ရန်ကုန်တွင် မြေကွက်လပ်ပေါ်မူတည်ပြီး ကလေးကစားကွင်းနှင့် ပန်းခြံများ တည်ဆောက်ခွင့်ပြုမည်

ရန်ကုန်တွင် မြေကွက်လပ်ပေါ်မူတည်ပြီး ကလေးကစားကွင်းနှင့် ပန်းခြံများ တည်ဆောက်ခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
2 Nov 2017 11:02 am တွင် တင်ခဲ့သည်
8101 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းအတွင်း လစ်လပ်နေသော မြေကွက်လပ်နေရာများတွင် ကစားကစားကွင်း နှင့် ပန်းခြံများပြုလုပ်ရန် မြေနေရာအနေအထားပေါ် မူတည်၍ တည်ဆောက်ခွင့် ပြုမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး
က ပြောသည်။

မြို့နယ်နေ ပြည်သူများ၏ တင်ပြ တောင်းဆိုချက်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ အဆိုပြုတောင်းဆိုချက်များအရ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ်များ ၌ ပန်းခြံ၊ ကလေးကစားကွင်းနှင့် အားကစားကွင်း အစရှိသည့် နေရာများ ဖော်ဆောင်နိုင်ရန် မြေကွက်လပ်တည်ရှိသည့် အခြေအနေပေါ်မူတည်ပြီး မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်စစ်ဆေးရကြောင်း ရန်ကုန်မြို့တော်ဝန်ကပြောသည်။

‘‘သက်ဆိုင်ရာ မြို့နယ်အ လိုက် ထပ်မံတင်ပြမှုရှိရင်လည်း မြေပြင်အနေအထားအရ မြေပုံ၊ မြေစာရင်းနဲ့အညီ စိစစ်ပြီး ဆောင်ရွက်ခွင့်ပြုပေးသွားမှာ ဖြစ်တယ်’’ ဟု ၎င်းကပြောသည်။

နိုဝင်ဘာ ၁ ရက်တွင် ပြုလုပ် သည့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စား လှယ် ဦးညီညီ၏ ‘‘ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များ တွင် လစ်လပ်ချန်လှပ်နေသည့် မြေလွတ်၊ မြေကွက်လပ်များတွင် ကလေးကစားကွင်း
ဖော်ဆောင် နိုင်ရန် အစီအစဉ်ရှိ၊ မရှိ၊ မရှိပါက မည်သည့်အတွက်ကြောင့်
မရှိကြောင်းနှင့် ရှိပါကမည်ကဲ့သို့ ဆောင်ရွက်မည်’’ကို သိရှိလိုပါ ကြောင်း
မေးခွန်းမေးမြန်းမှုအပေါ် အထက်ပါအတိုင်း ဖြေကြားခဲ့ သည်။

ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်း ဥယျာဉ်နှင့် အားကစားကွင်းများ ဌာနက မြေပြင်ကွင်းဆင်းစစ်ဆေးပြီး မြေပြင်အနေ
အထားအရ ကစားကွင်းနှင့် ပန်းခြံများကို ဘဏ္ဍာရေးနှစ်အလိုက် ဘတ်ဂျက်
ရေးဆွဲဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်ဝန်က ပြောသည်။

ရန်ကုန်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ၃၃ မြို့နယ်နှင့်
စည်ပင်သာယာရေး နယ်နိမိတ် ၁၂ မြို့နယ် စုစုပေါင်း၄၅ မြို့နယ် အဆင့်မြှင့်တင်သည့် လုပ်ငန်းများကို နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...

ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...

မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...

မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...

လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...

အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...

ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ

နှာချေလိုချိန်တွင် မချေဘဲ အောင့်ထားလိုက်ပါက ဦးခေါင်းတွင်းသွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား...

တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်းဝင် အံ့မခန်းဖြစ်ရပ်...

အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပြောင်းလဲသွားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး

ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ

ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ

တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ

တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ

“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service