၂၀၁၆ ခုနှစ် ကမ္ဘာ့ဈေးဝယ်စင်တာတည်ဆောက်မှု၏ ထက်ဝက်က တရုတ်တွင် ဖြစ်

၂၀၁၆ ခုနှစ် ကမ္ဘာ့ဈေးဝယ်စင်တာတည်ဆောက်မှု၏ ထက်ဝက်က တရုတ်တွင် ဖြစ် - Property News in Myanmar from iMyanmarHouse.com
8 May 2017 11:06 am တွင် တင်ခဲ့သည်
651 ကြိမ် ကြည့်ရှု့ပြီး
ယမန်နှစ်က ကမ္ဘာတစ်ဝန်း ဈေးဝယ်စင်တာတည်ဆောက်ပြီးစီးမှုဆိုင်ရာ အတက်ကြွဆုံးဈေးကွက် ၁၀ ခုစာရင်း၌ ၎င်း၏ မြို့ကြီး ၇ မြို့
ပါဝင်မှုကြောင့် တရုတ်သည် ကမ္ဘာတွင် ဈေးဝယ်စင်တာ တည်ဆောက်ပြီးစီးမှုအများဆုံးနိုင်ငံအဖြစ် ထပ်မံရပ်တည်
ခဲ့ပြန်ပြီဖြစ်သည်။

၂၀၁၆ ခုနှစ်အတွင်း တရုတ်နိုင်ငံတစ်ဝန်း ဈေးဝယ်စင်တာဧရိယာ
၅ ဒသမ ၇၅ သန်း စတုရန်းမီတာကို တည်ဆောက်ပြီးစီးခဲ့သည်။ ထိုကာလအတွင်း ကမ္ဘာတစ်ဝန်းတွင်မူစတုရန်းမီတာ ၁၂ ဒသမ ၅
သန်း တည်ဆောက်ပြီးစီးခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်ရာတရုတ်နိုင်ငံတ၀န်း တည်ဆောက်ပြီးစီးခဲ့မှုသည် ကမ္ဘာတစ်ဝန်းစုစုပေါင်း၏ ထက်ဝက်
နီးပါးရှိသည်။ ကမ္ဘာတစ်ဝန်း ဈေးဝယ်စင်တာတည်ဆောက်မှုသည်
လည်း ၂၀၁၅ ခုနှစ်ကထက် ၂၀၁၆ ခုနှစ်တွင် ၁၁ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကမ္ဘာ့အိမ်ခြံမြေ၀န်ဆောင်မှုပံ့ပိုးရေးကုမ္ပဏီ CBRE က
မေ ၄ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

၂၀၁၆ အတွင်း တည်ဆောက်ပြီးစီးမှု ၁ ဒသမ ၁၁ သန်း စတုရန်းမီတာ ရှိခဲ့သည့် ရှန်ဟိုင်းက ထိုကမ္ဘာ့အတက်ကြွဆုံးဈေးကွက် ၁၀ ခု၌
ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။ ပေကျင်း၊ ချုံချင်း၊ ချိန်သူ၊ နန်ကျင်း၊
ရှန်းကျန်းနှင့် ထျန်ကျင်းတို့ကလည်း ယင်းဈေးကွက် ၁၀ ခုတွင်
ပါဝင်ခဲ့သည်။

၎င်းဈေးဝယ်စင်တာ တည်ဆောက်ပြီးစီးမှုဆိုင်ရာ ကမ္ဘာ့အတက်ကြွဆုံးဈေးကွက် ၁၀ ခုတွင် ထိုတရုတ်မြို့များပြီးလျှင် ကျန်ကမ္ဘာ့မြို့များမှာ မက္ကဆီကိုစီးတီး (မက္ကဆီကို)၊ မော်စကို (ရုရှား)
နှင့် မဲလ်ဘုန်း (သြစတြေးလျ) တို့ ဖြစ်ကြသည်။

တရုတ်တွင် ရှန်းကျန်းနှင့် ရှန်ဟိုင်းတို့က ဈေးဝယ်စင်တာတည်ဆောက်မှုအတွက် ကမ္ဘာ့စိတ်အ၀င်စားခံရဆုံးနေရာများဖြစ်သည်။

အသစ်ဆောက်လုပ်မှုနှင့် တိုးချဲ့မှုများအတွက်မူ ပေကျင်းနှင့်
ရှန်ဟိုင်းတို့က ထိပ်တန်းနေရာများအဖြစ် ဆက်လက်စိတ်ဝင်
စားခံနေရကြောင်း ထိုအစီရင်ခံစာတွင်CBRE China ၏ အရောင်းအ၀ယ်ဝန်ဆောင်မှုများနှင့် အကြံပေးမှုဆိုင်ရာ အကြီးအကဲ ရေဘက္ကာတစ်ဘော့က ပြောကြားခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်

နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ

ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...

သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...

အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...

ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝ...

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ

ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...

အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ

ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ

ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ

ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင

တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!

cherry-condo
mya-nandar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service