မော်လမြိုင် ကမ်းနားလမ်းအပိုင်း (၆)စီမံကိန်း တည်ဆောက်သည့် ကုမ္ပဏီ စည်ပင်သို့ သွင်းရန် ကျန်ရှိငွေများကို ဘဏ္ဍာနှစ်အလိုက် ပေးသွင်းရမည်

မော်လမြိုင် ကမ်းနားလမ်းအပိုင်း (၆)စီမံကိန်း တည်ဆောက်သည့် ကုမ္ပဏီ စည်ပင်သို့ သွင်းရန် ကျန်ရှိငွေများကို ဘဏ္ဍာနှစ်အလိုက် ပေးသွင်းရမည် - Property News in Myanmar from iMyanmarHouse.com
19 Jul 2017 12:45 pm တွင် တင်ခဲ့သည်
5433 ကြိမ် ကြည့်ရှု့ပြီး
မော်လမြိုင်မြို့ ကမ်းနားလမ်း(အပိုင်း ၆) စီမံကိန်း တည်ဆောက်ခဲ့သည့် စုန်ရေကုမ္ပ ဏီမှ ပြည်နယ်စည်ပင်သို့ပေးရန် ကျန်ရှိသည့် ငွေများကို ဘဏ္ဍာနှ စ် အလိုက် အရစ်ကျ ပေးသွင်းရန် ပြည်နယ် အစိုးရအဖွဲ့က ညွှန်ကြားခဲ့ေ ကြာင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ သတင်းရရှိသည်။

ယခင်အစိုးရခွင့်ပြုချက်ဖြင့် ယင်းလမ်းပိုင်းကို ပြုပြင်ခဲ့ပြီး ကမ်း နားလမ်းဘေး ရှိ စည်ပင်ပိုင်မြေ ၁၉ ဧကကျော်ကို ကုမ္ပဏီကရရှိမည်ဖြစ်သည်။ မြေရရှိရန် စည်ပင်သို့ ကျပ်သိန်း ၂၅,၀၀၀ ပေးသွင်းရမည်ဖြစ်သော်လည်း ကုမ္ပဏီ ဘက် မှ ယခုအချိန်ထိ ၁၀ ရာခိုင်နှုန်းသာ ပေးသွင်းထားသည်။

‘‘အခုအချိန်ထိတော့ ကုမ္ပဏီဘက်က သွင်းရမယ့် ပိုက်ဆံ ရဲ့ ၁၀ ရာခိုင်နှုန်းပဲ ရထားသေးတယ်။ စုန်ရေကုမ္ပဏီကတော့ မြေပေးမိန့်(မြေငှားဂရန်)ရမှ သိန်း ၇,၅၀၀ ပြန်သွင်းပေးမယ်လို့ ပြောတယ်။ အစိုးရအဖွဲ့ရုံးရဲ့ စိစစ်ချက်အရ ကျန်တဲ့ငွေကို ဘဏ္ဍာနှစ်အလိုက် ပြန်သွင်းပေးဖို့ ကုမ္ပဏီကို အသိပေး ထား ပြီးပြီ’’ဟု မွန် ပြည်နယ် စည်ပင်သာယာရေးအ ဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်ေ အာင် က ပြောသည်။

မြေပေးမိန့်ရရှိပြီးဖြစ်ပါက ကုမ္ပဏီဘက်က ကျပ်သိန်း ၇,၅၀၀ ကို ပေးသွင်း ရမည်ဖြစ်ပြီး ကျန်ရှိသည့် ငွေများကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကျပ်သိန်း ၅,၀၀၀၊၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကျပ် သိန်း ၅,၀၀၀၊ ၂၀၁၉-၂၀ ဘဏ္ဍာနှ စ်တွင် ကျပ်သိန်း ၅,၀၀၀ ကို အပြီးပေးသွင်းရမည်ဖြစ်ကြောင်း ဦးမြင့်ေ အာင် က ဆိုသည်။

‘‘မြေပေးမိန့်ရရင် ကျွန်တော်သွင်းရမယ့် ငွေတွေကို သွင်းသွားဖို့ ရှိတယ်။ အ ခုချိန်ထိ မြေပေးမိန့်က မရသေးဘူး။ ပြီးတော့မယ်လို့တော့ ပြောတယ်။ မြေေ ပးမိန့် ရဖို့ မြေစာရင်းရုံး၊ မြို့နယ်ထွေ အုပ်၊ ခရိုင်ထွေအုပ်အဆင့်ဆင့် လုပ်ရ တယ်။ အရင်အစိုးရလက် ထက်တုန်းက မြေယူရင် ကျပ်သိန်း ၁၅,၀၀၀ ပဲ သွင်းရမယ်လို့ပြော တယ်။ အခုအစိုးရလက်ထက် တော့ ကျပ်သိန်း ၂၅,၀၀၀ သွင်း ခိုင်းတယ်။ ပြည်နယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဖို့သုံးသွားမယ် ဆိုေ တာ့ ကျွန်တော်လည်း ပေးမှာပါ’’ ဟု စုန်ရေကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာ ဦးမိုးကျော်က ပြော သည်။

ကမ်းနားလမ်းအပိုင်း (၆) ပြုပြင်ရန် ကုန်ကျစရိတ်ကျပ်သိန်း ၆၆,၃၀၀ ရှိပြီး သုံးနှစ်အတွင်း လမ်းများပျက်စီးပါက ၎င်းတို့ကုမ္ပဏီမှ ပြန်လည် ပြုပြင် မည်ြ ဖစ်ကြောင်း ဦးမိုးကျော်က ဆိုသည်။

ကမ်းနားလမ်းအပိုင်း(၆)ဖွင့် ပွဲကို ၂၀၁၆ မတ်လ ၂၇ ရက်တွင် ယခင် ၀န် ကြီးချုပ်ကိုယ်တိုင် ဖွင့် လှစ်ပေးခဲ့ပြီး လမ်းအရှည်ပေ ၄,၆၅၀ လမ်းအကျယ်(ပ လက် ဖောင်းအပါအ၀င်) ၅၆ ပေရှိကာ ရေနုတ်မြောင်းကျော်တံတား ငါး စင်းတည်ဆောက်ထားသည်။

မော်လမြိုင် ကမ်းနားလမ်း ကို ယခင်အစိုးရလက်ထက်တွင် ဖောက်လုပ်ခဲ့ပြီး တိုးချဲ့ကမ်းနား လမ်းအပိုင်း(၁) အရှည် ၁,၃၄၈ ပေ၊ အပိုင်း(၂)အရှည် ၂,၈၅၀ ပေ၊ အပိုင်း(၃)အရှည် ၂,၈၅၀ ပေ၊ အပိုင်း(၄)အရှည် ၉၅၀ ပေ၊ အပိုင်း(၅)အရှည် ၂,၃၉၀ ပေ ရှိသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူနှင့် လန်ဒန်တို့တွင် နံရံသေးပန်းလျှင် ပြန်ကန်ထွက်ကာ လူကိုပြန်ထိမည့် သုတ်ဆေး အသုံးပြုနေ...

အားဖြည့်အချိုရည်များမှာ မိမိကိုယ်ကို အဆုံးစီရင်မှု မြင့်တက်စေပြီး ကော်ဖီကမူ အဆုံးစီရင်မှု လျော့ကျစေကြောင်း စင်္ကာပူအမျိုးသားတက္ကသိုလ် (NUS) ၏ လေ့လာချက်တွင် တွေ့ရှိ...

cyclic sighing အသက်ရှူလေ့ကျင့်ခန်းကို တစ်ရက် ၅ မိနစ် လေ့ကျင့်ရုံဖြင့် ဆေးသောက်စရာမလိုဘဲ စိတ်ဖိစီးမှုကို လျင်မြန်စွာ သက်သာစေသည့်အပြင် အာရုံကြောစနစ်ကို မိနစ်ပိုင်းအတွင်း တည်ငြိမ်မှုရ စေကြောင်း စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပ...

ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ့၊ ဘယ်နိုင်ငံက ဘယ်လိုအိမ်သာမျိုးလဲ...

အမေရိကန်တွင် ၇ လပိုင်း ၁၁ ရက်နေ့ ည ၇း၁၁ မိနစ်အချိန်တွင် မွေးဖွားသော အလေးချိန် ၇ ပေါင် ၁၁ အောင်စရှိ ကလေးငယ်ကို 7-11 (7-Eleven) စတိုးက ပညာသင်စရိတ် ၇၁၁၁ ဒေါ်လာ ထောက်ပံ့...

တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ

တခါက မြူမှုန်တွေဆိုင်းတဲ့ တောင်ပေါ်မြို့လေးမှာ ကွာရှင်းချင်တဲ့ ဇနီးမောင်နှံတိုင်းကို ၄၅ ရက် ဖမ်းချုပ်ပြီး အတူထည့်ထားဖူးတဲ့ အိမ်တစ်လုံးရှိခဲ့ဖူးတယ်၊ နှစ် ၃၀၀ အတွင်း ကွာရှင်းမှု တစ်ခုထဲပဲရှိခဲ့...

တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ

တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ

တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်

ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို

လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ

ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့

သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service