တရုတ်ထိပ်တန်းမြို့ကြီး ၁၅ မြို့၌ အိမ်ဈေးများ တည်ငြိမ်

တရုတ်ထိပ်တန်းမြို့ကြီး ၁၅ မြို့၌ အိမ်ဈေးများ တည်ငြိမ် - Property News in Myanmar from iMyanmarHouse.com
23 May 2017 10:20 am တွင် တင်ခဲ့သည်
561 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံတွင် တင်းကျပ်သောအိမ်ခြံမြေစည်းမျဉ်းများ ဆက်လက်အသက်ဝင်ခဲ့သဖြင့်
ပြီးခဲ့သည့်လ (၂၀၁၇ ဧပြီ) က ရှန်ဟိုင်း၊ ပေကျင်း၊ ကွမ်ကျိုးနှင့် ရှင်းကျန်းတို့ကဲ့သို့သော ပထမတန်းစားနှင့် အဓိကဒုတိယတန်းစား မြို့ကြီး ၁၅ မြို့၌ အိမ်ဈေးများ တည်ငြိမ်(ကျဆင်းမှုနှုန်းမဖြစ်စလောက်)ခဲ့ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရို (NBS) က ပြီးခဲ့သည့် သောကြာ (မေ ၁၉) တွင် ထုတ်ပြန်ခဲ့သည်။

အတင်းကျပ်ဆုံးစည်းမျဉ်းများချမှတ်ထားသည့် ယင်းမြို့ကြီး ၁၅ မြို့စလုံးတွင် ပြီးခဲ့သည်လက အိမ်သစ်ဈေးများသည် ယမန်နှစ် ဧပြီအောက် ဖွံ့ဖြိုးမှုနှုန်း သိသိသာသာ ကျဆင်းခဲ့ပြီး ယခုနှစ် မတ်လအောက်မူ ၀ ဒသမ ၇ မှ ၇ ဒသမ ၄ ရာခိုင်နှုန်းအကြား ကျဆင်းခဲ့ကြောင်း သိရသည်။

NBS က မြို့ကြီး ၇၀ ကို လေ့လာစောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။ ယင်းအနက် မတ်လထက် ဧပြီတွင် အိမ်သစ်ဈေးမြင့်တက်သည့် မြို့ကြီး ၆ ခု ရှိခဲ့ပြီး မတ်လတွင် ဖေဖော်ဝါရီထက် အိမ်သစ်ဈေးမြင့်တက်သည့် မြို့ကြီး ၉ ခု ရှိခဲ့သည်ဖြစ်ရာ အိမ်သစ်ဈေး မြင့်တက်သည့်မြို့ အရေအတွက်သည် မတ်လအောက် ဧပြီတွင် လျော့နည်းခဲ့သည်။

ကျန်မြို့ကြီးများတွင်
အိမ်သစ်ဈေးများ မပြောင်းလဲခဲ့ကြောင်း၊ ယမန်နှစ်ဧပြီနှင့် ယခုနှစ်ဧပြီချင်း နှိုင်းယှဉ်ပါက အိမ်သစ်ဈေးကျဆင်းသည့် မြို့ကြီး ၃၀ မြို့ ရှိခဲ့ကြောင်း NBS က ထုတ်ပြန်ခဲ့သည်။

ရှန်ဟိုင်းတွင် ဧပြီ၌ အိမ်သစ်ဈေးသည် မတ်လအောက် ၀ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ ပေကျင်းနှင့် ကွမ်းကျိုးတို့တွင် ၀ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၁ ဒသမ ၄ ရာခိုင်နှုန်းစီ ကျဆင်းခဲ့ပြီး ရှင်းကျန်းတွင် ၀ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။

တရုတ်အဓိကမြို့ကြီးများစွာတွင် အိမ်ခြံမြေဈေးကစားမှုများကို ထိန်းချုပ်ရန်နှင့် အိမ်ဈေးမြင့်တက်မှုနှုန်း မြန်ဆန်မှုကို လျှော့ချရန် အာဏာပိုင်များက အိမ်ဝယ်ယူမှုဆိုင်ရာ ကန့်သတ်မှုများ၊ လက်ငင်းငွေချေရသည့် ပမာဏတိုးမြှင့်မှုများနှင့် အိမ်ဝယ်ယူမှုချေးငွေ
ဆိုင်ရာ အတိုးနှုန်းတိုးမြှင့်မှုများနှင့် တစ်ဆင့်ပြန်လည်ရောင်းချခွင့် အချိန်ကာလတိုးမြှင့်မှု
များ အပါအ၀င် အိမ်ခြံမြေစည်းမျဉ်းများစွာကို တင်းကျပ်မှုများ ပြုလုပ်ထားသည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ

အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service