အိမ်ဆောက်ပစ္စည်းဈေးကွက်အရောင်းအဝယ်အေးစက်နေ

အိမ်ဆောက်ပစ္စည်းဈေးကွက်အရောင်းအဝယ်အေးစက်နေ - Property News in Myanmar from iMyanmarHouse.com
9 May 2017 10:23 am တွင် တင်ခဲ့သည်
4135 ကြိမ် ကြည့်ရှု့ပြီး
သင်္ကြန်နှစ်သစ်ကူးပွဲတော်ပြီးဆုံးချိန်မှ လက်ရှိအချိန်ထိ အိမ်ဆောက်ပစ္စည်းဈေးကွက်အတွင်း အရောင်းအဝယ်များပါးနေ ကြောင်း ရန်ကုန်အခြေစိုက်အိမ် ဆောက်ပစ္စည်းရောင်းဝယ်ရေး အသိုင်းအဝိုင်းမှသိရသည်။

၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှ သင်္ကြန်ကာလမတိုင်ခင်အထိ အိမ် ဆောက်ပစ္စည်းဈေးကွက်အတွင်း အရောင်းအဝယ်များ တောက် လျှောက်မြင့်တက်ခဲ့မှုကြောင့် ဈေးနှုန်းများပါလိုက်ပါမြင့်တက်ခဲ့မှုများရှိခဲ့ သော်လည်း လက်ရှိသင်္ကြန်ကာလအပြီး အိမ်ဆောက်ပစ္စည်းဈေးကွက် တွင်မူ အရောင်းအဝယ်များပြန်လည် ကောင်းမွန်လာခြင်းမရှိသေးဘဲ
အေးနေကြောင်း သိရသည်။

မိဘမေတ္တာအိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးမှ မသီတာက ''အဓိကကတော့ သင်္ကြန်ပိတ်ရက်အပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကလည်း ချက်ချင်းပြန်မစတင်နိုင်တာ တွေကြောင့် ဒီဘက်ဈေးကွက်ထဲမှာပါ အရောင်းအဝယ်တွေလည်းအေးသွားတဲ့သဘောပေါ့''ဟု မေ ၇ ရက်က ပြောသည်။ လက်ရှိဈေးကွက်အတွင်း လက်အုတ်တစ်လုံးလျှင် ကျပ် ၉ဝ ရှိပြီး စက်အုတ်(ရှစ်ပေါက်)တစ်လုံးလျှင် ကျပ် ၁၁ဝ ရှိကြောင်းသိရသည်။

သဲဈေးနှုန်းများမှာလည်း တစ်ကျင်းလျှင် ကျပ် ၈ဝဝဝ နှင့် ကျောက်စရစ်ဈေးနှုန်းများမှာလည်း တစ်ကျင်းလျှင် ကျပ် ၇၁ဝဝဝ ဝန်းကျင်ဖြင့် ဈေးနှုန်းတည်ငြိမ်နေ ကြောင်းသိရသည်။ ဘိလပ်မြေဈေးနှုန်းများမှာ ဆင်တံဆိပ်(ယိုးဒယား)တစ်အိတ်လျှင် ကျပ် ၆၃ဝဝ၊ ဆင်တံဆိပ်(မြန်မာ) တစ်အိတ်လျှင် ကျပ် ၅၅ဝဝ၊ ကြံ့နှစ်ကောင်တံဆိပ်(အနီ)တစ်အိတ်လျှင် ကျပ် ၅၅ဝဝ၊ ကြံ့နှစ် ကောင်(အစိမ်း)တစ်အိတ်လျှင် ကျပ် ၅၂ဝဝ နှင့် Alpha တံဆိပ်ဘိလပ် မြေတစ်အိတ်လျှင် ကျပ် ၅၇ဝဝ ထိ အသီးသီးရှိကြောင်း သိရသည်။

မကြာမီကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်များအားလုံး ပြန်လည်စတင်နိုင်မည်ဖြစ်သည့် အတွက်ကြောင့် အိမ်ဆောက်ပစ္စည်း ဈေးကွက်အတွင်း အရောင်းအဝယ်များ ပြန်လည်မြင့်တက်လာနိုင် ကြောင်း သုံးသပ်ကြသည်။

ဒေါ်ငွေဝင်းနှင့်သားများ အိမ် ဆောက်ပစ္စည်းရောင်းဝယ်ရေးမှ ကိုသန်းအောင်က ''သင်္ကြန်အပြီးဆို ရင်တော့ ဈေးကွက်ကဒီလိုပါပဲ။ အေးတတ်တဲ့သဘောရှိတယ်။ မကြာခင်တော့ ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း ပြန်စနိုင်မှာဖြစ်တာ ကြောင့် အရောင်းအဝယ်တွေက တော့ ပြန်လှုပ်လာနိုင်မယ်လို့တော့ မျှော်လင့်ပါတယ်''ဟု မေ ၇ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service