မန္တလေးမြို့ မြေတန်ဖိုးနှုန်းထားသတ်မှတ်ချက် လျှော့ချပြင်ဆင်ပေးရန် အစီအစဉ်မရှိသေး

မန္တလေးမြို့ မြေတန်ဖိုးနှုန်းထားသတ်မှတ်ချက် လျှော့ချပြင်ဆင်ပေးရန် အစီအစဉ်မရှိသေး - Property News in Myanmar from iMyanmarHouse.com
8 Dec 2017 11:03 am တွင် တင်ခဲ့သည်
2764 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့၏ ၂ဝ၁၇-၂၀၁၈ ခုနှစ် မြေအရောင်းအဝယ်အတွက် မြေတန်ဖိုးနှုန်းထားစံနှုန်းကို လျှော့ချ ပြင်ဆင်သတ်မှတ်ပေးရန် မရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ယခုလ ၅ ရက်တွင် ပြောသည်။

ကျင်းပလျက်ရှိသည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အဠမပုံမှန် အစည်းအဝေး (ပထမနေ့) တွင် ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်၏ မန္တလေးမြို့ ၂ဝ၁၇-၂၀၁၈ မြေအရောင်းအဝယ်အတွက် တန်ဖိုးနှုန်းထား သတ်မှတ်ချက်များကို ယခုထက် ပိုမိုလျှော့ချ ပြင်ဆင်ပေးရန် အစီအစဉ် ရှိမရှိ မေးခွန်းကို ဝန်ကြီးက ယခုလို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အိမ်ခြံမြေ အသင်းများ၏ တင်ပြချက်များအရ ယခင်နှစ်စံနှုန်းများထက် ၂ဝ ရာခိုင်နှုန်း လျှော့ချသတ်မှတ်ပေးထားကြောင်း၊ ဘဏ္ဍာနှစ်ကုန်ရန် လေးလသာကျန်ရှိနေသောကြောင့် မြေတန်ဖိုး နှုန်းထား စံနှုန်းသတ်မှတ်ချက်များကို ပြင်ဆင်ရန် အချိန်မလုံလောက်ကြောင်း ဝန်ကြီးက ပြောသည်။

''တကယ်လို့ ပြင်ဆင်သတ်မှတ်မယ်ဆိုရင် အခုဘဏ္ဍာနှစ်အတွင်း မြေတန်ဖိုးသတ်မှတ်ပြီး အခွန်စည်းကြပ်မှု ခံယူထားသူတွေအတွက်လည်း မညီမျှမှုတွေ ရှိနေနိုင်ပြီး နစ်နာမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်''ဟု ဝန်ကြီးက ပြောသည်။

မြေဈေးနှုန်းထား သတ်မှတ်ချက် လျော့နည်းနေသော်လည်း အမှန်တကယ်ပေါက်ဈေးထက် များနေသည့် အပြင် ပြည်ထောင်စုအခွန် ကောက်ခံနှုန်းမြင့်မားနေခြင်းကြောင့် မြေအရောင်းအဝယ် ပြုလုပ်ရာတွင် စာချုပ်စာတမ်းကို တရားဝင်မှတ်ပုံတင်ခြင်း မပြုသဖြင့် အခွန်အခရရှိမှုနှင့် စာချုပ်ရောင်းချရမှု နည်းပါးသွားကြောင်း၊ မြေကွက်အရောင်းအဝယ်အတွက် စာချုပ်မှတ်ပုံတင်မှုသည် ၂ဝ၁၅-၂၀၁၆ တွင် စာချုပ်ပေါင်း ၁,၆ဝ၃ ခု၊ ယမန်နှစ်တွင် ၂,၈၁ဝ၊ ယခုနှစ်အတွင်း ၆၂၁ ခုသာ ရှိကြောင်း၊ ယခင်နှစ်များထက် ငါးဆနီးပါးကျဆင်းနေကြောင်း ဦးတင်အောင်က ပြောသည်။

အိမ်ခြံမြေ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအမိန့်ဖြင့် သက်ဆိုင်ရာ ဌာနကိုယ်စားလှယ်ခြောက်ဦးဖြင့် ဖွဲ့စည်းခြင်းဖြစ်ပြီး မြို့နယ်များက တင်ပြလာသော စံနှုန်းများကို ပဏာမအတည်ပြုပြီး အဆင့်ဆင့် ညှိနှိုင်းမှုများ ပြုလုပ်၍ အိမ်ခြံမြေ စံနှုန်းထားကို သတ်မှတ်ခြင်းဖြစ်သည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...

အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...

သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း

လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း

“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...

ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ

ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်

ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ

မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...

စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service