အိန္ဒိယမြို့ကြီးတွေ အာရှဒေသမှာ တိုးတက်မှုအမြန်ဆုံးဖြစ်လာမည်

အိန္ဒိယမြို့ကြီးတွေ အာရှဒေသမှာ တိုးတက်မှုအမြန်ဆုံးဖြစ်လာမည် - Property News in Myanmar from iMyanmarHouse.com
10 Aug 2017 10:12 am တွင် တင်ခဲ့သည်
615 ကြိမ် ကြည့်ရှု့ပြီး
အိန္ဒိယရဲ့ နယူးဒေလီမြို့က အာရှဒေသတွင်း ကျန်မြို့တွေအားလုံးထက်
သာလွန်ပြီး အမြန်ဆန်ဆုံးနှုန်းထားနဲ့ တိုးတက်ဖွံ့ဖြိုးလာမယ်လို့
သိရပါတယ်။

ယင်းမြို့ရဲ့ စီးပွားရေးကတော့ ယမန်နှစ်ကုန်က
ရပ်တည်ခဲ့တာထက် လာမယ့် ၂၀၂၁ မှာ ၅၀ ရာခိုင်နှုန်းနီးပါး
ပိုမိုကြီးမားတိုးတက်လာဖို့ရှိတယ်လို့ ဆိုပါတယ်။

ယခုဆိုရင်လည်း အိန္ဒိယမြို့ကြီးတွေက ဒေသတွင်း အဖွံ့ဖြိုးဆုံးမြို့တွေ
ဖြစ်လာဖို့ ရှိနေပြီး ယင်းမြို့တွေရဲ့ တိုးတက်မှုနှုန်းဟာလည်း လွန်ခဲ့တဲ့
ငါးနှစ်ကထက် စာရင် လျင်လျင်မြန်မြန်နဲ့ တစ်ရှိန်ထိုး တိုးတက်လာ
မယ်ဆိုပြီး Oxford Economics အတိုင်ပင်ခံလုပ်ငန်းကနေ
ထုတ်ပြန်တဲ့လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ ယင်းကတော့
အာရှရဲ့ အကြီးဆုံး မြို့ကြီး ၃၀ ကို အဆင့်ခွဲခြားသတ်မှတ်ပေးခဲ့
တာလည်း ဖြစ်ပါတယ်။

ငွေရေးကြေးရေးနဲ့ စီးပွားရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းက အိန္ဒိယမှာ
တိုးတက်မှုအမြန်ဆန်ဆုံး ကဏ္ဍဖြစ်လာဖို့ ရှိနေပြီး ယင်းလုပ်ငန်း
အတွင်း ဒေလီရဲ့ လွှမ်းမိုးထိန်းချုပ်ထားမှုကလည်း တိုးတက်မှုကို
ပိုမြင့်မားစေပြီး ၀င်ငွေပိုမြင့်မားစေနိုင်တယ်လို့ သိရပါတယ်။

" အိန္ဒိယ ကုမ္ပဏီတွေမှာ နိုင်ငံခြားသားပိုင်ဆိုင်မှုနဲ့ပတ်သက်လို့
ကန့်သတ်ချက်တွေကိုလည်း ခုချိန်မှာ တစ်ဖြည်းဖြည်းချင်းနဲ့ ဖြေလျော့
တာတွေ၊ ဒါမှမဟုတ် ရုတ်သိမ်းဖယ်ရှားတာတွေ ရှိနေပါပြီ၊ ရေတို
ကာလမှာဆိုရင်လည်း ဒါဟာ ဒေလီရဲ့ ပရောဖက်ရှင်နယ် ၀န်ဆောင်မှုကဏ္ဍမှာ တိုးတက်မှုအားကောင်းစေနိုင်သလို ရေရှည်ကာလကို
ကြည့်ရင်လည်း ယင်းလုပ်ငန်းတွေအတွက် တည်ငြိမ်တဲ့ ၀င်ငွေ
အခြေအနေ ရှိနိုင်တာကို ဖော်ညွှန်းပြသနေလျက်ရှိနေပါတယ်" လို့
ယင်းအစီရင်ခံစာမှာ ပါဝင်ရေးသားခဲ့တဲ့ စီးပွားရေး ပညာရှင်
Mark Britton က ပြောပါတယ်။

လက်ရှိအချိန်မှာ တရုတ်ရဲ့ တိုးတက်မှုက နှေးကွေးနေချိန်မှာ
အိန္ဒိယမြို့ကြီးငါးခုကတော့ စံချိန်တင် တိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်း
ဒါမှမဟုတ် ယင်းနဲ့အထက် ပမာဏအတိုင်း ရှိနေဆဲဖြစ်တယ်လို့
သိရပါတယ်။

Credit: SFJ Strategy First

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...

ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...

အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...

သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...

ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...

ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...

လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...

ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...

တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service