ဘဏ်က ကန်ဒေါ်လာ သန်း ၉၀၀ ချေးငွေထုတ်ပေးခဲ့ပြီး အခြားအမည်မဖော်သည့် ရင်းမြစ်တစ်ခုက ကန်ဒေါ်လာ ၂၃၅ သန်း အကူအညီပေးခဲ့သည်ဟု ဆိုသည်။

အနောက် ၅၇ လမ်းနှင့် ကိုလံဘတ်စ် ဆာကယ်လမ်းထောင့်ရှိ တန်ဖိုးကြီးဇိမ်ခံလူနေ မိုးမျှော်တိုက်ကြီးမှာ စံချိန်တစ်ခုထက်ပို၍ ဖြတ်ကျော်ခဲ့သည်။
လက်ရှိအားဖြင့် နယူးယောက်သမိုင်းတွင် တန်ဖိုးအကြီးမားဆုံး ကွန်ဒိုမီနီယံစီမံကိန်းတစ်ခုလည်း ဖြစ်လာသည်။

လူနေခန်းရောင်းချမှုများကို ယခုနှစ်အတွင်း စတင်ရောင်းချပေးမည်ဖြစ်ပြီး ပျှမ်းမျှအားဖြင့် တစ်စတုရန်းပေလျှင် ကန်ဒေါ်လာ ၇၀၀၀ ကျော် ကျသင့်မည်ဟု ဆိုသည်။

လူနေခန်းပေါင်း ၁၇၉ ခန်း ပါဝင်မည်ဖြစ်ပြီး ပျှမ်းမျှအားဖြင့် တစ်ခန်းလျှင် ကန်ဒေါ်လာ ၂၂ သန်းဝန်းကျင် ကျသင့်ဖွယ်ရာရှိသည်။
နယူးယောက်၏ နာမည်ကျော် ဘီလျံနာတန်းတွင် တည်ရှိပြီး အထပ်ပေါင်း ၁၃၁ ထပ်ပါဝင်မည်ဖြစ်ကာ လာမည့် ၂၀၁၉ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်ရန် ရည်မှန်းထားသည်။

“နယူးယောက်မှာ ဒီလို အရမ်းမြင့်မားတဲ့ တာဝါမျိုး မရှိခဲ့တော့ လုပ်ငန်းမိတ်ဖက်တွေကို ဒီလိုစီမံကိန်းလုပ်ကိုင်နိုင်ခဲ့တဲ့အတွက် ကျေးဇူးတင်ရပါတယ်” ဟု Extell Development Company ၏ တည်ထောင်သူ၊ ဥက္ကဌ ဂယ်ရီ ဘားနက်က ပြောကြားသည်။

Central Park Tower တွင် လက်လီအရောင်းဆိုင်များအတွက် အထပ် ၇ ထပ် ပါဝင်မည်ဖြစ်ပြီး ဆီယက်တဲလ်အခြေစိုက် နာမည်ကျော် လက်လီအရောင်းကုမ္ပဏီ Nordstrom လည်း လာရောက်ဖွင့်လှစ်မည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နယူးယောက်တွင် ဆောက်လုပ်နေသည့် အဆောက်အအုံကြီး အပြီးသတ်တော့မည်ဖြစ်ပြီး ပြီးစီးပါက ကမ္ဘာ့အမြင့်မားဆုံး လူနေအဆောက်အအုံကြီး ဖြစ်လာမည် - Property News in Myanmar from iMyanmarHouse.com
နယူးယောက်တွင် ဆောက်လုပ်နေသည့် အဆောက်အအုံကြီး အပြီးသတ်တော့မည်ဖြစ်ပြီး ပြီးစီးပါက ကမ္ဘာ့အမြင့်မားဆုံး လူနေအဆောက်အအုံကြီး ဖြစ်လာမည် - Property News in Myanmar from iMyanmarHouse.com
နယူးယောက်တွင် ဆောက်လုပ်နေသည့် အဆောက်အအုံကြီး အပြီးသတ်တော့မည်ဖြစ်ပြီး ပြီးစီးပါက ကမ္ဘာ့အမြင့်မားဆုံး လူနေအဆောက်အအုံကြီး ဖြစ်လာမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

The Ellen Show ပဲ့ကိုင်ရှင် Ellen Degeneres တစ်ချိန်က ချစ်သူကောင်မလေးနှင့်အတူပိုင်ဆိုင်ခဲ့သော ဒေါ်လာ (၄၅) သန်းတန်ကြေးရှိ Santa Barbara Villa...

အမေရိကန်ပြည်တွင် အဘိုးအိုတစ်ဦးက သူ၏နေအိမ်ကို နှစ်ရှည်ပြန်ငှားပေးမည်ဟု ကတိပြုသည့် ကုမ္ပဏီ တစ်ခုထံ ရောင်းချလိုက်ပြီးနောက် ထိုကုမ္ပဏီက အိမ်လခ ဆက်တိုက်တိုးမြှင့်‌တောင်းခံကာ အိမ်လခ မပေးနိုင်ချိန်တွင် နှင်ထုတ်လိုက်သောကြောင့် အဘိုးအိုမှာ အ...

အမေရိကန်ပြည် လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့တဲများ တိုက်ဖျက်ရေးဥပဒေအရ ဒေါ်လာ ၃ သန်း သုံးစွဲ အကောင်အထည်ဖော်ခဲ့သည်မှာ ၃ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း အိမ်ရာမဲ့ ၂ ဦးတည်းသာ အမြဲနေထိုင်မည့် နေရာ ရရှိသေး...

အိမ်ခြံမြေဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအပေါ် အရေးပါသည့် သက်ရောက်မှု ရှိလာနိုင်ကြောင်း လေ့လာချက်တစ်ရပ်တွင် တွေ့ရှိ...

ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ကျဆင်းသွား...

ပိုးဟပ်တို့၏ နိဗ္ဗာန်ဘုံ (သို့မဟုတ်) အမေရိကန်မှာ ဘယ်မြို့က အညစ်ပတ်ဆုံးလဲ

နာမည်ကြီးမော်ဒယ် ကေတီပရိုက်စ် အခွန် ပေါင် ၇၆၀,၀၀၀ ကျော် မပေးဆောင်နိုင်ကာ ဒုတိယအကြိမ် ဒေဝါလီ ခံခဲ့ရ၊ ပေါင် ၂ သန်းတန်အိမ်မှ ဆင်းပေးရန် တရားရုံးအမိန့် ထုတ်ခံရပြီးနောက် ဆပ်ဆက်ခရိုင်ရှိ အိပ်ခန်း ၄ ခန်းပါအိမ်သို့ ပြောင်းရွှေ့...

အမေရိကန်ပြည်၊ မိုင်အမ်မီတွင် ပြစ်မှုဖြင့် ထောင်ဒဏ်ကျခံရဖူးသည့်နောက်ကြောင်းကို ဖုံးကွယ်ထားကာ Penthouse ခန်း ငှားရမ်းနေထိုင်သောအမျိုးသား အရေးယူခံရ...

အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် အိမ်ခြံမြေအခွန်များ အလွန်မြင့်တက်မှုကြောင့် အသက် ၆၈ နှစ် အရွယ်အထိ အိမ်ခွန်ဆောင်ရန် သက်သက်အတွက် အလုပ်လုပ်နေရသော အမျိုးသားကြီး...

မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofino တစ်ခုလုံးကို ငှားရမ်းလိုက်ပြီး ပလာဇာကြီးတစ်ခုလုံးကို ပိတ်လိုက်ကာ အခမ်းအနားကျင်းပ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက

ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်

ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?

မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ

တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ

ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး

ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄

အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ

ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး

မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

yatanar-mall
ruby

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service