ရော့ခ်အင်ရိုးဘုရင်ကြီး အဲလ်ဗစ်ပရက်စလေ တစ်ချိန်ကနေထိုင်ခဲ့သည့် နေအိမ် ၂ လုံး နိုဝင်ဘာလ ၁၁ ရက်တွင် အွန်လိုင်းမှတစ်ဆင့် လေလံတင်ရောင်းချမည်

ရော့ခ်အင်ရိုးဘုရင်ကြီး အဲလ်ဗစ်ပရက်စလေ တစ်ချိန်ကနေထိုင်ခဲ့သည့် နေအိမ် ၂ လုံး နိုဝင်ဘာလ ၁၁ ရက်တွင် အွန်လိုင်းမှတစ်ဆင့် လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
24 Oct 2017 11:51 am တွင် တင်ခဲ့သည်
5232 ကြိမ် ကြည့်ရှု့ပြီး
ရော့ခ်အင်ရိုးဘုရင်ကြီး အဲလ်ဗစ်ပရက်စလေ တစ်ချိန်ကနေထိုင်ခဲ့သည့် နေအိမ် ၂ လုံးကို လာမည့် နိုဝင်ဘာလ ၁၁ ရက်တွင် အွန်လိုင်းမှတစ်ဆင့် လေလံတင်ရောင်းချမည်ဟူသောသတင်းမှာ ပရက်စလေကို အားပေးနေဆဲ ပရိသတ်များအား ကိုင်လှုပ်လိုက်သည့် သတင်းတစ်ရပ် ဖြစ်လေသည်။

အမေရိကန်ပြည်ထောင်စု၊ တင်နက်ဆီပြည်နယ်၊ မန်းဖစ်မြို့ရှိ ပရက်စလေ၏ နေအိမ် ဂရေ့စ်လန်းကို လူတိုင်းကြားဖူးကြသည်။
အဆိုပါနေအိမ်သည် ကမ္ဘာလှည့်ခရီးသည်များစွာ လာရောက်လေ့လာကြသည့် နေရာတစ်ခုလည်း ဖြစ်၏။

သို့ရာတွင် ပရက်စလေ၏ ဘဝတစ်လျှောက် ပိုင်ဆိုင်ခဲ့သည့် နေအိမ်များစွာရှိသည်။ယခုလေလံတင်မည့် နေအိမ် ၂ လုံးအနက် တစ်လုံးမှာ မစ္စစ္စပီပြည်နယ်၊ တူပီလိုမြို့တွင် တည်ရှိပြီး ၁၆ ဒသမ ၅ ဧက ကျယ်ဝန်းသည်။

ယင်းနေအိမ်ကို ၁၉၂၀ ပြည့်လွန်ကာလများအတွင်း ပရက်စလေ၏ ဖခင်ဗာနွန်နှင့် ဦးလေးဖြစ်သူ ဗက်စ်တာ ပရက်စလေတို့က ဆောက်လုပ်ခဲ့ကြခြင်း ဖြစ်သည်။အဲလ်ဗစ်ပရက်စလေသည် ကလေးဘဝက ယင်းနေအိမ်တွင် ကာလအတန်ကြာနေထိုင်ကာ ပညာဆည်းပူးခဲ့၏။

"Elvis Presley Heights" ဟု နေအိမ်ကို အမည်ပေးထားပြီး ကာလတန်ကြေးအားဖြင့် ကန်ဒေါ်လာ ၂ သန်းမှ ၃ ဒသမ ၅ သန်းကြား တန်ကြေးရှိနိုင်သည်။
လေလံတင်ရာတွင်မူ ကြမ်းခင်းဈေး ကန်ဒေါ်လာ ၂၅၀၀၀ မှ စတင်မည်ဟု ဆိုသည်။

လေလံတင်ရောင်းချပေးမည့် ဒုတိယမြောက်နေအိမ်မှာ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၅၀၀၀၀ မှ ၅၀၀၀၀၀ ကြားရှိပြီး လေလံတင်ရာတွင်မူ ကြမ်းခင်းဈေး ကန်ဒေါ်လာ ၅၀၀၀ မှ စတင်မည်ဟု ဆိုသည်။

အဲလ်ဗစ်ပရက်စလေသည် အဆိုပါနေအိမ်ကို ၁၉၆၀ ပြည့်လွန်ကာလများအတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး နာမည်ကျော်ကြားလာပြီး နောက်ပိုင်းတွင်မူ နာမည်ကျော် ဂရေ့စ်လန်းနေအိမ်ကြီးတွင်သာ နေထိုင်တော့သည်။

အေပီသတင်းဌာန၏ တင်ပြချက်အရ ပရက်စလေ၏ ကိုယ်ပိုင်ဂျက်လေယာဉ်များအနက်တစ်စင်းကို ပြီးခဲ့သော မေလအတွင်း ကန်ဒေါ်လာ ၄၃၀၀၀၀ ဖြင့် လေလံတင်ရောင်းချခဲ့သည်။
အဆိုပါဈေးနှုန်းမှာ မူလက ခန့်မှန်းခဲ့သည့် ကန်ဒေါ်လာ ၂ သန်းမှ ၃ ဒသမ ၅ သန်းရရှိမည်ဟူသော ခန့်မှန်းချက်အောက် များစွာနည်းပါးနေသည်။
ယခုလေလံတင်သော နေအိမ်များသည်လည်း ဂျက်လေယာဉ်ကဲ့သို့ ဖြစ်ရပ်မျိုးကြုံတွေ့မည်လောဟူသည့် မှန်းဆချက်များလည်း ထွက်ပေါ်နေသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ရော့ခ်အင်ရိုးဘုရင်ကြီး အဲလ်ဗစ်ပရက်စလေ တစ်ချိန်ကနေထိုင်ခဲ့သည့် နေအိမ် ၂ လုံး နိုဝင်ဘာလ ၁၁ ရက်တွင် အွန်လိုင်းမှတစ်ဆင့် လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ရော့ခ်အင်ရိုးဘုရင်ကြီး အဲလ်ဗစ်ပရက်စလေ တစ်ချိန်ကနေထိုင်ခဲ့သည့် နေအိမ် ၂ လုံး နိုဝင်ဘာလ ၁၁ ရက်တွင် အွန်လိုင်းမှတစ်ဆင့် လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ရော့ခ်အင်ရိုးဘုရင်ကြီး အဲလ်ဗစ်ပရက်စလေ တစ်ချိန်ကနေထိုင်ခဲ့သည့် နေအိမ် ၂ လုံး နိုဝင်ဘာလ ၁၁ ရက်တွင် အွန်လိုင်းမှတစ်ဆင့် လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ရော့ခ်အင်ရိုးဘုရင်ကြီး အဲလ်ဗစ်ပရက်စလေ တစ်ချိန်ကနေထိုင်ခဲ့သည့် နေအိမ် ၂ လုံး နိုဝင်ဘာလ ၁၁ ရက်တွင် အွန်လိုင်းမှတစ်ဆင့် လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ရော့ခ်အင်ရိုးဘုရင်ကြီး အဲလ်ဗစ်ပရက်စလေ တစ်ချိန်ကနေထိုင်ခဲ့သည့် နေအိမ် ၂ လုံး နိုဝင်ဘာလ ၁၁ ရက်တွင် အွန်လိုင်းမှတစ်ဆင့် လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service